ကျွန်တော့်ခြံမှာတော့ ဝက်ပေါက်များကိုအရည်အသွေးပြည့်ဝသောဝက်ကလေးများအဖြစ် သားခွဲကောင်ရေ (၁၁.၇) ကောင်မှ (၁၄) ကောင်အထိရရှိခဲ့ပါပြီ။

16 စက် 2020

Mr. Nguyen Van Hic သည် Vietnam နိုင်ငံ Hai Duong Province မှ De Heus Vietnam ၏ ပြန်လည်ဖြန့်ဖြူးသူ ဖြစ်ပါသည်။ သူဟာထက်မြတ်သောသူတစ်ယောက်ဖြစ်ပြီး သူရဲ့အဓိကရည်မှန်းချက်မှာ ကိုယ်ပိုင်ခြံပိုင်ဆိုင်နိုင်ရေးဖြစ်ပါသည်။ ထို့ကြောင့်သူသည် မွေးမြူနေသောပညာများနှင့် စီးပွားရေးစီမံခန့်ခွဲမှုပညာရပ်မျာကိုလေ့လာခဲ့ပါသည်။ မွေးမြူရေးနယ်ပယ်သည် သူ့အတွက်နယ်ပယ်အသစ်ဖြစ်သောကြောင့် ထိုကဲ့သောအခြေခံအချက်များကို လေ့လာထားခြင်းက ခြံတွင်သူ၏ရည်မှန်းချက်ရလဒ်များ ရရှိစေရန်ကူညီပေးပါသည်။

Nguyen Van Hoc
ဗီယက်နမ်

ပထမဆုံး ဝက်မွေးမြူရေးစခါစ အချိန် ပထမအသုတ်မှာ သူ့ခြံရှိ ဝက်မတစ်ကောင်၏သားခွဲနိုင်သော အကောင်မှာ ၁၁.၇ ကောင်ပဲရှိခဲ့ပါသည်။ ဒါပေမယ့် သူဟာ ဒုတိယ အသုတ်တွင် သားခွဲကောင်ရေ ၁၂.၇ ကောင်နှင့် နောက်အသုတ်များတွင် ၁၄ ကောင်ကျော် အထိ ရရှိရန် မျှော်လင့်ခဲ့ပါသည်။ ဒါပေမယ့် မျှော်လင့်သလို ဖြစ်လာအောင် လုပ်ဖို့ကတော့ သူ့အတွက် မလွယ်ကူလှပါဘူး။ ၂၀၁၇ တွင် Mr. Hoc မှာ သူ့ရဲ့အိမ်မက်ဖြစ်တဲ့ ခြံဆောက်ရန်အတွက် မြေဝယ်ရန် ငွေကြေးအလုံအလောက်ရှိခဲ့ပါ​ပြီ။ ဒါပေမယ့် ထိုအချိန်ဟာ ဝက်စျေးကွက်ပျက်ပြီး ဝက်စျေးကျနေချိန် ဖြစ်နေပြန်ပါတယ်။ဒါပေမယ့် Mr Hoc ကတော့ နောက်မဆုတ်ပဲ လုပ်စရာရှိတာကိုပဲ ရှေ့ဆက်လုပ်နေခဲ့ပါတယ်။ ထိုအချိန်က အကြောင်းတွေကို ပြန်မေးလိုက်တိုင်း Mr Hoc ဖြေတာကတော့ "အဲ့အချိန်တုန်းက De Heus သာ ကျွန်တော့်ကို ကူညီမပေးခဲ့ဘူးဆ်ိုရင် အခုလို ကျွန်တော့ရဲ့ ခြံလုပ်ငန်းဆိုတဲ့ ကျွန်တော့်ရဲ့အိမ်မက်တွေကိုလဲ အကောင်ထည် ဖော်နိုင်ခဲ့မှာ မဟုတ်ပါဘူး" လို့ပဲ အမြဲဖြေလေ့ရှိပါတယ်။

 

မိသားစုစိတ်ဓာတ်နှင့်ကျွမ်းကျင်ပညာရှင်များ၏ဝန်ဆောင်မှု။

 

De Heus နဲ့ လက်တွဲ ဖြစ်တဲ့အကြောင်းနဲ့ ပက်သတ်လို့လဲ Mr Hoc ဟာ ၂၉-၆-၂၀၀၉ မှာ ပထမဆုံး ပစ္စည်းပို့ခဲ့တဲ့အချိန်ကို အမြဲမှတ်မိနေပါတယ်။ ဒါနဲ့ ကျွန်တော်တို့လဲ ဘာ့ကြောင့် အဲ့လိုမှတ်မိနေတာလဲဟု စပ်စုခဲ့ကြတဲ့အခါ Mr Hoc က "၂၀၀၉ မှာတုန်းက De Heus ဟာ လုံးဝ အစပဲ ရှိပါသေးတယ်။ဒါပေမယ့် De Heus ရဲ့ ကုန်ပစ္စည်းအရည်အသွေးနဲ့ပတ်သက်ပြီး ကျွန်တော့်ပတ်ဝန်းကျင်ကနေ ကျွန်တော် အများကြီး ကြားခဲ့ရပြီးဖြစ်ပါတယ်။ ထိုအရာတွေက De Heus ကို သုံးဖို့ ကျွန်တော့်ကိုလှုံ့ဆော်ပေးခဲ့သောကြောင့် ကျွန်တော်ဟာ ချက်ခြင်းပဲ De Heus ကိုပြောင်းသုံးခဲ့ပါတယ်။ အကယ်၍သာ De Heus ကသာ အရည်အသွေးမကောင်းခဲ့ရင် ၊ အမှန်တကယ် ရလဒ်တွေကိုသာ မထုတ်လုပ်ခဲ့ဘူးဆိုရင် ကျွန်တော် De Heus နဲ့ ရေ ရှည် လက်တွဲ ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော့်အနေ နဲ့ De Heus ရဲ့  မိသားစု စိတ်ဓာတ်နဲ့ ကျွမ်းကျင်အတက်ပညာရှင်တွေရဲ့ဝန်ဆောင်မှုတွေကို အမြဲ အထင်ကြီးလေးစားမိပါတယ်လို့" Mr Hoc က ဖြေခဲ့ပါတယ်။

