တိရစ္ဆာန်အစာအာဟာရ

သင့်မွေးမြူရေးခြံအတွက် အကောင်းဆုံးစတင်မှု

သင့်မွေးမြူရေးခြံအတွက် မှန်ကန်သောအစာကိုရွေးချယ်လိုက်ပါ။

ကမ္ဘာ့လူဦးရေလျင်မြန်စွာတိုးပွားလာမှု၊ လူနေမှုအဆင့်အတန်းမြင့်မားလာမှုနှင့်အတူ စိုက်ပျိုးရေးနှင့်အစားအစာထုတ်လုပ်မှုအတွက်လိုအပ်ချက်များလည်းနေ့စဉ်နှင့်အမျှတိုးတက်များပြားလာလျက်ရှိပါသည်။

အစားအစာထုတ်လုပ်မှုလုပ်ငန်းများသည်နေ့စဉ်အကောင်းဆုံးဖြစ်အောင်လုပ်ကိုင်ရန်လိုအပ်ပြီးတာဝန်သိစွာနှင့်လူတန်းစားအမျိုးမျိုးအတွက်လက်လှမ်းမီအောင်လုပ်ဆောင်ပေးရန်လိုအပ်ပါသည်။ တိရိစ္ဆာန်များအတွက်အာဟာရထုတ်ကုန်များကိုဦးဆောင်ထုတ်လုပ်ဖြန့်ချိပေးနေသူတစ်ဦးဖြစ်သည့် ကျွန်ုပ်တို့ဒီဟက်(စ်)မြန်မာသည် မွေးမြူရေးလုပ်ငန်းရှင်များများ၊ အသား၊ နို့၊ ဥနှင့် ငါးများကဲ့သို့သော တိရစ္ဆာန်ပရိုတင်းထုတ်လုပ်သူများအတွက် ကုန်ထုတ်လုပ်မှုတိုးတက်စေရန်ပံ့ပိုးကူညီပေးနေပါသည်။

အရည်အသွေးမြင့်တိရစ္ဆာန်အစာများကိုထုတ်လုပ်ဖြန့်ချိပေးနေရုံသာမက တိရစ္ဆာန်များ၏ကျန်းမာရေးနှင့်အာဟာရဗေဒဆိုင်ရာများ၊ မွေးမြူခြင်းနည်းစနစ်များ၊ နက်ရှိုင်းသောအသိပညာများနှင့်မွေးမြူရေးဆိုင်ရာနည်းပညာများကို မြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များအားထိထိရောက်ရောက်ပံ့ပိုးနိုင်စေရန်နေ့စဉ်ကူညီပေးလျက်ရှိပါသည်။မွေးမြူရေးလုပ်ငန်းရှင်များ၏ ခြံတွင်းခြံပြင်ဂေဟစနစ်အား တိုးတက်ကောင်းမွန်အောင်လည်းတာဝန်သိမှုရှိစွာဖြင့်ကူညီပေးလျက်လည်းရှိနေပါသည်။

နေ့စဉ်နဲ့အမျှတိုးပွားလာနေသောကမ္ဘာ့လူဦးရေများအတွက်ဘေးကင်းပြီးကျန်းမာရေးနဲ့ညီညွတ်သောအစားအစာများကိုပိုမိုကောင်းမွန်စွာဖန်တီးပေးရန်နှင့်လက်လှမ်းမှီစေရန်အတွက်ကျွန်ုပ်တို့ကြိုးစားလုပ်ဆောင်ပေးလျက်ရှိနေပါသည်။ ကျွန်ုပ်တို့၏ဖောက်သည်များအား၎င်းမွေးမြူထားသောတိရစ္ဆာန်များကို ပြုစုစောင့်ရှောက်ရန်နှင့်လုပ်ငန်းရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်စီမံခန့်ခွဲရန်လိုအပ်သောထုတ်ကုန်များနှင့်ဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်းဖြင့်ကျွန်ုပ်တို့ကူညီထောက်ပံ့ပေးရန်အဆင်သင့်ရှိနေပါသည်။

ပိုမိုလေ့လာဖတ်ရှုရန်

Co en Koen de Heus

CEO


ကျွန်ုပ်တို့၏အစာအမျိုးအစားများ

မြောက်များစွာသော မွေးမြူရေးတိရစ္ဆာန်များအတွက်အစာအာဟာရပိုင်းဆိုင်ရာနှင့်အသိပညာများကိုပံ့ပိုးပေးလျက်ရှိပါသည်။

ဒီဟက်(စ်)မြန်မာအနေဖြင့် အသင့်ကျွေးအစာများ၊ ရောစပ်စာများအပြင် မွေးမြူရေးသမားတစ်ဦးတစ်ယောက်ချင်းစီနှင့်ကိုက်ညီမှုရှိစေမည့်အထူးထုတ်အစာများကိုလည်းထုတ်လုပ်ပေးနိုင်ပါသည်။ကျွန်ုပ်တို့၏နေ့စဉ်လုပ်ငန်းဆောင်တာများထဲမှတစ်ခုကတော့ကုန်ကြမ်းများကိုတိရစ္ဆာန်အစာအာဟာရအဖြစ်သို့ပြောပာင်းလဲမြှင့်တင်ရန်နည်းလမ်းများကိုစဉ်ဆက်မပြတ် ရှာဖွေလေ့လာနေခြင်းပင်ဖြစ်သည်။


