ငုံးစာများ

ကမ္ဘာတစ်ဝှမ်းတွင်အများဆုံးမွေးမြူလေ့ရှိသည့် ငုံးများမှာ ဂျပန်ငုံး (Coturnix japonica) ဖြစ်သည်။ ဤငုံးများကို ၁၁ ရာစုဝန်းကျင်တွင် ဂျပန်နိုင်ငံတွင် အိမ်မွေးမွေးခဲ့ပြီး မူလက တေးသီငှက်များအဖြစ် ထားရှိခဲ့သည်။ ယခုအခါမှာတော့၎င်းတို့ကို အသားနှင့်ဥများရရှိရန်အတွက်မွေးမြူရေးပုံစံအနေဖြင့်မွေးမြူနေကြပြီဖြစ်ပါသည်။ ငုံးများသည်အသေးငယ်ဆုံး မွေးမြူရေးငှက်ဖြစ်ပြီးအချို့မှာကြီးထွားလာသောအခါတွင်အလေးချိန် 100g မျှသာရှိသည်။ ဂျပန်ငုံးများကိုမွေးမြူထုတ်လုပ်ကတည်းက၎င်းတို့ကို ထုတ်လုပ်မှုမြင့်မားစေရန်ရည်ရွယ်ပြီးတွင်ကျယ်စွာမွေးမြူခဲ့ကြတာလည်းဖြစ်ပါသည်။ ဂျပန်ငုံးမျိုးကွဲများ၏ အကောင်းဆုံး ဥထုတ်လုပ်မှုနှုန်းသည် (၉၂) မှ (၉၅) ရာခိုင်နှုန်းအထိရှိပြီး ဥ 300 မှ 320 ကြား ထွက်ရှိပါသည်။ ငုံးများသည့် အခြားသောမွေးမြူရေးတိရစ္ဆာန်များထက် ပိုမိုနုနယ်ပြီး ရောဂါဒဏ်နှင့်ရာသီဥတုဒဏ်ကိုခံနိုင်စွမ်းလည်းနည်းပါးလှပါသည်။ ဒါ့ကြောင့်ငုံးမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့အတွက်ပြည့်စုံလုံလောက်သည့်အာဟာရပေးရန်နှင့်ကောင်းမွန်သည့်ပြုစုစောင့်ရှောက်မှုများထောက်ပံ့ပေးရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့ ၏ကမ္ဘာနှင့်အဝှမ်း ငုံးမွေးမြူရေးဆိုင်ရာအတွေ့အကြုံများကိုအသုံးချပြီး သင့်အတွက်ပြည့်စုံလုံလောက်သည့်အထောက်အပံ့များကိုပေးအပ်သွားမှာဖြစ်ပါသည်။

အကောင်းဆုံးအကျိုးရလဒ်များရရှိစေရန်အတွက် အကောင်းဆုံးဝန်ဆောင်မှုများဖြင့်ကူညီပေးရန် ဒီဟက်(စ်) မြန်မာမှ ကျွမ်းကျင်ပညာရှင်များက အမြဲအဆင်သင့်ဖြစ်နေပါသည်။

ကျွန်ုပ်တို့၏ဝန်ဆောင်မှု (သို့မဟုတ်) သင့်အတွက်အကျိုးကျေးဇူးများ

ငုံးမွေးမြူရေးလုပ်ငန်းရှင်တစ်ယောက်အနေဖြင့် အကောင်းဆုံးထုတ်လုပ်မှုနှုန်းကိုရရှိစေချင်တာဖြစ်နိုင်သလို ထုတ်လုပ်မှုကုန်ကျစရိတ်အနည်းဆုံးကိုလည်းရရှိစေချင်တာလည်းဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့်အဆိုပါအချက်အားကောင်းစွာသိရှိနားလည်ပြီး သင့်မွေးမြူထားသည့်ငုံးများ၏လိုအပ်ချက်နှင့်ကိုက်ညီစေမည့် အရည်အသွေးမြင့်ငုံးစာများကိုကူညီပံ့ပိုးပေးနိုင်ပါသည်။

ဒီဟက်(စ်) မြန်မာ၏အကောင်းဆုံးငုံးမွေးမြူရေးအစာများနှင့်အတူကျွမ်းကျင်ပညာရှင်များ၏ကြွယ်ဝသည့်အတွေ့အကြုံများဖြင့်ကူညီပံ့ပိုးပေးမှာဖြစ်တာကြောင့်သင့်အတွက် ကောင်းမွန်သည့် အစာမှအသားပြောင်းလဲနှုန်း၊ ကောင်းမွန်သည့်ရှင်သန်မှုနှုန်းနှင့်မျှော်မှန်းထားသည်ထက်ပိုမိုသည့်အကျိုးရလဒ်များကိုရရှိစေနိုင်မှာပဲဖြစ်ပါသည်။

တိရစ္ဆာန်အစာနှင့်ဝန်ဆောင်မှုများ

မွေးမြူရေးငုံးများအတွက်အစာနှင့်ဝန်ဆောင်မှုများ

ဒီဟက်(စ်)မြန်မာအနေဖြင့်များစွာသောအရည်အသွေးမြင့် မွေးမြူရေးငုံးအစာများကိုပံ့ပိုးပေးလျက်ရှိနေပါသည်။ သင့်အတွက်အသင့်တော်ဆုံးဖြစ်စေမည့် အစာအမျိုးအစားကိုအခုပဲရှာဖွေလိုက်ပါ။

Quail Layer Concentrate

(၇) ပတ်သားနှင့်အထက်ကိုကျွေးပေးရန်

- အရည်အသွေးကောင်းမွန်တည်ငြိမ်စေရန်အတွက် ကုန်ကြမ်းပစ္စည်းများကို အထူးကြပ်မတ်ရွေးချယ်ထားပါသည်။ - ပြည့်စုံလုံလောက်သည့်အာဟာရကိုရရှိစေပြီး ခိုင်ခံ့လှပသော ဥခွံကိုပါရရှိစေပါသည်။ - ဆေးဖက်ဝင်အပင်များအား အသုံးပြုထားခြင်း၊ ဥနှုန်းကောင်းစေရန်အတွက်လိုအပ်သော ဖက်တီးအက်ဆစ်လုံလောက်စွာပါရှိခြင်း၊ ရေရှည်အထားခံခြင်း၊ ရေရှည်အထားခံနိုင်သည့်ကာကျော်လွန်သည့်တိုင် မူလအလေးချိန်အတိုင်း ဆက်လက်တည်ရှိနေခြင်း။ - ဥစားငုံးများအား ပိုမိုကြံ့ခိုင်သန်မာစေပြီး အစာချေစနစ်ကိုလည်းကောင်းမွန်စေပါသည်။

ပိုမိုသောငုံးအစာများ