အိပ်မက်တွေကိုကျွန်တော်အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။

(၁ဝ) နှစ်တာခရီးလမ်း။

သူ့ရဲ့ အတိတ်အကြောင်းတွေကို မေးခဲ့တဲ့အခါမှာ သူ့ရဲ့ ၁၀ နှစ်တာဖြတ်သန်းခဲ့တဲ့ ခရီးကို စကားလုံးတွေနဲ့ ဖြေဖို့အတွက် ခက်ခဲသောကြောင့် သူဟာဖြေဖို့ ဝန်လေးနေခဲ့ပါတယ်။ ဒါပေမယ့် De Heus အကြီးအကဲတွေ ရဲ့ ကူညီပေးမှုတွေအကြောင်းကို ပြောတဲ့အခါမှာတော့ သူ့ရဲ့ မျက်လုံးတွေဟာ အမြဲတောက်ပနေခဲ့ပါတယ်။ နောက်ပြီးသူဟာ ယခုလိုရှင်းပြခဲ့ပါတယ် " သူဟာ ပထမဆုံးမှာ မျိုးဝက်မ အကောင် ၅၀ နှင့် အသားတိုးအကောင် ၅၀၀ သာ မွေးဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်သူဟာ ကံကောင်းစွာနဲ့ Mr Nguyen Quang Hieu (Deputy General Director if De Heus in the North) ရဲ့ အကြံပေးမှုကို ရ ရှိခဲ့ပါတယ်။ Mr Nguyen Quang Hieu က ခြံသေး (small scale) နှင့် ခြံကြီး ( large scale)တို့ရဲ့ ယှဥ်ပြိုင်နိုင်မှုတွေ၊ အခက်အခဲကြားမှာ ရှင်သန်ရပ်တည်နိုင်မှုတွေကို ထောက်ပြ ပေးခဲ့ပါတယ်။ Mr Hieu နဲ့ အားပေးတိုက်တွန်းမှုတွေကြောင့် Mr Hoc က မျိုးဝက်မအကောင် ၂၀၀ ခြံကို ဆောက်ဖြစ်ခဲ့ပြီး အရမ်းတက်ကြွပြီး စိတ်အားထက်သန်သောပညာရှင်အဖွဲ့၏ အနီးကပ် ကူညီပေးမှုတွေကိုလဲ ရ ရှိခဲ့ပါတယ်။

 

အစာကွင်းဆက်ပံ့ပိုးမှုများနှင့်အတူတောက်ပသောအနာဂတ်။

 

သူ့ရဲ့ အနာဂတ် အစီအစဉ်တွေနဲ့ ပတ်သတ်ပြီး Mr Hoc ဟာ ရွှင်ပြစွာ ဆွေးနွေးနေခဲ့တယ်။ သူသည် De Heus နှင့်အတူ မြောက်ပိုင်းရှိ သန့်ရှင်းသောဝက်သားကွင်းဆက်၏တစ်စိတ်တစ်ပိုင်းဖြစ်လိုပြီး လယ်သမားနှင့် သားသတ် ကုမ္ပဏီများပူးပေါင်းပြီး ပြည်ပသို့တင်ပို့ရန်အတွက် အရည်အသွေးမြင့်ဝက်သားထုတ်ကုန်များထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း ဆွေးနွေးခဲ့ပါသည်။ တန်ဖိုး​မြှင့်တင်ခြင်းကွင်းဆက်၌ ပါဝင်ခြင်းသည် လယ်သမားများနှင့် ဖောက်သည်များအတွက် အကျိုးကျေးဇူးများစွာ ဆောင်ကြဉ်းပေးမည်ဟု ယုံကြည်ထားပါသည်။ သူကဲ့သို့သော မွေးမြူရေးခြံပိုင်ရှင်တစ်ဦးအတွက်၊ တန်ဖိုးမြှင့်တင်ခြင်းကွင်းဆက်လုပ်ငန်းသည် မွေးမြူရေးထုတ်လုပ်မှုတွင် မသေချာမရေရာမှုများနှင့် တည်ငြိမ်မှုမရှိခြင်းကို ဖယ်ရှားပြီး ၎င်း၏ထုတ်ကုန်အရည်အသွေးကို ဖောက်သည်များအား သက်သေပြနိုင်မည်ဖြစ်သည်။  ခရိုင်နှင့် ဗဟိုအဆင့်တွင် သူ၏မွေးမြူရေးခြံ အတွက် VietGAP လက်မှတ်ရရှိအောင်ဆောင်ရွက်ခြင်းဖြင့် နောက်တဆင့်အတွက် ပြင်ဆင်နေပါသည်။  ကွင်းဆက်တွင်ပါဝင်ရန်အဆင်သင့်ဖြစ်သောအခါတွင် လယ်ယာလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုစီကို ဂရုတစိုက်မှတ်သားထားပြီး ဒေတာစီမံခန့်ခွဲမှု၏ရည်ရွယ်ချက်အတွက် စီမံထားသည်။


ဆက်စပ်အကြောင်းအရာများ: