ငါးသားပေါက်နှင့်ငါးသန်

ရှင်သန်နှုန်းအမြင့်ဆုံးဖြင့်ကြီးထွားစေခြင်း။

ဤအဆင့်၏အဓိကရည်ရွယ်ချက်
ရှင်သန်နှုန်းမြင့်ခြင်းဖြင့်ငါးများကြီးထွားစေခြင်း။

ငါးသားပေါက်နှင့် ငါးသန်အရွယ်မွေးမြူရာတွင် အဓိကပန်းတိုင်မှာ ငါးများ အသေအပျောက်မရှိဘဲ ကျန်းမာသန်စွမ်းပြီး အမြန်ဆုံး ကြီးထွားလာစေရန် ဖြစ်ပါသည်။ အထူးသဖြင့် တစ်နေ့တာ ပျမ်းမျှအသားတိုးနှုန်း (ADG) ကောင်းမွန်စေရန်နှင့် ရောဂါဒဏ်ခံနိုင်ရည်ရှိသော ငါးအုပ်စုဖြစ်လာစေရန် အလေးထား ဆောင်ရွက်ရပါမည်။ ၎င်းသည် ငါးများ ရှင်သန်နှုန်း မြင့်မားစေရန်နှင့် မွေးမြူရေးကာလအတွင်း အထိရောက်ဆုံး ကြီးထွားမှုကို ရရှိစေရန်အတွက် အလွန်အရေးကြီးပါသည်။

ငါးအသေအပျောက်အများဆုံးကာလ

ဤကာလသည် ငါးများ သေဆုံးမှု အများဆုံးအချိန် ဖြစ်သည် ။ ငါးများ သန်စွမ်းကျန်းမာစေရန်နှင့်ငါးရောဂါများမဖြစ်အောင် ကာကွယ်ရန်အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ရေအရည်အသွေးကို အထူးဂရုစိုက်ပြီး ပြင်ပရောဂါပိုးများ မဝင်စေရန် စနစ်တကျ ထိန်းချုပ်မွေးမြူရပါမည်။ ရေကြည်လင်ခြင်း၊ အောက်ဆီဂျင် လုံလောက်ခြင်း ၊ ရေလဲလှယ်ပေးခြင်းနှင့် အစာကို အကြိမ်အရေအတွက် ခွဲ၍ မှန်မှန်ကျွေးခြင်းတို့သည် ငါးများ ကြီးထွားသန်စွမ်းရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။ ငါးများ ပိုမိုကျန်းမာစေရန် လိုအပ်ပါက အိုမီဂါ-၃ (Omega-3) ကဲ့သို့သော အာဟာရဓာတ်များကိုလည်း အစာတွင် ထည့်သွင်းပေးရပါမည်။

အစာစားနှုန်းကိုမည်သို့မြှင့်တင်မလဲ?

ငါးများ အစာများများစားစေရန်အတွက် ၂၄ နာရီလုံး အလင်းရောင်ပေးထားသည့် စနစ်ကို အသုံးပြုနိုင်ပြီး ငါး၏ အရွယ်အစားနှင့် ကိုက်ညီသော၊ အာဟာရပြည့်ဝပြီး စားချင်စဖွယ်ဖြစ်သည့် အရည်အသွေးမြင့် အစာများကို ကျွေးရပါမည်။ အစာသည် ရေထဲတွင် အချိန်အတော်ကြာ ခိုင်ခံ့နေရမည်ဖြစ်ပြီး အရွယ်အစား ညီညာရပါမည်။ ထို့အပြင် ရေပေါ်ပေါ်သော သို့မဟုတ် တဖြည်းဖြည်း နစ်မြုပ်သော အစာအမျိုးအစား ဖြစ်ရပါမည် ။ ငါးများ အရှိန်အဟုန်ဖြင့် ကြီးထွားနေချိန်တွင် တစ်နေ့လျှင် ၎င်းတို့ ကိုယ်အလေးချိန်၏ ၁၀ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိ စားနိုင်သဖြင့် ထိရောက်စွာ ကျွေးမွေးရန် လိုအပ်ပါသည်။ ကြီးထွားမှု အဆင့်အလိုက် လိုအပ်သော အာဟာရဓာတ်များ ပြည့်ဝခြင်းက ငါး၏ ကိုယ်တွင်းအင်္ဂါများ ဖွံ့ဖြိုးခြင်းနှင့် ရောဂါဒဏ်ခံနိုင်ရည်ရှိခြင်းကို အထောက်အကူပြုသည်။

ငါးသန်များကို ဘေးကင်းအောင် မည်သို့သယ်ယူရမလဲ။

ငါးသန်များကို သယ်ယူပို့ဆောင်ရာတွင် အချိန်အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရပါမည်။ သွားရမည့် ခရီးအကွာအဝေးပေါ် မူတည်၍ ငါးပုံး သို့မဟုတ် အိတ်အတွင်းရှိ ငါးအရေအတွက်ကို ချိန်ညှိရပါမည် (ခရီးဝေးလေလေ၊ ငါးအရေအတွက် လျှော့ထည့်လေလေ ဖြစ်ရပါမည်)။ ရေအရည်အသွေးကောင်းမွန်စေရန် အိတ် သို့မဟုတ် ပုံးထဲတွင် လေ သို့မဟုတ် အောက်ဆီဂျင် လုံလောက်စွာ ရှိနေပါစေ။ ခရီးလမ်းကြာရှည်ပါက ရေထဲတွင် အမိုးနီးယားဓာတ် (Ammonia) များလာပြီး ငါးများကို အန္တရာယ်ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် နေ့လယ်ဘက် အပူရှိန်ပြင်းချိန်ကို ရှောင်ရန်နှင့် ငါးများ စိတ်ဖိစီးမှုနည်းစေရန် နံနက်စောစောအချိန်တွင် သယ်ယူပို့ဆောင်ခြင်းက အကောင်းဆုံး ဖြစ်ပါသည်။

အမေးများသောမေးခွန်းများ

ငါးသားပေါက်နှင့်ငါးသန်အဆင့်အတွက်အဓိကမေးခွန်းများ

တီလားပီးယားမွေးမြူရာတွင် အဖိုသီးသန့် (Monosex) ဖြစ်ရန် အလွန်အရေးကြီးပါသည်။ ငါးသားပေါက်လေးများ ဗိုက်အောက်ရှိ အစာအိတ်ကုန်သွားသည်နှင့် (ဥမှပေါက်ပြီး ၅ ရက်ခန့်အကြာ) ဟော်မုန်းကျွေးခြင်းကို ချက်ချင်းစတင်ရပါမည်။ ထိုအစာသည် အစာစားချင်စိတ်ကို နှိုးဆွပေးနိုင်ရမည့်အပြင် အဆင့်မြင့်ဟော်မုန်း (Testosterone) ဖြင့် စနစ်တကျ ရောစပ်ထားသော အစာဖြစ်ရပါမည်။ ဟော်မုန်းအစာကျွေးရန် ၁၀ ရက်ထက် နောက်ကျသွားပါက အဖိုပြောင်းလဲမှု မအောင်မြင်နိုင်တော့ပါ။ ငါးများအားလုံး အဖိုဖြစ်သွားစေရန် ဟော်မုန်းအစာကို ၂၁ ရက်တိတိ ကျွေးရပါမည်။ သို့မှသာ ငါးများ ကြီးထွားမှုနှုန်း ညီညာပြီး ထွက်နှုန်းကောင်းမွန်မည် ဖြစ်သည်။

အသေးစိတ်ပိုမိုသိရှိနိုင်စေရန်အတွက် ကျွန်ုပ်တို့နှင့်ဆက်သွယ်နိုင်ပါသည်။

ငါးသန်လေးများ အရှိန်အဟုန်ဖြင့် ကြီးထွားလာစေရန်အတွက် လိုအပ်သော အာဟာရဓာတ်များ ပြည့်စုံစွာပါဝင်သည့် အရည်အသွေးမြင့်အစာကို လုံလောက်စွာ ကျွေးရပါမည်။ သို့သော် အစာကို လိုအပ်သည်ထက် ပိုကျွေးပါက ရေထုညစ်ညမ်းစေပြီး ငါးများ၏ ကျန်းမာရေးနှင့် ကြီးထွားမှုကို ထိခိုက်စေနိုင်ပါသည်။ ငါးလေးများသည် အစာအိမ်သေးသဖြင့် အစာကို တစ်ခါတည်း အများကြီးမစားနိုင်ပါ။ ထို့ကြောင့် အစာပမာဏအနည်းငယ်စီကို အကြိမ်ရေများများ ခွဲကျွေးခြင်းဖြင့် ငါးများအားလုံး အစာညီတူညီမျှစားရပြီး ကြီးထွားနှုန်း ညီညာစေပါသည်။ ၎င်းသည် ငါးရှင်သန်နှုန်းကို မြင့်မားစေပြီး မွေးမြူသူအတွက် အကျိုးအမြတ် ပိုမိုရရှိစေပါသည်။ 

