အသားတိုးဝက်စာများ

အသားတိုးဝက်မွေးမြူရေးလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များအနေဖြင့် ခြံပတ်ဝန်းကျင်အနေအထားကိုအထူးဂရုပြုရန်လိုအပ်ပါသည်။ အခြားတစ်ဖက်တွင်လည်း ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာစွာဖြင့် မွေးမြူထားသောတိရစ္ဆာန်များ၏ကျန်းမာရေးကောင်းမွန်မှုနှင့်ရြှင်သန်ရပ်တည်နိုင်မှုရရှိနိုင်စေရန်ကြိုးစားကြရပါသည်။ ကျွန်ုပ်တို့အနေဖြင့်ထိုကဲ့သို့သောအခြေအနေများကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကိုကောင်းစွာသိရှိနားလည်ပါသည်။ ဝက်ကြီးအခြေအနေတွင်ဝက်များသည်အစာစားနှုန်းမြင့်မားနိုင်ပြီး သင့်အတွက်လည်းကုန်ကျစရိတ်မြင်မားပါလိမ့်မည်။ ဝက်မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးချင်းစီ၏လိုအပ်ချက်များပေါ်မူတည်ပြီး ဝက်များ၏အာဟာရဆိုင်ရာလိုအပ်ချက်များကိုကျွန်ုပ်တို့အနေဖြင့်ကူညီဖြေရှင်းနိုင်ပါသည်။ အဆိုပါချဉ်းကပ်ကူညီမှုများမှတစ်ဆင့်ဝက်မွေးမြူရေးသမားများ၏ရည်မှန်းချက်များအောင်မြင်စေရန်ကျွန်ုပ်တို့ဒီဟက်(စ်)မြန်မာအနေဖြင့်ကူညီပံ့ပိုးပေးသွားမှာဖြစ်သည်။

အကောင်းဆုံးမွေးမြူရေးအစာနှင့်အဆင့်မြင့်ကူညီထောက်ပံ့မှုများပေါင်းစပ်ခြင်း

သင်၏အခက်အခဲများကိုကျွန်ုပ်တို့ကူညီပေးရန်လိုအပ်ပါသလား

အစာနှင့်ဝန်ဆောင်မှုများ

အသားတိုးဝက်များအတွက် အစာနှင့်ဝန်ဆောင်မှုများ

အသားတိုးဝက်မွေးမြူသူများအနေဖြင့် အကောင်းဆုံးအကျိုးရလဒ်များနှင့်အတူအကျိုးအမြတ်များများရရှိစေရန်ရည်မှန်းချက်ထားလေ့ရှိကြပါသည်။ ၎င်းရလဒ်များကိုရရှိစေရန်အတွက်မွေးမြူရေးအစာကအရေးကြီးသလို မွေးမြူရေးခြံအတွင်းအပြင် စီမံခန့်ခွဲမှုများနှင့်အတူမွေးမြူထားသောတိရစ္ဆာန်လေးများ၏ကျန်းမာရေးနှင့်ရှင်သန်ရပ်တည်နိုင်ရေးတို့မှာလည်း အထူးပင်အရေးပါလှသောအချက်များဖြစ်ပါသည်။

အဆိုပါအချက်များကိုဖြည့်ဆည်းပေးရန်အတွက် ကျွန်ုပ်တို့အနေဖြင့်ခြံအရောက်ဝန်ဆောင်မှုများ၊ အရည်အသွေးမြင့်အစာများနှင့်မွေးမြူရေးသမားတစ်ဦးချင်းစီ၏လိုအပ်ချက်နှင့်ကိုက်ညီစေမည့် အထူးထုတ်အစာများကိုပေါင်းစပ်ကာကြိုးစားလုပ်ဆောင်ပေးသွားမှာဖြစ်ပါသည်။ ဒါကြောင့်သင့်အနေနဲ့အကောင်းဆုံးသောအကျိုးရလဒ်များကိုရရှိခံစားရမှာအသေအချာပါပဲ။

