ပူးပေါင်းဆောင်ရွက်မှုများ

အတူတကွလုပ်ဆောင်ခြင်းသည် အသိအမြင်သစ်များကိုရှာဖွေတွေ့ရှိစေနိုင်ပါသည်။

ကျွန်ုပ်တို့၏အသိပညာနှင့်အတွေ့အကြုံများကို စဉ်ဆက်မပြတ်တိုးပွားစေခြင်း။

ဒီဟက်(စ်)မြန်မာလီမိတက်သည်ပွင့်လင်းမြင်သာမှုရှိသောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒေသတွင်းသာမကနိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာအသိပညာအသစ်များတိုးပွားလာစေရန်အစဉ်အမြဲအာရုံစူးစိုက်ထားလျက်ရှိပါသည်။

အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုပူးပေါင်းဆောင်ရွက်စဉ်အတွင်းပွင့်လင်းမြင်သာမှုရှိစွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့်အမြင့်မားဆုံးအောင်မြင်မှုများကိုရရှိစေနိုင်မည်ဟုကျွန်ုပ်တို့လက်ခံယုံကြည်ပါသည်။ ကိုယ်ပိုင်သုတေသနခြံများမှရရှိခဲ့ကောအချက်အလက်များကိုအာရုံစိုက်ရုံမျှမကအခြားသောခြံများတွင်တွေ့ကြုံပြီးဖြစ်သောအကြောင်းအရာများကိုသင့်အနေဖြင့်မသိရှိခြင်းမျိုးမဖြစ်ရလေအောင်လည်းကျွန်ုပ်တို့အနေဖြင့်မျှဝေပေးသွားမှာပဲဖြစ်ပါသည်။

ပိုမိုကောင်းမွန်သောတိရစ္ဆာန်အစာအာဟာရနှင့်အကြံဉာဏ်များ

တိုရွန်တိုနှင့် Wageningen တက္ကသိုလ်တို့နှင့်အတူပူးပေါင်းဆောင်ရွက်လျက်လည်းရှိနေပါသည်။ ထိုသုတေသနရလဒ်များ၊ အတွေ့အကြုံများနှင့်အကြံဉာဏ်များကို အရည်အသွေးမြင့်တိရစ္ဆာန်အစာများပေါင်းစပ်ကာ မြန်မာ့မွေးမြူရေးသမားများအတွက်ပိုမိုကောင်းမွန်သည့်အကျိုးရလဒ်များကိုဖန်တီးပေးနိုင်စေရန်ပဲဖြစ်ပါသည်။

အသေးစိတ်ပိုမိုသိရှိလိုပါသလား

မွေးမြူရေးလုပ်ငန်းရှင်များအတွက်ဖြေရှင်းချက်များ

ဒီဟက်(စ်)၏ခောတ်မီအစာကျွေးနည်းစနစ်အသစ်များသည်မြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များရင်ဆိုင်နေရသောအခက်အခဲများကိုဖြေရှင်းရာတွင်များစွာအထောက်အပံ့ဖြစ်စေပါသည်။

ဒီဟက်(စ်)မွေးမြူရေးအစာများကိုကျွေးပေးခြင်းဖြင့် အရည်အသွေးကောင်းမွန်သည့်ရှားပါးသောကုန်ကြမ်းများကိုရှာဖွေစရာမလိုတော့ပါ။ ဒါ့အပြင်သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီပြီးတိရစ္ဆာန်များ၏ရှင်သန်ရပ်တည်နိုင်ရေးအတွက်ရေရှည်တည်တံ့စေနိုင်မည့်အစာများကိုရွေးချယ်ပြီးသာလည်းဖြစ်ပါသည်။

အများလက်လှမ်းမီနိုင်စေမည့်အစားအသောက်များ

ကျွန်ုပ်တို့အနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးရှိဘေးကင်းပြီး ကျန်းမာသောအစားအစာများကိုရေရှည်ရရှိနိုင်စေရန်အတွက်အစဉ်အမြဲပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ တိရစ္ဆာန်အစာကုန်ကြမ်းမှသည်အစားအစာအထိ ကမ္ဘာတစ်ဝှမ်းလုံးတွင်ရေရှည်တည်တံ့သော ထောက်ပံ့ရေးကွင်းဆက်တစ်ခုကို ဖန်တီးနိုင်စေရန်အတွက်ကျွန်ုပ်တို့၏ဖောက်သည်များနှင့်လက်တွဲကာပူးပေါင်းဆောင်ရွက်လျက်လည်းရှိနေပါသည်။

မြန်မာနိုင်ငံတွင်ကျွန်ုပ်တို့သည်ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ရေရှည်တည်တံ့သောကြက်မွေးမြူရေးကဏ္ဍကိုဦးတည်လုပ်ဆောင်နေသည့်လုပ်ငန်းစုတစ်ခု၏တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါသည်။