သုတေသနခြံများ

မွေးမြူရေးခြံတစ်ခြံချင်းစီ၏အသေးစိတ်အချက်အလက်များကိုရှာဖွေခြင်း

သုတေသနခြံများ

ဥပမာအားဖြင့် "နိုင်ငံတကာဝက်မွေးမြူရေးဆိုင်ရာအာဟာရဗေဒစင်တာ" ကို နယ်သာလန်နိုင်ငံတွင်တည်ဆောက်ထားပြီး "နိုင်ငံတကာငါးနှင့်ပုစွန်မွေးမြူရေးဆိုင်ရာသုတေသနစင်တာ" ကိုလည်း မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ဗီယက်နမ်နိုင်ငံတွင်လည်း တည်ဆောက်ထားပြီးဖြစ်ပါသည်။

ကျွန်ုပ်တို့၏သုတေသနခြံများတွင် အမျိုးမျိုးသောအစာအာဟာရပိုင်းဆိုင်ရာစမ်းသပ်ချက်များကိုကျယ်ကျယ်ပြန့်ပြန့်ဖြင့်စမ်းသပ်လုပ်ဆောင်လျက်ရှိနေပါသည်။ ၎င်းသည်ကျွန်ုပ်တို့အားအစားအစာအမျိုးအစားအတိအကျနှင့်ကျန်းမာပြီးရာသီဥတုဒဏ်ခံနိုင်သောတိရစ္ဆာန်များနှင့်ထိရောက်သောအစာအဖြစ်ပြောင်းလဲခြင်းကိုသေချာစေမည့် တိကျသောအခြေအနေများကိုမှန်ကန်စွာဆုံးဖြတ်နိုင်စေပါသည်။

ဝက်မွေးမြူရေးဆိုင်ရာ လက်တွေ့သုတေသနလုပ်ငန်းများ

Elsenpas သည် ဝက်မွေးမြူရေးဆိုင်ရာများအတွက် De Heus ၏ခေတ်အမီဆုံးသုတေသနစင်တာဖြစ်သည်။ ၎င်းသည် ဝက်မွေးမြူရေးဖောက်သည်များ၊ အသိပညာအင်စတီကျုများနှင့်ပူးပေါင်း၍ရရှိထားသည့်ကမ္ဘာတစ်ဝှမ်းမှ အသိပညာအားလုံးကိုစုစည်းထားရှိသည့်နေရာလည်းဖြစ်ပါသည်။

သုတေသနစင်တာသည် မျိုးဝက်များ၊ ဝက်ပေါက်များနှင့်အသားတိုးဝက်များကို သမားရိုးကျနည်းလမ်းများဖြင့်သာမကပဲခေတ်မီသောမွေးမြူရေးသုတေသနခြံအနေဖြင့်လုပ်ဆောင်လျက်ရှိနေပါသည်။ လက်တွေ့ခြံတွင်းအခြေအနေများကိုမှတ်သားပြီး ထိန်းချုပ်ထားသောအခြေအနေရှိသည့်သုတေသနခြံများတွင်စမ်းသပ်လုပ်ကိုင်ခြင်းသည်လွန်စွာအရေးကြီးသည့်ခြေလှမ်းတစ်ရပ်လည်းဖြစ်ပါသည်။

ယခုကဲ့သို့သုတေသနခြံများကိုတည်ဆောက်လုပ်ဆောင်ခြင်းဖြင့် တိရစ္ဆာန်မျိုးစိတ်အုပ်စုများကိုသာမက မျိုးစိတ်တစ်ခုချင်းစီအတွက်ရေရှည်အကျိုးသက်ရောက်မှုများကိုဆုံးဖြတ်ပေးနိုင်သည့်ထူးခြားသောအာဟာရသုတေသနများကိုပြုလုပ်နိုင်စေပါသည်။

 

ကြက်မွေးမြူရေးဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးမှုစင်တာများ

ဒီဟက်(စ်) အနေဖြင့် တစ်ကမ္ဘာလုံးရှိကြက်မွေးမြူရေးလုပ်ငန်းများတွင်ခိုင်မာသောအမှတ်တံဆိပ်တစ်ခုအဖြစ်ရပ်တည်နေတာနှင့်အညီ ကြက်မွေးမြူရေးသုတေသနလုပ်ငန်းများတွင်မြောက်များစွာသောရင်းနှီးမြှုပ်နှံမှုများပြုလုပ်သွားမည်ဟုကတိပြုအပ်ပါသည်။ အဓိကရည်ရွယ်ချက်အနေနဲ့ကတော့တိရစ္ဆာန်များ၏ရေရှည်ရပ်တည်နိုင်ရေးအပါအဝင် မြန်မာ့မွေးမြူရေးသမားများ၏အခက်အခဲများကိုကူညီဖြေရှင်းပေးရန်နှင့်နည်းပညာဆိုင်ရာအထောက်အပံ့များကိုဖြည့်ဆည်းပေးနိုင်စေရန်ပဲဖြစ်ပါတယ်။

ဒေသတွင်းလိုအပ်ချက်များကိုကူညီဖြည့်ဆည်းပေးရန်အတွက် နေရာဒသေများကိုအထူးဂရုစိုက်ရွေးချယ်ထားပြီးဖွင့်လှစ်ထားသည့် သုတေသနနှင့်ဖွံ့ဖြိုးမှုစင်တာ (၄) ခုကို ဒီဟက်(စ်)အနေဖြင့်တည်ဆောက်လုပ်ကိုင်လျက်ရှိပါသည်။ ဒေသတွင်း ကြက်မွေးမြူရေးလုပ်ငန်းများအပေါ်တွင် အကျိုးသက်ရောက်မှုဖြစ်စေသောအချက်များကိုအဓိကထားလေ့လာလျက်ရှိပြီးပြန်လည်အသုံးချနိုင်သော အသိပညာများရရှိရန်သုတေသနလမ်းကြောင်းများကိုစုစည်းသိမ်းဆည်းထားပါသည်။

ဒီဟက်(စ်) သည် ကြက်မွေးမြူရေးဆိုင်ရာသုတေသန စင်တာ (၄) ခုဖွင့်လှစ်ထားလျက်ရှိပါသည ဒေသလိုအပ်ချက်များကို ဖြည့်ဆည်းရန် ဗျူဟာမြောက်ရွေးချယ်ထားသည်။ De Heus သည် တောင်သူလယ်သမားများအတွက် လက်တွေ့ကျသော အကျိုးသက်ရောက်မှုများအပေါ် အဓိကအားဖြင့် ၎င်းတို့၏ ကြက်သုတေသနစင်တာများတွင် အာရုံစိုက်ထားသောကြောင့် အသုံးချနိုင်သော အသိပညာများရရှိရန် သုတေသနလမ်းကြောင်းများကို စုစည်းထားပါသည်။ ကျွန်ုပ်တို့၏ဖောက်သည်များကြုံတွေ့နေရသော လက်တွေ့ကျသောပြဿနာများအပေါ် အခြေခံထားသည်။


ဒီဟက်(စ်) သုနေသတနနှင့်ဖွံ့ဖြိုးမှုစင်တာ (၂) ခုသည် နယ်သာလန်တွင်တည်ရှိပြီး (တစ်ခုသည် အသားတိုးကြက်ဆိုင်ရာသုတေသနအတွက်သီးသန့်ဖြစ်ပြီးကျန်တစ်ခုမှာဥစားကြက်နှင့်ကြက်သားပေါက်မျိုးရိုးဆိုင်ရာအတွက်ဖြစ်ပါသည်။ ပိုလန်နိုင်ငံမှာတော့ အသားတိုးကြက်နှင့်ကြက်ဆင်များအတွက်သုတေသနစင်တာ (၁) ခုတည်ရှိပြီး ဗီယက်နမ်နိုင်ငံမှာတော့ အသားတိုးကြက်မွေးမြူခြင်းနှင့်ဥစားကြက်ဆိုင်ရာသုတေသနလုပ်ငန်းများအတွက် စင်တာ (၁) ခုတည်ရှိပါသည်။