ကျွန်ုပ်တို့၏စီးပွားရေးမူဘောင်များ

ကျွန်ုပ်တို့သည်အပြုသဘောဆောင်သောနည်းလမ်းများဖြင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိပါသည်။

ကျွန်ုပ်တို့၏ စီးပွားရေးအခြေခံမူများ

ကျွန်ုပ်တို့၏စီးပွားရေးလုပ်နည်းလုပ်ဟန်များသည်ကျွန်ုပ်တို့အတွက်အသက်တမျှအလွန်အရေးကြီးပါသည်။ နှစ်ပေါင်းများစွာကျွန်ုပ်တို့တည်ဆောက်ခဲ့သည့် ဂုဏ်သတင်းကိုကာကွယ်စောင့်ရှောက်ရုံသာမက ကျွန်ုပ်တို့၏လုပ်ငန်းနှင့်ဆက်စပ်လျက်ရှိသူများ၊ ကျွန်ုပ်တို့နှင့်လက်တွဲလုပ်ဆောင်နေသည့်အသိုင်းအဝိုင်းများနှင့် ကျွန်ုပ်တို့နှင့်ထိတွေ့လျက်ရှိသောပတ်ဝန်းကျင်နှင့်လူမှုအသိုင်းအဝိုင်းများအတွက်ရေရှည်တန်ဖိုးရှိစေမည့်အရာများကိုထပ်မံထည့်သွင်းဖော်ဆောင်ပေးနိုင်ရန်ပဲဖြစ်ပါသည်။

ကျွန်ုပ်တို့၏စီးပွားရေးမူများသည် Royal De Heus Group ကိုယ်စား စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရန်အတွက် အထွေထွေလမ်းညွှန်ချက်များအနေဖြင့်တည်ရှိနေပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များ၊ ကျွန်ုပ်တို့၏လုပ်ဆောင်ပုံနှင့်ကျွန်ုပ်တို့တစ်ဦးချင်း၏အပြုအမူအားလုံးနှင့်လည်းသက်ဆိုင်ပါတယ်။. နေ့စဉ်နေ့တိုင်း၊ လူတိုင်း၊ အလုပ်တိုင်း၊ ကျွန်တော်တို့လုပ်ကိုင်နေတဲ့ နိုင်ငံတိုင်း၊ ဤစီးပွားရေးမူများကိုကျင့်သုံးခြင်းဖြင့် ကျွန်ုပ်တို့အားတာဝန်သိစိတ်ဖြင့် အောင်မြင်နိုင်စေရန်၊ ဝင်ငွေတိုးပွားနိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦးယုံကြည်မှုကိုဆက်လက်ထားရှိနိုင်စေမှာလည်းဖြစ်ပါသည်။

ကျွန်ုပ်တို့သည် De Heus မှဝန်ထမ်းတိုင်းကို စီးပွားရေးဆိုင်ရာသမာသမတ်ရှိမှုအတွက် သံတမန်တစ်ဦးအဖြစ်လည်းမျှော်လင့်ယုံကြည်ပါသည်။ကျွန်ုပ်တို့တစ်ဦးချင်းစီတိုင်းတွင် မှန်ကန်သောနည်းလမ်းဖြင့်သာစီးပွားရေးပြုလုပ်ရန်၊ အခြားသူများနှင့်ရိုကျိုးစွာဆက်ဆံရန်နှင့်ကျွန်ုပ်တို့နှင့်သက်ဆိုင်သည့်စံနှုန်းများနှင့်အညီ လုပ်ဆောင်ရန် ကျွန်ုပ်တို့တစ်ဦးချင်းစီတိုင်းတွင်ကိုယ်ပိုင်တာဝန်အဖြစ်တည်ရှိပါသည်။ ဒါဟာ ကျွန်တော်တို့စီးပွားရေးလုပ်ပုံလုပ်နည်း၏မရှိမဖြစ်အစိတ်အပိုင်းတစ်ခုပါ။

တာဝန်ယူမှုရှိစွာဖြင့် အစားအစာထောက်ပံ့ခြင်း

ဘေးကင်းပြီးကျန်းမာသောအစားအစာများရရှိနိုင်မှုနှင့်သုံးစွဲနိုင်မှုအပေါ် ကျွန်ုပ်တို့၏ပံ့ပိုးကူညီနိုင်မှုကိုကာကွယ်ရန်အတွက်ကျွန်ုပ်တို့၏ကိုယ်ပိုင်ရေရှည်တည်တံ့မှုအစီအစဉ်တစ်ရပ်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ပိုမိုလေ့လာသိရှိလိုပါသလား

ကျွန်ုပ်တို့၏ဝယ်ယူသူဖောက်သည်များ

ကျွန်ုပ်တို့သည် မြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များအတွက် အသင့်ကျွေးအစာများ၊ ရောစပ်စာများနှင့် အထူးထုတ်အစာများကိုပြည့်စုံစွာဖြန့်ဖြူးပေးလျက်ရှိသော တိရစ္ဆာန်အစာထုတ်လုပ်သည့်လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဖောက်သည်များကတော့ ...

