အသားတိုးကြက်စာများ

အသားတိုးကြက်မွေးမြူရေးလုပ်ငန်းရှင်များသည်တစ်ကယ့်ကိုစိန်ခေါ်မှုအပြည့်ရှိနေတဲ့ပတ်ဝန်းကျင်အနေအထားများမှာလုပ်ငန်းလုပ်ကိုင်လျက်ရှိနေကြပါသည်။ အခြားတစ်ဖက်တွင်လည်းထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျှော့ချရန်အထူးပင်လိုအပ်လျက်ရှိနေပါသည်။ အခြားတစ်ဖက်တွင်လည်းစားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော သန့်ရှင်းလတ်ဆတ်သော အရည်အသွေးမြင့်အသားများကိုရရှိရန်တောင်းဆိုမှုများလည်းမြင့်တက်လာလျက်ရှိနေပါသည်။ ကျွန်ုပ်တို့ဒီဟက်(စ်) မြန်မာလီမိတက်အနေဖြင့်အထက်ပါဖော်ပြချက်များကိုမည်ကဲ့သို့ကောင်းမွန်စွာဖြေရှင်းရမည်ကိုသိရှိနားလည်ပြီးဖြစ်ပါသည်။ မွေးမြူရေးသမားတစ်ဦးချင်းစီအတွက် အသင့်တော်ဆုံးဖြစ်စေမည့်အထူးထုတ်အစာများနှင့်စီမံခန့်ခွဲမှုဆိုင်ရာနည်းလမ်းများကိုထောက်ပံ့ပေးပြီးမြန်မာ့မွေးမြူရေးသမားအတွက်ပိုမိုကောင်းမွန်သောအကျိုးရလဒ်များကိုရရှိစေရန်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိနေပါသည်။

အရည်အသွေးမြင့်တိရစ္ဆာန်အစာများကို အကောင်းဆုံးဝန်ဆောင်မှုဖြင့်ပေါင်းစပ်ခြင်း

အသားတိုးကြက်မွေးမြူရေးဆိုင်ရာကျွန်ုပ်တို့၏ဝန်ဆောင်မှုများ

အသားတိုးကြက်မွေးမြူရေးလုပ်ငန်းရှင်တစ်ယောက်အနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချရန်နှင့်ထုတ်လုပ်မှုပိုမိုကောင်းစေရန်အထူးအရေးပေးဆောင်ရွက်ရန်အရေးကြီးလှပါသည်။ ကျွန်ုပ်တို့၏အရည်အသွေးမြင့်ထုတ်ကုန်များနှင့်ကောင်းမွန်သောဝန်ဆောင်မှုများကိုပေါင်းစပ်ခြင်းဖြင့် အစာမှအသားပြောင်းလဲနှုန်းကောင်းမွန်ခြင်း၊ သေနှုန်းနည်းပါးခြင်းနှင့်မျှော်မှန်းထားသောအကျိုးရလဒ်များထက်ပိုမိုရရှိနိုင်သည်အထိကောင်းမွန်သည့်ထုတ်လုပ်မှုများကိုလည်းရရှိနိုင်စေပါလိမ့်မည်။

အသားတိုးကြက်များအတွက် အထူးထုတ်အရည်အသွေးမြင့်အစာများကိုထုတ်လုပ်ပေးနိုင်သည့်အပြင် မိဘမျိုးရိုးကြက်များအတွက်လည်းအထူးထုတ်အစာများကိုထုတ်လုပ်ဖြန့်ချိပေးလျက်ရှိနေပါသည်။ ထိုမှုတစ်ဆင့်အရည်အသွေးအထူးမြင့်မားသည့်အသားတိုးကြက်ပေါက်ကလေးများကိုရရှိစေနိုင်မှာဖြစ်ပါသည်။

  • ကုန်ထုတ်လုပ်မှုပိုမိုတိုးတက်ကောင်းမွန်စေခြင်း။
  • အသားတိုးကြက်ခြံအတွင်းစီမံခန့်ခွဲမှုကောင်းမွန်စေခြင်း။
  • တစ်ခြံချင်းစီအတွက်သင့်တော့်စေမည့် အသားတိုးကြက်စာများ။

အခက်အခဲအချို့ကိုသင်ရင်ဆိုင်နေရပါသလား။

တိရစ္ဆာန်အစာနှင့်ဝန်ဆောင်မှုများ

အသားတိုးကြက်များအတွက်အစာနှင့်ဝန်ဆောင်မှုများ

ဒီဟက်(စ်)မြန်မာအနေဖြင့်များစွာသောအရည်အသွေးမြင့်အသားတိုးကြက်စာများကိုပံ့ပိုးပေးလျက်ရှိနေပါသည်။ သင့်အတွက်အသင့်တော်ဆုံးဖြစ်စေမည့် အစာအမျိုးအစားကိုအခုပဲရှာဖွေလိုက်ပါ။

အသားတိုးကြက်အငယ်စာ

(၁) ရက်သားမှ (၁ဝ) ရက်သားအထိကျွေးပေးရန်

- အစာချေဖျက်မှုကိုမြင့်မားစေသောကြောင့် ကြက်မှ အဟာရနှင့်ဆေးအာနိသင်ကို ကောင်းမွန်စွာရရှိပြီး ဖြည့်စွက်ဆေးနှင့်ဆေးကုသစရိတ်ကိုလျှော့ချနိုင်ပါသည်။ - နိုင်ငံတကာ စားသုံးသူများ ကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ထားသောကြောင့် စားသုံးသူများအတွက် သန့်ရှင်းသောအစာကိုရရှိစေပါသည်။ - အသားတိုးနှုန်းကောင်းမွန်ခြင်း ၊ ဖွံ့ဖြိုးသောပေါင်နှင့်ခြေထောက်ကိုရရှိစေမှာဖြစ်တဲ့အပြင် စားသုံးသူများအတွက် အာဟာရပြည့်ဝသောအသားကိုလည်းဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။

