Poromoting Inclusive Growth through Swine

Myanmar Pigs Project (MMPIGS)

Myanmar PIGS Project

Myanmar PIGS Project အားမိတ်ဆက်ခြင်း။

Myanmar PIGS Project ကို De Heus Myanmar မှစတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ UKAID နှင့် DANA Facility တို့မှအဓိကပါဝင်ကူညီအားဖြည့်ပေးသွားမည်ဖြစ်သည်။ ယခုစီမံကိန်းကိုမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် Topigs Norsvin တို့အတူပူးပေါင်းအကောင်အထည်ဖော်သွားမည်ဖြစ်ပါသည်။
ယခုစီမံကိန်းကိုကယားပြည်နယ် (လွိုင်ကော်) မှစတင်ပြီး မြန်မာနိုင်ငံရှိတစ်နိုင်တစ်ပိုင်မွေးမြူရေးသမားများ၏ဝက်မွေးမြူရေးစနစ်တိုးတက်လာစေရန်ရည်ရွယ်ပါသည်။ စီမံကိန်း၏အဓိကရည်ရွယ်ချက်မှာ မွေးမြူရေးသမားများလိုအပ်နေသောမျိုးကောင်းမျိုးသန့်ရရှိနိုင်စေရန်နှင့်မွေးမြူရေးအသိပညာများရရှိနိုင်စေရန်၊ ပိုမိုကောင်းမွန်သောဝင်ငွေရရှိစေနိုင်ပြီး တစ်နိုင်တစ်ပိုင်မွေးမြူရေးသမားများ၏အနာဂတ်ပိုမိုတောက်ပစေရန်အတွက်ထောက်ပံ့ပေးရန်ရည်ရွယ်ပါသည်။

 

Myanmar PIGS Project ဆိုသည်မှာ...


ကနေဒါနိုင်ငံ (သို့မဟုတ်) ပြင်သစ်နိုင်ငံတို့မှ မျိုးဝက်မ (၂၅ဝ) ကိုတင်သွင်းမွေးမြူသွားမှာဖြစ်ပြီး မျိုးဝက်ခြံ (Grandparent Pig Farm) တစ်ခုကိုဇီဝလုံခြုံရေးမြင့်မားသောနေရာဒေသတစ်ခုဖြစ်သည့်ကယားပြည်နယ်လွိုင်ကော်မြို့တွင်စတင်တည်ဆောက်သွားမည်ဖြစ်ပါသည်။ အကောင်းဆုံးအရည်အသွေးရှိသောမျိုးဝက်မများရရှိနိုင်စေရန် Topigs Norsvin နှင့်ပူးပေါင်းပြီးဝက်မျိုးခြံဆိုင်ရာအကောင်းဆုံးသောစီမံခန့်ခွဲမှုနှင့်အစာကျွေးစနစ်တို့ဖြင့်မွေးမြူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိတစ်နိုင်တစ်ပိုင်ဝက်မွေးမြူရေးသမားများနှင့်ပူးပေါင်းပြီးဝက်မွေးမြူရေးသရုပ်ပြခြံ (၁ဝ) ခြံကိုလည်းတည်ဆောက်အကောင်အထည်ဖော်သွားမည်ဖြစ်ပါသည်။ အထူးလေ့ကျင့်သင်ကြားပေးထားသောအရည်အသွေးပြည့်ဝသည့် တိရစ္ဆာန်ဆေးကုဆရာဝန်များက တစ်နိုင်တစ်ပိုင်ဝက်မွေးမြူသူဦးရေ (၁ဝဝဝဝ) ကိုမွေးမြူရေးနည်းပညာနှင့်အတွေ့အကြုံများလက်ဆင့်ကမ်းသင်ကြားပေးသွားမည်ဖြစ်ပါသည်။

ဝက်မွေးမြူရေးနည်းစနစ်များကိုမျှဝေသင်ကြားပေးသွားမည်ဖြစ်သည့်အတွက်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအတွက်လည်းအင်အားတစ်ရပ်ဖြစ်စေပါသည်။

 

 

ရရှိလာမည့်အကျိုးကျေးဇူးများ...


ယခုစီမံကိန်းမှ ရရှိလာမည့်အကျိုးအမြတ် (၉၅) ရာခိုင်နှုန်းကိုတစ်နိုင်တစ်ပိုင်မွေးမြူရေးသမားများမှရရှိသွားမည်ဖြစ်ပါသည်။

ဝက်မွေးမြူရေးလုပ်ငန်း၏ (၉ဝ) ရာခိုင်နှုန်းကျော်ကိုကျေးလက်ဒေသနေတစ်နိုင်တစ်ပိုင်မွေးမြူရေးသမားများမှမွေးမြူလုပ်ကိုင်လျက်ရှိသောကြောင့်ထိုကျေးလက်ဒေသများတွင်နေထိုင်သူအယောက် (၁ဝဝဝဝ) အတွက်ရည်ရွယ်ပြီးဆောင်ရွက်ခြင်းလဲဖြစ်ပါသည်။

မျိုးဝက်မတစ်ကောင်မှတစ်နှစ်လျှင် ဝက်သားပေါက် (၂၅) ကောင်ခန့်ရရှိနိုင်သောကြောင့်ဝက်သားပေါက်များဝယ်ယူပြီးအသားတိုးမွေးမြူခြင်းထက် အကျိုးအမြတ်ပိုမိုရရှိစေနိုင်ပါသည်။

တစ်နိုင်တစ်ပိုင်ဝက်မွေးမြူသူဦးရေ (၁ဝဝဝဝ) ကိုလေ့ကျင့်သင်ကြားပေးသွားမှာဖြစ်သောကြောင့်ထိုသူများကိုသာမကထိုသူများ၏မိသားစုဝင်များကိုပါ အကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်မှာဖြစ်ပြီး လူဦးရေပေါင်း (၅ဝဝဝဝ) ကျော်ကိုလည်းဝင်ငွေတိုးစေမှာဖြစ်ပါသည်။