အသားတိုးဝက်ငယ်စာ။

(၉)ပိဿာမှ (၁၅)ကီလိုမှ (၁၈)ပိဿာ (၃ဝ) ကီလိုအထိကျွေးပေးရန်။

- ဝက်ငယ်ကလေးများအတွက် လိုအပ်သောအာဟာရများ ညီညွတ်မျှတစွာပါဝင်သောကြောင့် အသားတိုးနှုန်းကိုပိုမိုမြန်စေပါသည်။ - အထူးပြုလုပ်ထားသောအာဟာရများကြောင့်လည်း အသားတိုးဝက်၏ ပေါင်နှင့်လက်တို့ကိုပိုမိုကြီးထွားစေပြီး အကောင်းဆုံးမိုးခိုသားများကိုရရှိစေပါသည်။ - ဗီတာမင်ဓာတ်များပိုမိုပါဝင်သောကြောင့် အသားတိုးဝက်ကို ပိုမိုကျန်းမာစေပြီး ခုခံအားမြင့်ကာ ပန်းရောင်ရှိသောအရေပြားကိုလည်းရရှိစေပါသည်။ - ဝက်ကယ်ကလေးများကြီးထွားဆဲကာလတွင် အရေးအကြီးဆုံးဖြစ်သော ခန္ဓာကိုယ်အရိုးငြမ်းဖွဲ့စည်းမှုကိုလည်းပိုမိုတောင့်တင်းခိုင်မာစေသည်။ - အစာမှအသားပြောင်းလဲနှုန်း (FCR) ကိုလည်းကောင်းမွန်စေသည်။ - 3835 ဝက်အငယ်စာကို ဝက်ငယ်အလေးချိန် (၉)ပိဿာမှ (၁၈)ပိဿာ (၁၅)ကီလိုမှ (၃ဝ) ကီလိုအထိကျွေးပေးရမည်။

အသားတိုးဝက်အလတ်စာ။

(၁၈) ပိဿာ (၃ဝ) ကီလိုမှ (၃၆) ပိဿာ (၆ဝ) ကီလိုအထိ ကျွေးပေးရန်။

- ဝက်လတ်အရွယ်တွင် အသားတိုးနှုန်း ပိုမိုကောင်းမွန်စေရန်နှင့် အစာမှ အသားပြောင်းလဲနှုန်း (FCR) ကောင်းမွန်စေရန်အာဟာရတန်ဖိုးများ ညီညွတ်မျှတစွာ ပါဝင်ပါသည်။ - ကုန်ကျစရိတ် နည်းပါးပြီးစီးပွားရေးအရလည်း တွက်ချေကိုက်စေရန် ဥရောပနည်းပညာဖြင့် စနစ်တကျထုတ်လုပ်ထားသည်။ - အာဟာရတန်ဖိုးများ ပြည့်ဝစွာပါဝင်သည့်အတွက် ရာသီဥတုဒဏ်နှင့်ရောဂါဒဏ်များကိုလည်းခံနိုင်ရည်ရှိစေပါသည်။ - 3845 ဝက်လတ်အစာကို ဝက်လတ်အလေးချိန် (၁၈) ပိဿာ (၃ဝ) ကီလိုမှ (၃၆) ပိဿာ (၆ဝ) ကီလိုအထိ ကျွေးပေးရမည်။

အသားတိုးဝက်အကြီးစာ။

ဝက်လတ်အလေးချိန် (၃၆) ပိဿာ မှ (၆ဝ) ပိဿာ (သို့) ရောင်းတန်းဝင်ချိန်အထိကျွေးပေးရမည်။

- အထူးပြုလုပ်ထားသောအာဟာရများပါဝင်သည့်အတွက် လျင်မြန်စွာကြီးထွားစေပြီး အဆီးနည်းပါး၍ အသားတက်နှုန်းပိုမိုကောင်းမွန်စေသည်။ - အစာမှန်အသားသို့ပြောင်းလဲနှုန်း ပိုမိုကောင်းမွန်သည့်အလျောက် ဝက်၏ခန္ဓာကိုယ်သည် ကျစ်လစ်သန်မာ၍ရောင်းတန်းဝင်ချိန်တွင်အလေးချိန်ပိုမိုရရှိစေသည်။ - အသားအရည်အသွေးကိုလည်း ပိုမိုကောင်းမွန်စေပါသည်။ - ကြီးထွားနှုန်းကောင်းမွန်စေသည့်အလျောက် ရောင်းတန်းဝင်ချိန်စေစေပြီး အကျိုးအမြတ်ပိုမိုရရှိစေပါသည်။