မှန်ကန်သောအစာကျွေးနှုန်းများကိုကြည့်ရှုနိုင်ပါသည်။

မိမိ၏ငါးများ မည်သို့အခြေအနေရှိသည်နှင့် မည်သည့်အချက်ကို အဓိကထားလုပ်ဆောင်ရမည်ကို သိရှိနိုင်ရန် မှတ်တမ်းထားရှိခြင်းမှာ အလွန်အရေးကြီးပါသည်။ ကျွန်တော်တို့ ဒီဟတ်(စ်)မြန်မာအနေဖြင့် အစာစားနှုန်း (FCR) ကိုတွက်ချက်ရန်၊ ငါးကြီးထွားမှုကိုစောင့်ကြည့်ရန်၊ ငါးဖမ်းဆီးမည့်အချိန်နှင့်အစာဝယ်ယူမည့်အစီအစဉ်များကို ကြိုတင်ပြင်ဆင်နိုင်ရန် ငါးမွေးမြူရေးမှတ်တမ်းစာအုပ်များကိုလည်းပြုလုပ်ပေးထားပါသည်။
မိမိငါးကန်၏အချက်အလက်များကို စံသတ်မှတ်ချက်များနှင့်နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ပြဿနာရှိနေသည့်အချိန် သို့မဟုတ် ပိုမိုကောင်းမွန်အောင် ပြုပြင်နိုင်သည့်အချက်များကို သိရှိနိုင်မည်ဖြစ်ပါသည်။ အစာကျွေးခြင်း၊ ကြီးထွားနှုန်းနှင့်ရေအရည်အသွေးတို့ကို ပေါင်းစပ်မှတ်တမ်းတင်ထားခြင်းဖြင့် ပိုမိုမှန်ကန်သောဆုံးဖြတ်ချက်များချနိုင်ရန် အကူအညီများလည်းရရှိစေနိုင်ရန်ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

ငါးမွေးမြူရေးတွင် မှတ်တမ်းထားရှိခြင်း၏အရေးပါပုံ

ငါးမှုန်လေးများသည် ၎င်းတို့၏ ဗိုက်အောက်ရှိ အစာအိတ် (Yolk-sac) မှ အာဟာရကို စုပ်ယူပြီးနောက် စတင်အစာစားကြသည်။ အချို့သော ငါးများသည် အဆိုပါ အစာအိတ်ကုန်သွားသည်နှင့် အစာတောင့်/အစာမှုန့်များကို တိုက်ရိုက်စားနိုင်ကြသည်။ သို့သော် အချို့ငါးများမှာမူ အစာခြေစနစ် ကောင်းမွန်စွာ ဖွံ့ဖြိုးလာစေရန် ရေညှိ (Micro-algae)၊ ရိုတီဖာ (Rotifers) သို့မဟုတ် အာတီမီးယား (Artemia) ကဲ့သို့သော သဘာဝအသက်ရှိအစာများကို ကြားခံအဖြစ် အရင်ကျွေးရန် လိုအပ်ပါသည်။

ငါးများလိုအပ်သော အာဟာရဓာတ်အားလုံးကို အစာတောင့်/အစာမှုန့်များမှ အပြည့်အဝရရှိနိုင်သည်အထိ သဘာဝအစာနှင့် အစာတောင့်ကို ရောနှောကျွေးရာမှ အစာတောင့်ကို တဖြည်းဖြည်း တိုးမြှင့်ကျွေးမွေးခြင်းဖြင့် ဖြစ်နိုင်သမျှ အစောဆုံး အစာတောင့်သို့ ပြောင်းလဲကျွေးမွေးပါ။

သင့်ငါးများအတွက် အကောင်းဆုံး အစာပြောင်းလဲကျွေးမွေးမှု အစီအစဉ်ကို သိရှိနိုင်ရန် မိမိတို့၏ အရောင်းကိုယ်စားလှယ်များနှင့် တိုင်ပင်ဆွေးနွေးပါ။

ကျွန်ုပ်တို့၏ငါးမွေးမြူရေးပညာရှင်များ၏ဆွေးနွေးတိုင်ပင်လိုက်ပါ။

ငါးများ၏အရည်အသွေးနှင့်ကြီးထွားမှုကို အကောင်းဆုံးဖြစ်စေရန် အကူအညီများလိုအပ်ပါသလား ငါးမွေးမြူရေးအဆင့်တိုင်းမှာ သင့်ကိုကူညီဖို့ကျွန်တော်တို့ရဲ့ပညာရှင်များက ကူညီဖို့အဆင်သင့်ရှိနေပါတယ်။

ယခုပဲဆက်သွယ်လိုက်ပါ။ သို့မဟုတ် ဖုန်းခေါ်ဆိုပါ +959789461963

Myo Tun

(Sr. Aqua Technician)