ဝန်ဆောင်မှုများနှင့် အကြံဉာဏ်များ

တိရစ္ဆာန်အစာအာဟာရပိုင်းဆိုတာထက်ကိုပိုမိုပါသည်။

ကျယ်ပြန့်သောဝန်ဆောင်မှုများ

ကျွန်ုပ်တို့သည် ပြည့်ဝစုံလင်သောတိရစ္ဆာန်အစာအာဟာရထောက်ပံ့သူဖြစ်ပြီး ကျွန်ုပ်တို့၏ဖောက်သည်များအားတိရစ္ဆာန်ကျန်းမာရေးနှင့်အကောင်းဆုံးစွမ်းဆောင်ရည်ကိုသေချာစေမည့်အာဟာရဗေဒဆိုင်ရာအယူအဆများကိုပံ့ပိုးပေးနိုင်ပါသည်။ ထို့အပြင်၊ ကျွန်ုပ်တို့သည် မြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များအား၎င်းတို့၏ လုပ်ငန်းတိုးတက်စေရန် လိုအပ်သောဝန်ဆောင်မှုများနှင့်အကြံဉာဏ်များကိုလည်းပေးအပ်လျက်ရှိပါသည်။

ကျွန်တော်တို့၏ကျွမ်းကျင်ပညာရှင်များအား မွေးမြူရေးဆိုင်ရာအမျိုးမျိုးသောပညာရှင်များကထောက်ပံ့ပေးထားတာကြောင့် အရည်အချင်းပြည့်ဝပြီးမြန်မာ့မွေးမြူရေးသမားများကိုများစွာကူညီနိုင်ပါတယ်။မွေးမြူထားသည့်တိရစ္ဆာန်တစ်မျိုးချင်းအလိုက် ကျွမ်းကျင်သောတိရစ္ဆာန်ဆေးကုဆရာဝန်များခန့်အပ်ထားပြီး မွေးမြူရေးခြံအတွင်းလေဝင်လေထွက်ကောင်းမွန်မျှတမှု၊ ခြံတွင်းအပူချိန်နှင့်စိုထိုင်းဆ၊ ဝက်ခြံများတွင် အစာတောင့်သာမကအစာရည်ဖြင့်တိုက်ကျွေးခြင်းနည်းလမ်းများနှင့်နွားခြံများတွင်လည်း နည်းပညာအသုံးပြုနို့ညှစ်စက်များ၏သုံးစွဲပုံသုံးစွဲနည်းများကို မွေးမြူရေးသမားများ၏ခြံအရောက်လေ့ကျင့်သင်ကြားဝေမျှပေးလျှက်ရှိပါသည်။

BELGA မြန်မာ

မြန်မာနိုင်ငံရှိကြက်မွေးမြူရေးလုပ်ငန်းရှင်များအတွက်အရည်အသွေးမြင့်အသားတိုးကြက်များပံ့ပိုးပေးနိုင်စေရန်အတွက် De Heus Myanmar မှ Bel Ga Myanmar အား မြန်မာနိုင်ငံသို့ ဖိတ်ကြားခဲ့ပြီး Bel Ga သည် နိုင်ငံများစွာရှိ၎င်း၏အတွေ့အကြုံများစွာကိုအသုံးပြုလျက်အရည်အသွေးမြင့်ကြက်သားပေါက်များကိုဖြန့်ဖြူးပေးမည်ဖြစ်သည်။

ပိုမိုသိရှိလိုပါသလား

ဒီဟက်(စ်)၏ထူးခြားချက် (သို့) သင့်ခြံအရောက်ဝန်ဆောင်မှုများ

ကျွန်ုပ်တို့သည် မွေးမြူရေးလုပ်ငန်းရှင်များအတွက်တန်ဖိုးရှိစေမည့် အကြံဉာဏ်များနှင့်အထောက်အပံ့များကို တစ်ကမ္ဘာလုံးရှိထောင်ပေါင်းများစွာသောမွေးမြူရေးသမားများနှင့်လက်တွဲကာဖြန့်ဝေပေးလျက်ရှိပါသည်။

ပိုမိုသိရှိလိုပါသလား?

The CoolCare အပလီကေးရှင်း

CoolCare အပလီကေးရှင်း၏အကူအညီဖြင့် ကြက်များ၊ နွားများ နှင့် ဝက်များအတွက် အပူဖိစီးမှုအန္တရာယ်ကိုလျော့ပါးစေပါ။ ၎င်းသည် မွေးမြူထားသောတိရစ္ဆာန်များတွင် အပူဖိစီးမှုအန္တရာယ်၏ဆိုးကျိုးသက်ရောက်မှုကိုမည်ကဲ့သို့ကန့်သတ်နိုင်သည်နှင့်ပတ်သက်၍များစွာသောအကြံပြုချက်များကိုပေးနိုင်ပါသည်။

Google Play (သို့) App Store မှဒေါင်းလုဒ်ရယူရန်

ဖောက်သည်များ၏ထောက်ခံချက်များ။

ကျွန်ုပ်တို့၏ကျွမ်းကျင်မှုများကမြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များအတွက်မည်ကဲ့သို့ကူညီနိုင်သလဲဆိုတာကိုယခုပဲလေ့လာလိုက်ပါ။