ပိုမိုသောဝက်မွေးမြူရေးအစာနှင့်ဝန်ဆောင်မှုများ

ဝက်အလတ်နှင့်အကြီးများအတွက်ကျွန်ုပ်တို့၏ထူးခြားသောဝန်ဆောင်မှုများ

ဝက်မွေးမြူရေးသမားတစ်ယောက်အနေဖြင့်ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျှော့ချရန်နှင့်အကျိုးအမြတ်ပိုမိုရရှိစေရန်အထူးအာရုံစိုက်ရပါလိမ့်မည်။ မွေးမြူရေးဆိုင်ရာနည်းစနစ်များကိုအကောင်းဆုံးအသုံးချနိုင်ခြင်းနှင့်အစာကုန်ကျစရိတ်ကိုလျှော့ချနိုင်ခြင်းသည်သင့်အတွက်ထုတ်လုပ်မှုကုန်ကျစရိတ်လျော့ကျနိုင်စေမည့်အဓိကအကြောင်းအရာပဲဖြစ်ပါသည်။
ထိုကဲ့သို့ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျှော့ချနိုင်စေရန်အတွက် သင့်အနေဖြင့်သင့်မွေးမြူရေးခြံအတွက်အကောင်းဆုံးနှင့်အသင့်တော်ဆုံးဖြစ်စေနိုင်မည့်အစာကိုမှန်ကန်စွာရွေးချယ်နိုင်ဖို့အရေးကြီးပါသည်။

ကျွန်ုပ်တို့၏အရည်အသွေးအကောင်းဆုံးအစာနှင့်ထူးခြားကောင်းမွန်သောဝန်ဆောင်များကိုပေါင်းစပ်လိုက်ခြင်းဖြင့် သင်လိုချင်သည့်ရည်မှန်းချက်များကိုအကောင်အထည်ဖော်ဆောင်နိုင်ပါလိမ့်မည်။ သင့်ခြံထဲကအသားတိုးဝက်များအတွက်အံဝင်ခွင်ကျဖြစ်စေမည့်ဝက်စာများနှင့်အတူအထူးဝန်ဆောင်မှုများကသင့်ကိုကူညီဖို့အတွက်အမြဲအဆင်သင့်ဖြစ်နေမှာပါ။

  • အဆင့်ဆင့်စိစစ်ရွေးချယ်ထားသောကုန်ကြမ်းများ
  • အရည်အသွေးအကောင်းဆုံးအသားတိုးဝက်စာ
  • ဝက်မွေးမြူရေးဆိုင်ရာ ပြိုင်ဖက်ကင်းဝန်ဆောင်မှုများ

ဝက်မွေးမြူရေးဆိုင်ရာသုတေသနများ

သင့်မွေးမြူရေးခြံတွင် အကောင်းဆုံးရလဒ်များရရှိစေရန်တွက် ကျွန်ုပ်တို့၏ခြံအရောက်ဝန်ဆောင်မှုနှင့် ဝက်မွေးမြူသူတစ်ဦးချင်းစီအတွက်ပြီးပြည့်စုံသောအစာကွင်းဆက်ပံ့ပိုးမှု
အတွက်ကျွန်ုပ်တို့၏ဝန်ဆောင်မှုများနှင့်အစာကျွေးခြင်းဆိုင်ရာဖြေရှင်းချက်များကို မြှင့်တင်ရန်နေ့စဉ်နေ့တိုင်းကြိုးစားပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့၏ကမ္ဘာတစ်ဝှမ်းအတွေ့အကြုံများကိုအသုံးချလျက် လက်တွေ့ကျ၍နေရာဒေသနှင့်ကိုက်ညီမည့်ဝက်မွေးမြူရေးဆိုင်ရာဖြေရှင်းနည်းများကိုမြန်မာ့ဝက်မွေးမြူရေးလုပ်ငန်းရှင်များအတွက်ပံ့ပိုးပေးလျက်လည်းရှိပါသည်။

ဒါ့အပြင်ဥရောပနှင့်အာရှမှ ကျွန်ုပ်တို့၏ကိုယ်ပိုင် "သုတေသနနှင့်ဖွံ့ဖြိုးမှုတိုးတက်မှု" အဆောက်အဦများတွင်လည်း မတူညီသောအခြေအနေအမျိုးမျိုးတွင် မျိုးစိတ်အမျိုမျိုးအတွက်အကျိုးရှိစေမည့် သုတေသနအစီအစဉ်များကိုလည်း မြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များအတွက် နေ့စဉ်နှင့်အမျှတိုးတက်အောင်လုပ်ဆောင်ကြိုးစားပေးလျက်ရှိနေပါသည်။

မွေးမြူထားသောတိရစ္ဆာန်များအတွက်ကျန်းမာရေး၊ အရွယ်ညီညာမှုနှင့်ထုတ်လုပ်မှုတိုးတက်စေဖို့ကသင့်အတွက်ရည်မှန်းချက်ပန်းတိုင်ဖြစ်သလို ကျွန်တော်တို့အတွက်အခြေခံကျတဲ့စတင်မှုလည်းပဲဖြစ်ပါသည်။