အရည်အသွေးသည်ပထမဦးစားပေးဖြစ်သည်

နှစ်ပေါင်း (၁ဝဝ) ကျော်တိုင်ထိတိုင်အောင်အရည်အသွေးသည်သာပထမဦးစားပေးပဲဖြစ်ပါသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့၏ထုတ်လုပ်မှုနေရာအားလုံးသည်နောက်ဆုံးပေါ် အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီအောင်ပြုလုပ်ထားပါသည်။ ၎င်းသည်ကျွန်ုပ်တို့၏သုတေသန၊ လည်ပတ်မှုဗျူဟာနှင့်ကျွန်ုပ်တို့၏ထုတ်ကုန်တစ်ခုစီအတွက်ကျင့်သုံးသည့် နိယာမတစ်ခုပင်ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါသလား

ကျွန်ုပ်တို့၏ဝယ်ယူသူဖောက်သည်များ

ကျွန်ုပ်တို့သည် မြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များအတွက် အသင့်ကျွေးအစာများ၊ ရောစပ်စာများနှင့် အထူးထုတ်အစာများကိုပြည့်စုံစွာဖြန့်ဖြူးပေးလျက်ရှိသော တိရစ္ဆာန်အစာထုတ်လုပ်သည့်လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဖောက်သည်များကတော့ ...

မွေးမြူရေးလုပ်ငန်းရှင်များ

မွေးမြူရေးလုပ်ငန်းရှင်အမျိုးမျိုးအတွက် ကျွန်တော်တို့ကူညီနိုင်ပါသည်။

အကျိုးတူပူးပေါင်းလိုသူများ

အကောင်းဆုံးရလဒ်များအတွက်သီးသန့်အစာများကိုလည်းထုတ်လုပ်ပေးနိုင်ပါသည်။

နည်းပညာပိုင်းလိုအပ်သူများ

အစာကျွေးနည်းစနစ်အပါအဝင် အကြံဉာဏ်များကိုလည်းပေးအပ်နိုင်ပါသည်။


ဒီဟက်(စ်)၏ထူးခြားချက် (သို့) သင့်ခြံအရောက်ဝန်ဆောင်မှုများ

ကျွန်ုပ်တို့သည် မွေးမြူရေးလုပ်ငန်းရှင်များအတွက်တန်ဖိုးရှိစေမည့် အကြံဉာဏ်များနှင့်အထောက်အပံ့များကို တစ်ကမ္ဘာလုံးရှိထောင်ပေါင်းများစွာသောမွေးမြူရေးသမားများနှင့်လက်တွဲကာဖြန့်ဝေပေးလျက်ရှိပါသည်။

ပိုမိုသိရှိလိုပါသလား?

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး

ကျွန်ုပ်တို့သည်ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကိုထည့်သွင်းစဉ်းစားပြီး နယ်ပယ်အားလုံးတွင်ကျွန်ုပ်တို့၏အသိပညာများကိုဆက်လက်တိုးပွားစေရန်လုပ်ဆောင်လျက်ရှိသည်။
တိရစ္ဆာန်မျိုးဗီဇထောက်ပံ့သူများနှင့်သားသတ်ရုံများအပါအဝင်အစားအစာထုတ်လုပ်မှုကွင်းဆက်တိုင်း၏အဆင့်တိုင်းတွင်လည်းအခြားသောလုပ်ငန်းများနှင့်ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏အသိပညာနှင့်အတွေ့အကြုံများကို ပိုမိုတိုးပွားစေရန်အတွက်၊ ကျွန်ုပ်တို့သည်ကမ္ဘာတစ်ဝှမ်းရှိထိပ်တန်းသိပ္ပံသုတေသနဌာနများနှင့်စမ်းသပ်/သုတေသနခြံများနှင့်လည်းအနီးကပ်ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိနေပါသည်။

ကျွန်ုပ်တို့၏မွေးမြူရေးဆိုင်ရာဝန်ဆောင်မှုများမှသင့်အတွက်အကျိုးကျေးဇူးများ

ကျွန်ုပ်တို့သည်ကမ္ဘာတစ်ဝှမ်းမှနောက်ဆုံးရရှိထားသောအချက်အလျက်များနှင့်အတွေ့အကြုံများကိုဝေမျှပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏မွေးမြူရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များသည်မွေးမြူရေးဆိုင်ရာနည်းပညာများကိုတီထွင်ဖန်တီးခြင်းနှင့်အသုံးချခြင်းတွင်ပါဝင်ပြီး မြန်မာ့မွေးမြူရေးသမားများကိုဝေမျှပေးရန်နေ့စဉ်စိတ်အားထက်သန်လျက်ရှိပါသည်။ ဒါတွေအားလုံးဟာမွေးမြူရေးလုပ်ငန်းရှင်များ၏ရလဒ်အပေါ် ကြီးမားသောအကျိုးသက်ရောက်မှုများရှိစေပါသည်။


ဖောက်သည်များ၏ထောက်ခံချက်များ။

ကျွန်ုပ်တို့၏ကျွမ်းကျင်မှုများကမြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များအတွက်မည်ကဲ့သို့ကူညီနိုင်သလဲဆိုတာကိုယခုပဲလေ့လာလိုက်ပါ။