သင်၏အရည်အချင်းများကိုမြှင့်တင်ပါ။

စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းနှင့်ဖွံ့ဖြိုးတိုးတက်မှု

လေ့လာသင်ယူခြင်းနှင့်ဖွံ့ဖြိုးတိုးတက်မှု

ကျွန်ုပ်တို့လျင်မြန်စွာအောင်မြင်လာရခြင်း၏အဓိကအကြောင်းအရင်းကတော့ ကျွန်ုပ်တို့၏ဝန်ထမ်းများကြောင့်ပဲဖြစ်ပါသည်။ ကျွန်ုပ်တို့၏ရည်မှန်းချက်များကိုအကောင်အထည်ဖော်ရာတွင်ဝန်ထမ်းများသည်တမူထူးခြားစွာဖြင့်ပင် ကျွန်ုပ်တို့ကိုကူညီပေးလျက်ရှိနေပါသည်။

ထို့ကြောင့်ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ကုမ္ပဏီအတွင်း မည်သည့်ဝန်ထမ်းအမျိုးအစားမဆို ၎င်းတို့၏တိုးတက်ဖွံ့ဖြိုးမှုများကိုအထောက်အပံ့ပေးရန်အတွက်များစွာရင်းနှီးမြှုပ်နှံထားပေးပြီးလည်းဖြစ်ပါသည်။

ကျွန်ုပ်တို့၏ခေတ်မီဆန်းသစ်သော Talent Suite သည် ဝန်ထမ်းများတွက် စိတ်ကြိုက် (အွန်လိုင်း) လေ့ကျင့်ရေးအစီအစဉ်အမျိုးမျိုးကိုလည်းပံ့ပိုးပေးလျက်ရှိနေပါသည်။ သင်သည် ကမ္ဘာတစ်ဝှမ်းရှိ ဒီဟက်(စ်)၏လုပ်ဖော်ကိုင်ဖက်များနှင့်အတူတကွလေ့လာသင်ယူနိင်ပြီးပူးပေါင်းဆောင်ရွက်ရန်နှင့်တိုးတက်အောင်မြင်စေရန်အတွက်အခွင့်အလမ်းများစွာကိုလည်းရရှိမှာဖြစ်ပါသည်။


ကျွန်ုပ်တို့၏ဝန်ထမ်းများ

De Heus သည် နိုင်ငံပေါင်း (၂ဝ) ကျော်တွင် ထုတ်လုပ်မှု တည်နေရာ (၈ဝ) ကျော်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ထုတ်ကုန်များကို နိုင်ငံပေါင်း (၇၅) နိုင်ငံတွင်ဖြန့်ချိလျက်ရှိနေပြီး နေ့စဉ် ပညာရှင် (၈ဝဝဝ) ကျော်သည် ကျွန်ုပ်တို့၏ ရည်မှန်းချက်များနှင့်မွေးမြူရေးလုပ်ငန်းရှင်များ၏အခက်အခဲများကိုကူညီဖြေရှင်းပေးရန်အတွက်နေ့စဉ်ပံ့ပိုးပေးလျက်ရှိနေပါသည်။

ကျွန်ုပ်တို့သည် အာဟာရဗေဒဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်ဝယ်ယူမှုလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့်စာရင်းကိုင်လုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာလုပ်ငန်းများ၊ အိုင်တီဝန်ဆောင်မှုများနှင့်ဈေးကွက်ရှာဖွေရေးနှင့်ဆက်သွယ်ရေးအထိ ကျယ်ပြန့်သော အလုပ်အကိုင်အခန်းကဏ္ဍများတစ်လျှောက်အလုပ်အကိုင်အခွင့်အလမ်းများစွာကိုမြန်မာ့နိုင်ငံအတွက်ဖန်တီးဖော်ဆောင်ပေးလျက်ရှိနေပါသည်။