အသားတိုးကြက်အလတ်စာ

(၁၁) ရက်သားမှ (၂၈) ရက်သားအထိကျွေးပေးရန်

- အစာချေဖျက်မှုကိုမြင့်မားစေသောကြောင့် ကြက်မှ အဟာရနှင့်ဆေးအာနိသင်ကို ကောင်းမွန်စွာရရှိပြီး ဖြည့်စွက်ဆေးနှင့်ဆေးကုသစရိတ်ကိုလျှော့ချနိုင်ပါသည်။ - နိုင်ငံတကာ စားသုံးသူများ ကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ထားသောကြောင့် စားသုံးသူများအတွက် သန့်ရှင်းသောအစာကိုရရှိစေပါသည်။ - အသားတိုးနှုန်းကောင်းမွန်ခြင်း ၊ ဖွံ့ဖြိုးသောပေါင်နှင့်ခြေထောက်ကိုရရှိစေမှာဖြစ်တဲ့အပြင် စားသုံးသူများအတွက် အာဟာရပြည့်ဝသောအသားကိုလည်းဖန်တီးပေးနိုင်မှာပဲဖြစ်ပါသည်။

အသားတိုးကြက်အကြီးစာ

(၂၉) ရက်သားမှရောင်းတန်းဝင်ချိန်အထိကျွေးပေးရန်

- အစာချေဖျက်မှုကိုမြင့်မားစေသောကြောင့် ကြက်မှ အဟာရနှင့်ဆေးအာနိသင်ကို ကောင်းမွန်စွာရရှိပြီး ဖြည့်စွက်ဆေးနှင့်ဆေးကုသစရိတ်ကိုလျှော့ချနိုင်ပါသည်။ - နိုင်ငံတကာ စားသုံးသူများ ကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ထားသောကြောင့် စားသုံးသူများအတွက် သန့်ရှင်းသောအစာကိုရရှိစေပါသည်။ - အသားတိုးနှုန်းကောင်းမွန်ခြင်း ၊ ဖွံ့ဖြိုးသောပေါင်နှင့်ခြေထောက်ကိုရရှိစေမှာဖြစ်တဲ့အပြင် စားသုံးသူများအတွက် အာဟာရပြည့်ဝသောအသားကိုလည်းဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။

ပဋိဇီဝဆေးဝါးကင်းစင်သော ကြက်ကြီးစာ

ဈေးကွက်သို့မရောက်မှီတစ်ပတ်အလိုတွင်ကျွေးပေးရန်။

- ဈေးကွက်သို့မရောက်မှီတစ်ပါတ်အလိုတွင်စတင်ကျွေးမွေးပေးရမည်ဖြစ်ပြီး ရောင်းတန်းဝင်ချိန်တွင်မျက်နှာပန်းလှစေပါသည်။ - နိုင်ငံတကာ စားသုံးသူများ ကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ထားသောကြောင့် စားသုံးသူများအတွက် သန့်ရှင်းသောအစာကိုရရှိစေပါသည်။ - အသားတိုးနှုန်းကောင်းမွန်ခြင်း ၊ ဖွံ့ဖြိုးသောပေါင်နှင့်ခြေထောက်ကိုရရှိစေမှာဖြစ်တဲ့အပြင် စားသုံးသူများအတွက် အာဟာရပြည့်ဝသောအသားကိုလည်းဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။

ပိုမိုသောအသားတိုးကြက်စာများ

ကြက်မွေးမြူရေးလက်စွဲစာအုပ်

မည်သည့်ကြက်အမျိုးအစားများကိုမွေးမြူထားပါသလဲ...?

"အပူဒဏ်ခံစားရမှု" ကြောင့်မည်သို့သောဆိုးကျိုးများဖြစ်စေနိုင်ပါသလဲ?

တိရစ္ဆာန်အာဟာရကုမ္ပဏီတစ်ခုအနေဖြင့်မွေးမြူထားသောတိရစ္ဆာန်များအပူဒဏ်ခံရသောအခါတွင်၎င်းတို့အတွက်အကူအညီဖြစ်စေမည့်ဖြည့်စွက်စာများအပြင်အထူးသီးသန့်ထုတ်အစာများကို ဒီဟက်(စ်)မြန်မာကကူညီပံ့ပိုးပေးနိုင်ပါသည်။ ကျွန်ုပ်တို့၏မွေးမြူရေးပညာရှင်များကသင့်ကိုအပြည့်အဝကူညီနိုင်ပါသည်။

Andriod ဖုန်းများအတွက် CoolCare အက်ပလီကေးရှင်း

ကြက်မွေးမြူရေးဆိုင်ရာသုတေသနလုပ်ငန်းစဉ်များ

သင့်မွေးရေးခြံတွင်အကာင်းဆုံးအကျိုးရလဒ်များရရှိစေရန်အတွက်ခေတ်မီပြီးနည်းစနစ်ကျနသောကြက်မွေးမြူရေးအစီအစဉ်များကိုစဉ်ဆက်မပြတ်လုပ်ဆောင်နေလျက်ရှိနေပါသည်။ တစ်ကမ္ဘာလုံးရှိကျွန်တော်တို့၏အတွ့အကြုံများကိုအသုံးပြုလျက် ပြည်တွင်းမွေးမြူရေးသမားများ၏လိုအပ်ချက်များကိုလေ့လာကာ အကောင်းဆုံးကူညီပေးနိုင်ရန်အတွက်လည်း ရည်ရွယ်ထားတာဖြစ်ပါတယ်။

အသေးစိတ်ပိုမိုသိရှိလိုပါသလား