

ကျွန်ုပ်တို့၏ချဥ်းကပ်မှု
တာဝန်ခံမှုအပြည့်ရှိသောအစာထောက်ပံ့ခြင်း။

Kyi Thar Win
Sustainability Specialist
ဒီဟတ်(စ်)၏ Sustainability လုပ်ငန်းစဉ်များအကြောင်းကိုပိုမိုသိရှိလိုပါသလား
E-Mail ပို့ပြီးဆက်သွယ်နိုင်ပါသည်။
ကျွန်ုပ်တို့၏ချဥ်းကပ်မှု
ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ကမ္ဘာ့လူဦးရေ တိုးပွားလာမှုအတွက် စိတ်ချရပြီး ဈေးနှုန်းချိုသာကာ အာဟာရပြည့်ဝသည့် ဂေဟစနစ်နှင့် လျော်ညီသော အစားအစာများ ထုတ်လုပ်ရေးတွင် ပံ့ပိုးကူညီရန်ဖြစ်သည်။ ကျွန်ုပ်တို့က ယင်းကို 'အနာဂတ်မျိုးဆက်သစ်များအား အာဟာရပြည့်ဝစွာ ကျွေးမွေးခြင်း' ဟု ခေါ်ဆိုပါသည်။ 'တာဝန်ယူမှုရှိသော အစာကျွေးမွေးရေး (Responsible Feeding)' အစီအစဉ်မှာ ဤရည်မှန်းချက်အောင်မြင်ရန် ကျွန်ုပ်တို့ ဖော်ဆောင်ထားသော လုပ်ငန်းစဉ်ဖြစ်ပါသည်။ 'တာဝန်ယူမှုရှိသော အစာကျွေးမွေးရေး' ဖြင့် ကျွန်ုပ်တို့သည် အစားအစာ ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံးတွင် အပြုသဘောဆောင်သော ပြောင်းလဲမှုများနှင့် အဆက်မပြတ် တိုးတက်မှုများ ရရှိစေရန် ရည်ရွယ်ပါသည်။
ရေရှည်တည်တံ့မှုရှိသော အနာဂတ်အတွက်အဓိကအချက်ကြီးလေးရပ်
De Heus ၏ 'တာဝန်ယူမှုရှိသော အစာကျွေးမွေးရေး အစီအစဉ်' ကို အပြန်အလှန်ဆက်စပ်နေသော အခြေခံအုတ်မြစ်လေးရပ်ပေါ် တည်မှီထားပါသည်။ အဆိုပါအုတ်မြစ်တစ်ခုစီသည် ကြံ့ခိုင်ပြီး ရေရှည်တည်တံ့သော အစားအစာစနစ်အား ပံ့ပိုးပေးသည့် အဓိကအချက်များကို အာရုံစိုက်ထားပါသည်။ ဤအုတ်မြစ်များသည် တိရစ္ဆာန်အာဟာရနှင့် အစားအစာထုတ်လုပ်မှုဆိုင်ရာ အရေးကြီးဆုံးစိန်ခေါ်မှုများကို ကြိုးပမ်းလျက် 'အနာဂတ်မျိုးဆက်သစ်များအား အာဟာရပြည့်ဝစွာ ကျွေးမွေးခြင်း' ဆိုသည့် ကျွန်ုပ်တို့၏ ရည်မှန်းချက်ကို ခိုင်မာစေပါသည်။

အနာဂတ်မျိုးဆက်တွေကို ဘယ်လိုပြုစုပျိုးထောင်မလဲ
တာဝန်ခံမှုရှိသောအစာများဖန်တီးခြင်းအစီအစဉ်။
-
1 အစားအစာဖူလုံရေးအတွက် တိရစ္ဆာန်အစာထုတ်လုပ်ခြင်း
အာဟာရပြည့်ဝသော တိရစ္ဆာန်အသားဓာတ်များ ထုတ်လုပ်မှုကို မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ပိုမိုသိရှိလိုပါသလား -
3 လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ရေး။
ကျွန်ုပ်တို့သည် လယ်သမားများ၊ ဒေသခံများနှင့် ၄င်းတို့၏စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုကာ ဒေသဖွံ့ဖြိုးရေး စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးပါသည်။ပိုမိုသိရှိလိုပါသလား

-
2 ဂေဟစနစ်နှင့်လျော်ညီသော ထုတ်လုပ်ဖြန့်ဖြူးရေးကွင်းဆက်။
ကျွန်ုပ်တို့သည် ဖောက်သည်များ၊ ကွင်းဆက်မိတ်ဖက်များနှင့် ပူးပေါင်းကာ ကုန်ကြမ်းမှသည် အစားအစာဖြစ်လာသည်အထိ ရေရှည်တည်တံ့သော ထောက်ပံ့ရေးကွင်းဆက် တည်ဆောက်ရန် လုပ်ဆောင်လျက်ရှိပါသည်။ပိုမိုသိရှိလိုပါသလား -
4 ၀န်ထမ်းများ၏ ဖွံ့ဖြိုးတိုးတက်ရေး
ကျွန်ုပ်တို့သည် ဘေးကင်းလုံခြုံပြီး စိတ်အားထက်သန်စရာကောင်းသော အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးပေးကာ၊ ဝန်ထမ်းများ၏ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလုပ်ဆောင်မှုများ ပြုလုပ်နိုင်ရန်ပိုမိုသိရှိလိုပါသလား