ဒါဟာကိန်းဂဏန်းတစ်ခုဆိုတာထက်ကိုပိုပါတယ်။

(၁ဝ) သန်းကျော်လွန်အောင်ကျွန်တော်တို့ထုတ်လုပ်နိုင်ခဲ့ပါပြီ။

ကျွန်ုပ်တို့၏အကြောင်း ဒီအောင်မြင်မှုမှတ်တိုင်ကိုကျွန်တော်တို့ဘယ်လိုစိုက်ထူခဲ့ပါသလဲ။

Powering Progress

ယခုနှစ်တွင်ကျွန်ုပ်တို့ဒီဟက်(စ်)အနေဖြင့် တိရစ္ဆာန်အစာတန်ချိန်ပေါင်း (၁ဝ) သန်းကျော်ထုတ်လုပ်နိုင်မှာဖြစ်ပြီးအောင်မြင်မှုမှတ်တိုင်တစ်ခုကိုထပ်မံစိုက်ထူနိုင်တော့မှာပဲဖြစ်ပါတယ်။ ဒါဟာကိန်းဂဏန်းနံပါတ်တစ်ခုသာမကပဲ လွန်ခဲ့သောဆယ်စုနှစ်များအတွင်းကျွန်ုပ်တို့အားလုံးအတူတကွကြိုးစားအားထုတ်ခဲ့မှုများ၏ရလဒ်တစ်ခုပင်ဖြစ်ပါတယ်။

ကျွန်ုပ်တို့သည်ကမ္ဘာတစ်ဝှမ်းရှိတိရစ္ဆာန်မွေးမြူရေးနှင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများတွင်နှစ်ပေါင်းများစွာတိုင်အောင်ပံ့ပိုးကူညီပေးလျက်ရှိနေပြီး ကျွန်ုပ်တို့၏ဖောက်သည်များနှင့်အတူတွေ့ကြုံနေရသည့် စားနပ်ရိက္ခာစိန်ခေါ်မှုများအတွက်လည်းအကောင်းဆုံးအဖြေများရရှိနိုင်စေရန်ရှာဖွေနေလျက်လည်းရှိပါတယ်။

အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့်လူတိုင်းလက်လှမ်းမှီနိုင်စေရေး၊ တိရစ္ဆာန်များရေရှည်ရပ်တည်နိုင်ရေးနှင့်ဒေသတွင်းသာယာဝပြောရေးတို့ကိုနေ့စဉ်ပိုမိုမြင့်မားလာစေရန်ကျွန်တော်တို့အနေဖြင့်တက်ကြွစွာကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ကျွန်တော်တို့ကဒါကို Powering Progress လို့ခေါ်တွင်ပါတယ်။

တိရစ္ဆာန်အစာတန်ချိန်(၁ဝ) သန်း။

ဒါကိုဘယ်လိုရရှိခဲ့ပါသလဲ။

ကျွန်ုပ်တို့၏အဓိကခွန်အား။

ကျွန်ုပ်တို့၏ဖောက်သည်များအား ဖြစ်နိုင်သမျှအကောင်းဆုံးဝန်ဆောင်မှုများပေးအပ်ကာ ၎င်းတို့၏ယုံကြည်မှုကိုရရှိရန်အတွက်နေ့စဉ်ခြေလှမ်းအသစ်များကိုလည်းစတင်လျက်ရှိပါတယ်။

ကျွန်တော်တို့ရဲ့ဖောက်သည်များနှင့်အတူမတူကွဲပြားခြားနားမှုများကိုအောင်မြင်စွာဖန်တီးနိုင်တဲ့အတွက်တစ်ကယ့်ကိုဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကမ္ဘာအနှံ့မှာရှိနေတဲ့သူတို့ရဲ့အောင်မြင်မှုတွေကလည်းကျွန်တော်တို့အတွက်အဖိုးမဖြတ်နိုင်တဲ့ခွန်အားတွေကိုဖန်တီးပေးခဲ့ပါတယ်။ ကျွန်တော်တို့ကိုယုံကြည်ပေးတဲ့အတွက်လည်းကျွန်တော်တို့ရဲ့ဝယ်ယူသူဖောက်သည်များကိုဒီနေရာကနေကျေးဇူးတင်စကားပြောကြားလိုပါတယ်။


အောင်မြင်မှု၏အဓိကသော့ချက်။

အားကိုးရတဲ့ဝန်ထမ်းတွေမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ဒီလိုအောင်မြင်မှုမျိုးကိုစိုက်ထူနိုင်မှာမဟုတ်ပါဘူး။

စက်ရုံမှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်စေ၊ မွေးမြူရေးအစာများကိုပို့ဆောင်ပေးရတဲ့ယာဉ်မောင်းတစ်ယောက်ဖြစ်စေ၊ မွေးမြူရေးခြံများကိုနေ့စဉ်သွားရောက်ကူညီပေးနေရတဲ့အရောင်းတာဝန်ခံတစ်ယောက်ပဲဖြစ်စေ၊ ဒါမှမဟုတ် ရုံးချုပ်ကနေပြီးတော့သက်ဆိုင်ရာဝန်ထမ်းအားလုံးကိုလိုအပ်တဲ့အကူအညီတွေပေးနေရတဲ့သူတစ်ယောက်ဖြစ်စေ အားလုံးဟာဒီဟက်(စ်)ဆိုတဲ့တစ်မိုးအောက်မှာပဲရှိနေပါတယ်။ ဝန်ထမ်းတွေအတူတူလက်တွဲပြီး ဝယ်ယူသူဖောက်သည်များအတွက်အကောင်းဆုံးဝန်ဆောင်မှုတွေကိုပေးအပ်ပြီးဒီအချက်ကလည်းကျွန်တော့်ကိုပိုမိုတိုးတက်စေပါတယ်။