ဒီဟက်(စ်)မွေးမြူရေးအစာများကိုသုံစွဲခဲ့ပြီးနောက် တည်ငြိမ်သောရလဒ်များနှင့်အတူအကျိုးအမြတ်များစွာကိုလည်းရရှိခဲ့ပါသည်။

16 စက် 2020

ပိုလန်နယ်စပ်အနီး Orlické တောင်တန်းများ၏တောင်ခြေတွင် Zamberk မြို့ကလေးအနီးတွင် Vemas a.s ကုမ္ပဏီတည်ရှိပါသည်။ ဝက်ပေါက်ငယ်ကလေးများမွေးမြူထုတ်လုပ်ရန်အတွက် မျိုးဝက်မအကောင် (၇၅ဝ) ခန့်ကိုမွေးမြူထိန်းသိမ်းထားလျက်လည်းရှိပါသည်။ တစ်နှစ်လျှင်ဝက်အကောင်ရည် (၁၆ဝဝဝ) ခန့်ကိုကျွေးမွေးပေးလျက်ရှိနေပြီး အခြားဝက်ကောင်ရေပေါင်း (၇ဝဝဝ) ကိုလည်း အသားတိုးဝက်မွေးမြူရန်အတွက်အခြားသောမွေးမြူရေးခြံများကိုထောက်ပံ့ပေးလျက်ရှိနေပါသည်။ ၂ဝ၁၂ ခုနှစ်ကတည်းက မစ္စ Jiřina Štěpánková သည် ဤခြံတွင် မွေးမြူရေးဆိုင်ရာ ဦးဆောင်သူဒါရိုက်တာအဖြစ်လုပ်ကိုင်ခဲ့လျက်ရှိပါသည်။

Jiřina Štěpánková
ချက်(ဇ်)ပြည်သူ့သမ္မတနိုင်ငံ

အပြည့်အဝယုံကြည်မှု

Vemas သည်နှစ်ပေါင်းများစွာတိုင်အောင် ဒီဟက်(စ်)၏ဖောက်သည်တစ်ဦးဖြစ်ခဲ့ပါသည်။
အစာပိုင်းမှာတော့ မျိုးဝက်မတွေအတွက်ကဲမွေးမြူရေးအစာတွေကိုဝယ်ယူခဲ့သူဖြစ်ပါတယ်။
ခြံရဲ့စီမံအုပ်ချုပ်သူတစ်ဦးဖြစ်လာခဲ့ပြီးနောက်မှာတော့ ဒီဟက်(စ်)ဟာကျွန်တော့်ရဲ့ယုံကြည်မှုနဲ့ထိုက်တန်အောင်စွမ်းဆောင်ရည်တွေပြသခဲ့တာကြောင့်အခုဆိုရင်တော့ ဝက်အမျိုးအစားအားလုံးအတွက်အစာတွေကို ဒီဟက်(စ်) အမှတ်တံဆိပ်တစ်ခုတည်းကိုသာရွေးချယ်ပြီးအသုံးပြုနေပါပြီ။

 

တည်ငြိမ်မှုရှိသောမွေးမြူရေးဆိုင်ရာရလဒ်များ။

ဒီဟက်(စ်)နဲ့လက်တွဲပြီးနောက်ပိုင်းမှာတော့ ပိုမိုကောင်းမွန်တဲ့အကျိုးရလဒ်တွေကိုဆက်တိုက်ရရှိခဲ့ပါတယ်။ ဒါဟာကျွန်မရဲ့ခြံအတွက်တိုးတက်မှုတွေဖြစ်သလိုတစ်ဖက်မှာလည်းကျွန်မအတွက်ဝင်ငွေတိုးပွားလာစေခဲ့ပါတယ်။ "ဒီဟက်(စ်) အမှတ်တံဆိပ်ကတစ်ကမ္ဘာလုံးမှာတွေ့ရှိနေရတဲ့အတွက်ကျွန်မကိုအထင်ကြီးစေပါတယ်။ အဲ့ဒီအထင်ကြီးမှုနဲ့ကိုက်ညီအောင်လည်း ဒီဟက်(စ်)ကဆရာဝန်တွေက တစ်ကမ္ဘာလုံးမှာရှိတဲ့သူတို့ရဲ့ မွေးမြူရေးပညာရှင်တွေနဲ့ချိတ်ဆက်ပြီးလုပ်ကိုင်နိုင်တာတွေ့ရလို့ကျွန်မကတော့ဒီဟက်(စ်)ကိုအကြွင်းမဲ့ယုံကြည်လိုက်ပါပြီ။"

