some concentrate feeds carrying by hands.

ရောစပ်စာများ

တိရစ္ဆာန်များ၏ကျန်းမာရေးနှင့်ကုန်ထုတ်လုပ်မှုတိုးတက်စေရန်ရည်ရွယ်ထုတ်လုပ်ထားပါသည်။

ဒီဟက်(စ်)၏ရောစပ်စာများ

ဒီဟက်(စ်) သည် ရာစုနှစ်တစ်ခုကျော်ကြာအောင် မွေးမြူရေးအစာများနှင့်မွေးမြူရေးအစာထုတ်လုပ်ရာတွင်အသုံးပြုသည့်ပါဝင်ပစ္စည်းများကိုထုတ်လုပ်ပေးနေခဲ့သည်မှာယနေ့ထိတိုင်ပင်ဖြစ်သည်။ ထုတ်လုပ်လိုက်သည့်အစာများသည်လည်း ကျွန်ုပ်တို့၏တိကျသောစံချိန်စံညွှန်းများအတိုင်းရရှိနိုင်စေရန်အတွက် ကိုယ်ပိုင်ဖော်မျူလာများဖြင့် ကိုယ်ပိုင်စက်ရုံများတွင်သာထုတ်လုပ်ခြင်းဖြစ်ပါသည်။ကမ္ဘာတစ်ဝှမ်းရှိမွေးမြူရေးလုပ်ငန်းရှင်များသည် ကျွန်ုပ်တို့၏ကျယ်ပြန့်သောအသိပညာနှင့်အတွေ့အကြုံများမှ အကျိုးကျေးဇူးရရှိခဲ့ပြီး၎င်းတို့နှင့်၎င်းတို့၏တိရစ္ဆာန်များကို သိသာထင်ရှားစွာခြားနားစေပါသည်။

သက်ဆိုင်ရာအပိုင်းကဏ္ဍအလိုက်ကျွမ်းကျင်မှုရှိသည့်ပညာရှင်များကိုသာရွေးချယ်ပြီးတာဝန်ပေးအပ်ထားလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ရောစပ်စာများသည် မွေးမြူရေးသမားတစ်ဦးချင်းစီ၏လိုအပ်ချက်များနှင့်ကိုက်ညီအောင်ဖော်စပ်ပေးထားပြီး မိမိ၏ခြံအနေအထား၊ မွေးမြူထားသောတိရစ္ဆာန်များ၏အခြေအနေပေါ်မူတည်ပြီး မိမိတို့ဒေသထွက် ပြောင်း၊ ဖွဲ၊ ဆန်ကွဲများနှင့်လွယ်ကူစွာရောစပ်ကျွေးမွေးနိုင်စေရန်အတွက် ရည်ရွယ်ထုတ်လုပ်ပေးထားခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့၏ရောစပ်စာများဖြင့်မတူကွဲပြားသောအတွေ့အကြုံများကိုရယူလိုက်ပါ။

ပြည်ပမှကုန်ကြမ်းတင်သွင်းမှုများကိုမပြုလုပ်ခင် ကျွန်ုပ်တို့အနေဖြင့်ပြည်တွင်းလုပ်ငန်းရှင် (မြန်မာ့စိုက်ပျိုးရေးသမားများ) ဖြင့်လည်းတိုင်ပင်ဆွေးနွေးကာအရည်အသွေးပြည့်မှီသောကုန်ကြမ်းအမျိုးအစားများကိုရရှိစေရန်ကြိုစားလုပ်ဆောင်လေ့ရှိပါသည်။ ထိုမှတစ်ဆင့်မိမိတို့၏ရေမြေဒေသနှင့်ကိုက်ညီသော အစာကုန်ကြမ်းများရရှိစေနိုင်ပြီးထိုအတွက်လ

အမျိုးမျိုးသောအစာအမျိုးအစားများ

တစ်နှစ်ပတ်လုံးတည်ရှိနေမည့် တသမတ်တည်းအရည်အသွေး

ကျွန်ုပ်တို့၏ရောစပ်စာများတွင် ဗီတာမင်များ၊ မိုက်ခရိုသတ္တုဓာတ်များ၊ မက်ခရိုသတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များ၊ ဖြည့်စွက်ပစ္စည်းများနှင့် သင့်ကိုယ်ပိုင်ကုန်ကြမ်းများနှင့် ရောစပ်ရလွယ်ကူသော ပရိုတင်းရင်းမြစ်များကဲ့သို့သော မရှိမဖြစ်လိုအပ်သောအာဟာရဓာတ်များ ပါဝင်သည်။
အဆိုပါ ပါဝင်မှုများကြောင့် တစ်နှစ်ပတ်လုံးတွင် အစာအရည်အသွေးကိုတသမတ်တည်းဖြစ်နေစေပါသည်။

Farmers around the world share their success

Discover how we provide our expertise in animal feed to farmers all over the world. Be inspired by their success stories.