
ကျွန်ုပ်တို့၏သမိုင်းကြောင်း
နှစ်ပေါင်း (၁ဝဝ) ကျော် သမိုင်းနောက်ခံအချက်အလက်များ
ကျွန်ုပ်တို့၏စီမံအုပ်ချုပ်သူများအကြောင်း
ဒီဟက်(စ်) တိရစ္ဆာန်အစာထုတ်လုပ်ခြင်းဆိုင်ရာလုပ်ငန်းများကို ဒီဟက်(စ်) မိသားစုပိုင်လုပ်ငန်းအနေဖြင့်လုပ်ကိုင်ခဲ့သည်မှာ မျိုးဆက်ပေါင်း (၄) ဆက်တိုင်ခဲ့ပြီပဲဖြစ်ပြီး Koen De Heus နှင့် Co De Heus နှစ်ဦးစလုံးသည် Chief Executive Officer ရာထူးဖြင့် ကုမ္ပဏီကိုပဲ့ကိုင်မောင်းနှင်ပေးလျက်ရှိနေပါသည်။
"တိုးတက်လာသောကမ္ဘာ့လူဦးရေနှင့်အညီ ကျွန်တော်တို့သည်ဘေးအန္တရာယ်ကင်းရှင်းပြီးပိုမိုကျန်းမာစေမည့်အစားအစာများကိုဖန်တီးပေးနိုင်ရန်အတွက်နေ့စဉ်ကြိုးစားပေးလျက်ရှိနေပါသည်။ ကျွန်ုပ်တို့၏ဖောက်သည်များအား ၎င်းတို့၏တိရစ္ဆာန်များကို ပြုစုစောင့်ရှောက်ရန်နှင့် ၎င်းတို့၏လုပ်ငန်းများ၏ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုကို စီမံခန့်ခွဲရန် လိုအပ်သောထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်းဖြင့်လည်း ကူညီလုပ်ဆောင်ပေးလျက်ရှိပါသည်။"


ကျွန်ုပ်တို့ဘယ်လိုစတင်ခဲ့ပါသလဲ?
လွန်ခဲ့သောနှစ်ပေါင်း (၃ဝဝ) ကျော်လောက်ကတည်းကစတင်ခဲတဲ့ ဒီဟက်(စ်)၏ အစာထုတ်လုပ်ခြင်းဆိုင်ရာသမိုင်းကြောင်းကို နာမည်ကျော်ပန်းချီဆရာကြီး "Jacob van Ruisdael" က ယခုဖော်ပြထားသောပန်းချီကားဖြင့်ပုံဖော်ထားခဲ့ပါသည်။
De Heus ကို ၁၉၁၁ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပါသည်။
၁၉၁၁ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့တွင် စပါးနှင့်ဂျုံကုန်သည်တစ်ဦးဖြစ်သည် Hendrik Anthony de Heus သည် "Grann-en Meelhandel H.A. de Heus' [H.A. Barneveld] မြို့တွင်ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့ပါသည်။ နှစ်အနည်းငယ်အတွင်းကုမ္ပဏီသည်တိုးတက်မှုပေါင်းများစွာဖြစ်ထွန်းခဲ့ပြီး ၁၉၁၄ ခုနှစ်တွင် ဓာတ်ငွေ့စွမ်းအင်သုံးအင်ဂျင်ကိုလည်းတပ်ဆင်နိုင်ခဲ့ပါသည်။ ထို့နောက် ၁၉၂၆ ခုနှစ်တွင် ကြိတ်ခွဲစက်အသစ်ကိုလည်းထပ်မံတည်ဆောက်နိုင်ခဲ့ပါသည်။