Jiřina ရဲ့ခြံအားမြင်တွေ့ရစဉ်။

တစ်နှစ်လျှင် မျိုးဝက်မတစ်ကောင်မှ ဝက်ပေါက်ငယ် (၃၂) ကောင်ကိုမွေးမြူရရှိပါတယ်။

မွေးဝက်မွေးမြူခြင်းဟာဒီနှစ်တွေထဲမှာတော့ပိုမိုကြီးထွားလာခဲ့တာအားလုံးသိကြတဲ့အတိုင်းပါပဲ။ အဆိုပါအခြေအနေကြောင့်ပင် မျိုးဝက်မများအတွက်ကိုယ်ဝန်ဆောင်အစာနှင့်နို့်ပေးစာများဟာအလွန်အရေးကြီးလာခဲ့ပါတယ်။ "အခုလောလောဆယ်ကျွန်မအနေနဲ့ တစ်နှစ်လျှင်မျိုးဝက်မတစ်ကောင်မှသားခွဲဝက်ပေါက် (၃၂) ကောင်ရရှိနေတဲ့အတွက်တစ်ကယ့်ကိုစိတ်ကျေနပ်မိပါတယ်။ ဒါ့အပြင်ဒီဟက်(စ်)ကတိရစ္ဆာန်ဆေးကုဆရာဝန်တွေကလည်းဖုန်းဆက်လိုက်တာနဲ့အရောက်လာပြီးကူညီပေးနေတဲ့အတွက်ကျေးဇူးအထူးပင်တင်ရှိကြောင်းလည်းပြောကြားလိုပါတယ်။"

ကမ္ဘာအနှံ့ ဗဟုသုတများ မျှဝေခြင်း။

" ဒီဟက်(စ်)ကမွေးမြူရေးပညာရှင်တွေဟာ ကျွန်မရဲ့ခြံတစ်ခုတည်းကိုသာမကပဲ အခြားသောနိုင်ငံများ၏ခြံများကိုပါသွားရောက်လေ့လာနေတာက ကျွန်မအတွက်အားသာချက်တစ်ခုဖြစ်စေခဲ့ပါတယ်။ အခြားသောခြံများတွင်အသုံးပြုနေသည့်နည်းပညာများမှအတွေ့အကြုံများကိုကျွန်မရဲ့ခြံမှာပြန်လည်ဝေမျှပေးတဲ့အတွက်အရမ်းအဆင်ပြေသလိုကျွန်မအတွက်လည်းအဆုံးအရှုံးနည်းစေပြီးကုန်ကျစရိတ်ကိုပါသက်သာစေပါတယ်။ ကျွန်မခြံကရရှိလာတဲ့အချက်အလက်တွေနဲ့အခြားသောခြံကရလဒ်တွေကိုတိုက်ဆိုင်စစ်ဆေးပြီးလိုအပ်တဲ့အရာတွေကို ဒီဟက်(စ်)ဖက်ကကူညီပေးပါတယ်။ ကျွန်မကမျိုးဝက်တွေမွေးထားတဲ့အတွက်လည်း လိုအပ်တဲ့စက်ကရိယာတွေအသုံးပြုပြီး မျိုးဝက်တွေရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုအနေအထားနှင့်ပိန်လွန်းခြင်း (သို့မဟုတ်) ဝလွန်းခြင်းရှိမရှိကိုတွက်ချက်ပေးနေတာကြောင့် ကျွန်မအတွက်အကျိုးအမြတ်တွေကိုရရှိလာစေမယ့် လုပ်ဆောင်ချက်တွေလို့ဆိုရင်လည်းမမှားနိုင်ပါဘူး။ "