မွေးမြူရေးလုပ်ငန်းရှင်များ

မွေးမြူရေးလုပ်ငန်းရှင်အမျိုးမျိုးအတွက် ကျွန်တော်တို့ကူညီနိုင်ပါသည်။

အကျိုးတူပူးပေါင်းလိုသူများ

အကောင်းဆုံးရလဒ်များအတွက်သီးသန့်အစာများကိုလည်းထုတ်လုပ်ပေးနိုင်ပါသည်။

နည်းပညာပိုင်းလိုအပ်သူများ

အစာကျွေးနည်းစနစ်အပါအဝင် အကြံဉာဏ်များကိုလည်းပေးအပ်နိုင်ပါသည်။


ကျွန်ုပ်တို့၏စီးပွားရေးအခြေခံမူများအားရှင်းလင်းခြင်း။

အသေးစိတ်အချက်အလက်များအားပိုမိုလိုအပ်ပါက ပံ့ပိုးကူညီမှုနှင့်လမ်းညွှန်ချက်မျာအားဖော်ပြပေးထားပါသည်။ လုပ်ငန်းအခြေခံမူများနှင့်အတူ၊ ဤလမ်းညွှန်ချက်များသည် ကျွန်ုပ်တို့အားလုံးထံမှလိုအပ်သော စံနှုန်းများကိုသတ်မှတ်ပေးမည်ဖြစ်သည်။ အတိုချုပ်အားဖြင့်၊ ကျွန်ုပ်တို့၏လုပ်ငန်းမူများသည် အောက်ပါအခြေခံမူများအပေါ်အခြေခံ၍ လမ်းညွှန်မှုနေဖြင်းလည်းဖြစ်သည်။

  • ကျွန်ုပ်တို့သည် အစားအစာ သို့မဟုတ် အစားအစာဘေးကင်းရေးကို မည်သည့်အခါမျှလစ်လျူပြုခြင်းမရှိခဲ့ပါ။
  • ကျွန်ုပ်တို့၏လုပ်ငန်းလည်ပတ်မှု၏ ကဏ္ဍပေါင်းစုံနှင့်နေရာတိုင်းတွင် သမာဓိ၊ တရားမျှတမှုနှင့်ရိုးသားမှုကို ကတိပြုပါသည်။
  • ကျွန်ုပ်တို့သည် သဘောတူညီချက်များနှင့် အခြားကတိကဝတ်များကို အမြဲဖြည့်ဆည်းပေးပါသည်။
  • ကျွန်ုပ်တို့လုပ်ငန်းများလုပ်ဆောင်လျက်ရှိသောနေရာဒေသအသီးသီးရှိ လူ့အဖွဲ့အစည်းများအတွက်တန်ဖိုးများပိုမိုဖော်ဆောင်ပေးရန် ကျွန်ုပ်တို့ကတိပြုပါသည်။
  • ကျွန်ုပ်တို့၏လုပ်ငန်းဌာနများနှင့်ဝန်ထမ်းများအား ရပ်ရွာလှုပ်ရှားမှုများကို ပံ့ပိုးကူညီရန်တွန်းအားပေးပါသည်။
  • လုပ်ငန်းပိုင်းဆိုင်ရာ လွတ်လပ်၍တရားမျှတသောယှဉ်ပြိုင်မှုဆိုင်ရာ အခြေခံမူများကို ကျွန်ုပ်တို့ ဒီဟက်(စ်) အနေဖြင့်ထောက်ခံပါသည်။
  • နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအပေါ် ချမှတ်ထားသော နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများနှင့် ပိတ်ဆို့အရေးယူမှုများကို လေးစားပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေမည့် လှုပ်ရှားမှုများတွင် ပါဝင်မည်မဟုတ်ပါ။
  • ကျွန်ုပ်တို့၏အချက်အလက်များနှင့်ကျွန်ုပ်တို့ထံအပ်နှင်းထားသည့် သုံးစွဲသူများ၏အခြားအချက်အလက်များကိုလည်းကာကွယ်ပေးထားပါသည်။
  • ကျွန်ုပ်တို့၏လုပ်ငန်းဌာနများရှိ ဝန်ထမ်းများ၊ ဧည့်သည်များနှင့် ကန်ထရိုက်တာများအားလုံးအတွက် ဘေးကင်းပြီးကျန်းမာသောလုပ်ငန်းပတ်ဝန်းကျင်ကို ပေးအပ်ရန်ကျွန်ုပ်တို့ကတိပြုပါသည်။
  • ဝန်ထမ်းများအနေဖြင့် အကူအညီတောင်းခံရန်၊ မေးခွန်းများမေးရန်၊ ကျွန်ုပ်တို့၏စီးပွားရေးလုပ်ဆောင်ပုံနှင့်စပ်လျဉ်းသည့်အကျပ်အတည်းများနှင့် စိုးရိမ်ပူပန်မှုများကိုဖြေရှင်းပေးနိုင်စေမည့် ရိုးသားပြီးပွင့်လင်းသောကုမ္ပဏီယဉ်ကျေးမှုကိုလည်းတည်ဆောက်ပံ့ပိုးပေးနေပါသည်။

ဖောက်သည်များ၏ထောက်ခံချက်များ။

ကျွန်ုပ်တို့၏ကျွမ်းကျင်မှုများကမြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များအတွက်မည်ကဲ့သို့ကူညီနိုင်သလဲဆိုတာကိုယခုပဲလေ့လာလိုက်ပါ။