၁၉၅၁ ခုနှစ်မှာတော့ စက်ရုံအနောက်ဖက်ရှိနေရာကိုထပ်မံဝယ်ယူခဲ့ပြီး ကုန်ကြမ်းများနှင့်ဓာတ်မြေသြဇာများကိုသိုလှောင်သိမ်းဆည်ရန်အတွက်ကြီးမားသောဂိုဒေါင်တစ်ခုကိုလည်းတည်ဆောက်ခဲ့ပါသည်။ ၁၉၅၆ ခုနှစ်မှာတော့ လက်ရှိစက်ရုံတည်ရှိရာနေရာမှာပဲပထမဆုံးသော ခေတ်မှီ "Silo" ကိုတည်ဆောက်နိုင်ခဲ့ပါသည်။ ၎င်း "Silo" သည် အမြင့် (၂၁) မီတာရှိပြီး သိုလှောင်မှုပမာဏ တန်ချိန် (၁,ဝဝဝ) ဖြင့် အစေ့အဆန်များကိုသန့်ရှင်းရန်နှင့် တိရစ္ဆာန်အစာတွင်အသုံးပြုသည့် oats များကိုဖယ်ရှားရန်အသုံးပြုခဲ့သည်။

Barneveld မှ Ede-Wageningen သို့ပြောင်းရွှေ့ခြင်း။
၁၉၆ဝ ပြည့်နှစ်တွင် စက်ရုံဟောင်းသည်အလွန်သေးငယ်လာသည့်အတွက် စက်ရုံသစ်တည်ဆောက်ရန်ကြိုးစားခဲ့ကြပါသည်။
စက်ရုံသစ်၏မြေညီထပ်တွင် သိုလှောင်ရုံတစ်ခုရှိပြီး ပထမထပ်တွင်ကြိတ်စက်နှင့်ရောနှောစက်များပါဝင်ပါသည်။ ၁၉၆၃ ခုနှစ်တွင် အစုလိုက်သယ်ယူပို့ဆောင်ရေးအတွက် ပထမဆုံးသော "Silo" ကိုထည့်သွင်းခဲ့သည်။ ယင်းစက်ရုံအသစ်ဖြင့် De Heus သည် နယ်သာလန်တွင် ခေတ်အမီဆုံးသော အစာကျွေးသည့်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်လာခဲ့သည်။
၁၉၇၃ ခုနှစ်တွင် စက်ရုံ၏ထုတ်လုပ်နိုင်မှုစွမ်းအားပိုပိုရရှိနိုင်စေရန်အတွက် "Silo" အသစ်တစ်ခုကိုထပ်မံတည်ဆောက်ခဲ့ပါသည်။ ကုမ္ပဏီကြီးထွားလာသည်နှင့်အမျှ ရုံးခန်းနှင့်နေရာထိုင်ခင်းများလည်းပိုမိုပြီးလိုအပ်လာခဲ့ပါသည်။ ထို့ကြောင့် ၁၉၇၉ ခုနှစ်တွင် စက်ရုံ၏နံဘေးတွင် ရုံးခန်းအသစ်ကိုဖွင့်လှစ်ခဲ့ပါသည်။ ၁၉၈၃ ခုနှစ်မှာတော့ ကုန်ကြမ်းများကို Braneveld ရှိစက်ရုံနှင့်နီးကပ်သော Rotterdam ဆိပ်ကမ်းမှသယ်ယူရရှိနိုင်စေရန်အတွက် အိမ်နီးချင်း Wageningen မြို့ရှိမြစ်ပေါ်တွင် Transhipment Complex တစ်ခုကိုတည်ဆောက်ခဲ့ပါသည်။

ပြည်တွင်းရောင်းချမှုမှသည် ကမ္ဘာ့ဈေးကွက်ဆီသို့
ဒီဟက်(စ်)၏နောက်မျိုးဆက်တစ်ခုရောက်ရှိလာခဲ့ပြီးနောက် ၁၉၇၇ ခုနှစ်တွင် Brokking နှင့် ၁၉၉၈ ခုနှစ်တွင် Koudijs-Wouda တို့ကိုဝယ်ယူပူးပေါင်းနိုင်ခဲ့ပါသည်။ De Heus သည် နယ်သာလန်တွင် တိရစ္ဆာန်အစာအတွက် ဒုတိယအကြီးဆုံးပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပြီး အရှေ့အလယ်ပိုင်းနှင့် အရှေ့ဥရောပတွင်အဓိကလုပ်ဆောင်နေသည့်ပို့ကုန်ဌာနတစ်ခုနှင့် ပိုလန်ရှိစက်ရုံတစ်ခုတို့ကိုလည်းရယူခဲ့ကာ Koudijs နာမည်ဖြင့် ယနေ့ထိ လည်ပတ်နေဆဲဖြစ်ပါသည်။ အဆိုပါဝယ်ယူမှုများအပြီးတွင် ကုမ္ပဏီသည် ၎င်း၏ဝန်ထမ်းများအား Ede ရှိ လက်ရှိရုံးချုပ်သို့ ပြောင်းရွှေ့ပေးနိုင်ခဲ့ပါသည်။
၂ဝဝ၂ ခုနှစ်တွင်ကုမ္ပဏီသည် ပိုလန်နိုင်ငံတွင်အောင်မြင်သော ဈေးကွက်ချဲ့ထွင်ဝယ်ယူမှုများစွာကိုပြုလုပ်နိုင်ခံပြီးကုမ္ပဏီ၏နိုင်ငံတကာသို့ထိုးဖောက်တိုးတက်မှုအစကို ထပ်ဟပ်နေစေခဲ့ပါသည်။ နောက်နှစ်များတွင် အီဂျစ်၊ ချက်သမ္မတနိုင်ငံ၊ တောင်အာဖရိက၊ ဗီယက်နမ်၊ အီသီယိုးပီးယားနှင့် ရုရှားနိုင်ငံတို့တွင် ပိုမိုများပြားသောဈေးကွက်ချဲ့ထွင်ဝယ်ယူမှုနှင့် ဖက်စပ်လုပ်ငန်းများကိုလုပ်ကိုင်နိုင်ခဲ့ပြီးဈေးကွက်ကိုပိုမိုခိုင်မာစေခဲ့ပါသည်။
၂ဝ၁၁ ခုနှစ်တွင်ကုမ္ပဏီသည်၎င်း၏နှစ်တစ်ရာပြည့်ပွဲကိုကျင်းပခဲ့ပါသည်။
ဖြတ်သန်းလာခဲ့ရာနှစ်တစ်ရာသက်တမ်းတစ်လျှောက် ကုမ္ပဏီသည် နယ်သာလန်နိုင်ငံရှိအကြီးဆုံးမိသားစုပိုင်ကုမ္ပဏီတစ်ခုဖြစ်စေရန် Barneveld ရှိ သေးငယ်သောလုပ်ငန်းငယ်လေးတစ်ခုမှစတင်ခဲ့ရပါတယ်။
၂ဝ၁၁ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့မှာတော့ ဒီဟက်(စ်) အား ရွိုင်ရွယ်ဒီဟက်(စ်) (တော်ဝင်အမှတ်တံဆိပ်) အဖြစ်ချီးမြှင့်သတ်မှတ်ခြင်းခံခဲ့ရပြီး ဒီဟက်(စ်) အမှတ်တံဆိပ်ဘေး၌ တော်ဝင် "သရဖူ" လေးအားထားသိုသုံးစွဲခွင့်ရရှိခဲ့ပါသည်။
၂ဝ၁၂ နှင့် ၂ဝ၂ဝ ခုနှစ်အကြားတွင်ကုမ္ပဏီသည် ဘရာဇီး၊ ဆားဘီးယား၊ စပိန်၊ ပေါ်တူဂီ၊ မြန်မာ၊ အင်ဒိုနီးရှား၊ ယူကရိန်းနှင့် ဂါနာနိုင်ငံများ၌လုပ်ငန်းများချဲ့ထွင်လုပ်ကိုင်နိုင်ခဲ့ပါသည်။


ယခုပဲလေ့လာကြည့်ရအောင်
ဖောက်သည်များ၏ထောက်ခံချက်များ။
ကျွန်ုပ်တို့၏ကျွမ်းကျင်မှုများကမြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များအတွက်မည်ကဲ့သို့ကူညီနိုင်သလဲဆိုတာကိုယခုပဲလေ့လာလိုက်ပါ။