ငါးမွေးမြူရေးအစာများ

ငါးမြစ်ချင်း၊ ငါးကြင်းနှင့်ငါး၊ ပုစွန်အမျိုမျိုးတို့အတွက်

ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများအတွက်လည်းကျွန်ုပ်တို့ကူညီထောက်ပံ့ပေးနိုင်ပါသည်။

မြန်မာနိုင်ငံ၏ငါး၊ ပုစွန်ဈေးကွက်သည်အရှိန်အဟုန်ဖြင့်တိုးတက်ပြောင်းလဲလာလျက်ရှိသလိုဘေးကင်းပြီးရေရှည်တည်တံ့သောငါးအရင်းမြစ်ဝယ်လိုအားသည်လည်းမြင့်မားတိုးတက်လျက်ရှိပေသည်။ တစ်ဖက်တွင်စားသုံးသူများအတွက် အာဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်မည့်ငါးနှင့်ပုစွန်များကိုလည်းဖန်တီးပေးနိုင်ဖို့လိုအပ်လာပါသည်။ ကျွန်ုပ်တို့ဒီဟက်(စ်) အနေဖြင့်အထက်ဖော်ပြပါအချက်များကိုဖြည့်ဆည်းပေးနိုင်စေရန်အတွက် ငါးလုပ်ငန်းရှင်များဖြင့်လက်တွဲကာအနီးကပ်ကူညီလုပ်ဆောင်ပေးလျက်လည်းရှိနေပါသည်။ ပိုမိုကောင်းမွန်ပြီးရေရှည်တည်တံ့မှုရှိသော ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများဖြစ်ပေါ်စေဖို့အတွက်အစာထုတ်လုပ်သူများသာမက အစာကွင်းဆက်တစ်ခုလုံးကပါ ပါဝင်လုပ်ဆောင်ဖို့အထူးလိုအပ်လျက်ရှိသည်။


ပိုမိုကောင်းမွန်သော အာဟာရနှင့် အကြံဉာဏ်များအတွက်

တိုရွန်တိုတက္ကသိုလ်နှင့် နယ်သာလန်ရှိ Wageningen တက္ကသိုလ်ကဲ့သို့သောတက္ကသိုလ်များအပါအဝင် ငါးပုစွန်မွေးမြူသူများနိုင်ငံတကာမိတ်ဖက်များနှင့်လက်တွဲပြီးလုပ်ဆောင်လျက်ရှိပါသည်။ ထိုမှတစ်ဆင့်ရရှိသောအသိပညာနှင့်ဗဟုသုတများကိုထည့်သွင်းဝေမျှပေးပြီးမြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များတိုးတက်စေရန်မှာကျွန်တော်တို့၏ရည်မှန်းချက်ဖြစ်သည်။

အသေးစိတ်ပိုမိုလေ့လာလိုပါသလား

မျက်မှောက်ကာလနှင့်အနာဂတ်တွင်

မြန်မာနိုင်ငံ၏ငါးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရမည်။

ဗီယက်နမ်နိုင်ငံရှိငါးမွေးမြူရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ

ဗီယက်နမ်ရှိ ကျွန်ုပ်တို့၏အထူးသီးသန့် ရေထွက်ကုန်ဆိုင်ရာသုတေသနနှင့်ဖွံ့ဖြိုးရေးစင်တာသည် ကျယ်ပြန့်သောငါးပုစွန်မျိုးစိတ်များအတွက်မြောက်များစွာသောသုတေသနစမ်းသပ်မှုများကိုနေ့စဉ်လုပ်ဆောင်ပေးလျက်ရှိပါသည်။ သုတေသနလုပ်ငန်းများကို အဆောက်အအုံများအတွင်းလုပ်ဆောင်ရုံသာမက ရရှိထားသောအချက်အလက်များကိုအခြေခံကာလက်တွေ့ကန်အခြေအနေများကဲ့သို့ဖန်တီးထားသော ငါးကန်များကိုအသုံးပြုလျက်စမ်းသပ်လေ့လာလျက်လည်းရှိသည်။

သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုစင်တာသည် ကျွန်ုပ်တို့၏ငါးမွေးမြူရေးလုပ်ငန်းရှင်များတွက်စီမံခန့်ခွဲမှုအလေ့အကျင့်များတိုးတက်ဖွံ့ဖြိုးလာစေရန်၊ လေ့ကျင့်ရေးအစီအစဉ်များနှင့်သရုပ်ပြမှုများတွင်နည်းပညာဓာတ်ခွဲခန်းတစ်ခုအဖြစ်လည်းအသုံးချလုပ်ဆောင်လျက်ရှိနေပါသည်။


ဒီဟက်(စ်)၏ထူးခြားချက် (သို့) သင့်ခြံအရောက်ဝန်ဆောင်မှုများ

ကျွန်ုပ်တို့သည် မွေးမြူရေးလုပ်ငန်းရှင်များအတွက်တန်ဖိုးရှိစေမည့် အကြံဉာဏ်များနှင့်အထောက်အပံ့များကို တစ်ကမ္ဘာလုံးရှိထောင်ပေါင်းများစွာသောမွေးမြူရေးသမားများနှင့်လက်တွဲကာဖြန့်ဝေပေးလျက်ရှိပါသည်။

ပိုမိုသိရှိလိုပါသလား?

ကမ္ဘာတစ်ဝှမ်းရှိမွေးမြူရေးသမားများအားကူညီထောက်ပံ့ပေးခြင်း

ကမ္ဘာတစ်ဝှမ်းရှိမွေးမြူရေးသမားများသည် ကျွန်ုပ်တို့၏အာဟာရဆိုင်ရာအသိပညာနှင့် ကုန်ကြမ်းများကိုကောင်းစွာသိရှိနားလည်မှုများမှတစ်ဆင့်အကျိုးကျေးဇူးများကိုရရှိနိုင်ကြပါသည်။ မွေးမြူရေးလုပ်ငန်းရှင်များအတွက်အသင့်တော်ဆုံးဖြစ်စေမည့် ဒီဟက်(စ်)အစာများသည်သင်၏လက်တစ်ကမ်းမှာပဲရှိနေပါသည်။

ကျွန်ုပ်တို့အားယခုပဲဆက်သွယ်လိုက်ပါ။

ဖောက်သည်များ၏ထောက်ခံချက်များ။

ကျွန်ုပ်တို့၏ကျွမ်းကျင်မှုများကမြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များအတွက်မည်ကဲ့သို့ကူညီနိုင်သလဲဆိုတာကိုယခုပဲလေ့လာလိုက်ပါ။