Jiřina ၏ထောက်ခံချက်များ။

ခေတ်မှအစာကျွေးနည်းစနစ်နှင့်အဆင့်မြင့်ခြံတည်ဆောက်မှု။

မျိုးဝက်မတွေမွေးမြူဖို့အတွက်ကျွန်မတို့အနေနဲ့မျိုးဝက်ခြံတစ်ခုကိုတည်ဆောက်ခဲ့တာမကြာသေးပါဘူး။ ဒီဟက်(စ်)ကဝက်မွေးမြူရေးအစာတစ်ခုတည်းတင်မဟုတ်ဘဲ မျိုးဝက်ခြံတည်ဆောက်ရာမှာပါလိုအပ်တဲ့ အကူအညီတွေကိုပေးအပ်ခဲ့ပါတယ်။ မြောက်များစွာသောအခြားကုမ္ပဏီတွေရဲ့ကမ်လှမ်းမှုတွေကိုလည်း ကျွန်မတို့ရရှိခဲ့ပါသေးတယ်။

ဒီဟက်(စ်)အနေနဲ့နယ်သာလန်နိုင်ငံမှာအသုံးများတဲ့ Nedap ဆိုတဲ့အမှတ်တံဆိပ်ကိုရွေးချယ်ပေးခဲ့ပြီး ၎င်းစနစ်ဟာ ကျွန်မရဲ့ မျိုးဝက်မအကောင် (၃ဝဝ) အတွက်အထူးသင့်တော်သောရွေးချယ်မှုတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ အားသာချက်တွေအနေနဲ့ကတော့ မျိုးဝက်တွေအများကြီးတစ်ခါတည်းစုပေါင်းမွေးမြူတဲ့စနစ်ဖြစ်တဲ့အတွက်ဝက်တွေဟာကြောက်လန့်ခြင်းမရှိဘဲ ပုံမှန်အတိုင်းလှုပ်ရှားသွားလာနိုင်ပါတယ်။ အခြားတစ်ချက်အနေနဲ့ကတော့ နည်းပညာချစ်ပ်စ်တွေကိုအသုံးပြုပြီး မျိုးဝက်တွေရဲ့အစာလိုအပ်ချက်အားတွက်ချက်ကာအစာပမာဏအတိအကျကျွေးပေးနိုင်စေတဲ့စနစ်ဖြစ်ပါတယ်။ အဲ့ဒီအချက်တွေကြောင့် မွေးမြူလာတဲ့ဝက်ငယ်ကောင်ရေပမာဏများပြားပြီး ကျွန်မအတွက်တစ်ကယ့်ကိုအကျိုးကျေးဇူးဖြစ်ထွန်းစေခဲ့ပါတယ်။

ဒီဟက်(စ်)ကကျွန်မကိုစိတ်ကျေနပ်မှုပေးပါတယ်။

ဒီဟက်(စ်)နဲ့အတူနှစ်ပေါင်းများစွာလက်တွဲသွားနိုင်မယ်လို့ယုံကြည်ထားပါတယ်။ သူတို့ကိုအကြိုက်ဆုံးအချက်ကတော့ လွယ်လွယ်ကူကူဆက်သွယ်နိုင်ပြီးချက်ချင်းကူညီဆောင်ရွက်ပေးတာပဲဖြစ်ပါတယ်။ ဒါကြောင့်ကျွန်မအနေနဲ့ဒီဟက်(စ်)ကိုပဲဆက်လက်ယုံကြည်လက်တွဲနေဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ: