ငါးငယ်များ
အစကောင်းမှအနှောင်းသေချာ
ငါးသန်များကို (ကန်) သို့မဟုတ် (လှောင်အိမ်) ထဲသို့ ပြောင်းရွှေ့ခြင်း။
မိမိဝယ်ယူသော ငါးအရေအတွက် မှန်ကန်ကြောင်း မည်သို့သိနိုင်သနည်း။
သင့်တော်သော ငါးထည့်သွင်းနှုန်းကို မည်သို့သတ်မှတ်မလဲ။
မကြာခဏမေးလေ့ရှိသောမေးခွန်းများ။
ငါးငယ်အဆင့်တွင်အမေးများသောမေးခွန်းများ။
အစာဦးကျွေးသည့်အဆင့်တွင် ငါးအမျိုးအစားအလိုက် လိုအပ်သော ပရိုတင်း (Protein) နှင့် အဆီဓာတ် မြင့်မားစွာပါဝင်သည့် အစာများကို အသုံးပြုသင့်ပါသည်။ ငါးနှင့်ကိုက်ညီမည့် အစာအရွယ်အစား (ခွဲကြမ်းဖတ် သို့မဟုတ် အလုံးသေး) နှင့် အမျိုးအစား (ရေပေါ်စာ သို့မဟုတ် ရေမြုပ်စာ) ကို မှန်ကန်စွာ ရွေးချယ်ပါ။ ငါးများ စားချင်စဖွယ်ဖြစ်ပြီး အစာလေလွင့်မှုနည်းကာ အမြန်ကြီးထွားစေမည့် အစာများကို ရွေးချယ်ပါ။
ကျွန်ုပ်တို့၏ငါးအငယ်စာများကိုပိုမိုလေ့လာလိုပါသလား။
ငါးလေးများသည် အစာအိမ်သေးသဖြင့် အစာကို ခဏခဏ ကျွေးပေးရပါမည်။ အစာခြေဖျက်ပြီးသည်နှင့် ၎င်းတို့ ထပ်မံစားနိုင်ပါသည်။ ငါးကြီးလာသည်နှင့်အမျှ အစာကျွေးရမည့် အကြိမ်ရေကို လျှော့ချပေးရပါမည်။ စတင်မွေးမြူချိန်တွင် တစ်နေ့လျှင် ၅ ကြိမ်မှ ၆ ကြိမ်အထိ ကျွေးနိုင်ပြီး ဤအဆင့်ကုန်ဆုံးခါနီးတွင် ၃ ကြိမ်အထိ လျှော့ချနိုင်ပါသည်။ သင့်ငါးများ၏ အခြေအနေကို အမြဲကြည့်ရှုပြီး အစာပမာဏကို ချိန်ညှိပါ။
လမ်းညွှန်အဖြစ် အစာကျွေးနှုန်းဇယားများကိုအသုံးပြုပါ။ရေသန့်ရှင်းနေသရွေ့ ငါးများသည် ကျန်းမာသန်စွမ်းပြီး အမြန်ကြီးထွားမည်ဖြစ်သည်။ အောက်ဆီဂျင်၊ အမိုးနီးယားနှင့် ရေအပူချိန်တို့သည် ငါးများ၏ ကျန်းမာရေးနှင့် အစာစားနှုန်းကို တိုက်ရိုက်သက်ရောက်မှု ရှိပါသည်။ ပတ်ဝန်းကျင် အခြေအနေနှင့် အစာကျွေးသည့် ပုံစံကြောင့် ဤအချက်များ ပြောင်းလဲနိုင်သဖြင့် သင့်ငါးများအတွက် အကောင်းဆုံး အခြေအနေရရှိစေရန် ရေအရည်အသွေးကို ပုံမှန်တိုင်းတာ စစ်ဆေးရပါမည်။
ရေအရည်အသွေးစစ်ဆေးမှုပြုလုပ်ရန်ဇယားကွက်အရွယ်တူညီသော ငါးများကို စုပေါင်း၍ စတင်မွေးမြူပါ။ အချို့ငါးများက ပို၍အမြန်ကြီးထွားလာပါက အစာကို ပိုစားကြပြီး အခြားငါးအသေးများကို ပြန်စားတတ်ပါသည်။ ငါးအရွယ်အစား ညီညာနေမှသာ ငါးအားလုံး အစာလုံလောက်စွာရရှိပြီး အချင်းချင်း ပြန်စားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။ ငါးများ အရွယ်တူညီစွာ ကြီးထွားလာပါက အစာကျွေးခြင်း၊ ကြီးထွားမှုကို စောင့်ကြည့်ခြင်းနှင့် ဖမ်းဆီးရောင်းချခြင်းတို့ကို စီမံခန့်ခွဲရ ပိုမိုလွယ်ကူစေပါသည်။
ဗွီဒီယိုဖြင့်အသေးစိတ်ကြည့်ရှုနိုင်ပါသည်။ငါးမွေးမြူရေးအစာများ
သင့်ကန်ထဲကငါးတွေအတွက် အသင့်တော်ဆုံးသောဒီဟတ်(စ်)ငါးစာများ
ကျွန်ုပ်တို့၏ငါးမွေးမြူရေးပညာရှင်များနှင့်ဆွေးနွေးတိုင်ပင်လိုက်ပါ။
ငါးများ၏အရည်အသွေးနှင့်ကြီးထွားမှုကို အကောင်းဆုံးဖြစ်စေရန် အကူအညီများလိုအပ်ပါသလား ငါးမွေးမြူရေးအဆင့်တိုင်းမှာ သင့်ကိုကူညီဖို့ကျွန်တော်တို့ရဲ့ပညာရှင်များက ကူညီဖို့အဆင်သင့်ရှိနေပါတယ်။
Myo Tun
Sr. Aqua Technician