ဝက်မွေးမြူရေးမှာဇီဝလုံခြုံရေးကအလွန်အရေးကြီးပါတယ်။

18 မတ် 2021

အစာဈေးကြီးမြင့်မှုတွေ၊ P.S လို့ခေါ်တဲ့ (မိဘမျိုးရင်းဝက်) ရှားပါးတာတွေ၊ ဝက်ဈေးကွက်ကမတည်မငြိမ်ဖြစ်နေတာတွေ စတာတွေကတော့ကျွန်တော့်အတွက်အမြဲရင်ဆိုင်ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေပေါ့လေ။

ကိုထွန်းကြည်
မြန်မာ

ဝက်မွေးမြူရေးဈေးကွက်အနေအထားကအခုအချိန်မှာအလွန်အရင်းအနှီးကြီးသလိုတစ်ဖက်မှာလည်း ASF လို့ခေါ်တဲ့ African Swine Fever (အာဖရိကဝက်အပျင်းဖျားရောဂါ) လိုမျိုးရောဂါတွေနဲ့ရင်ဆိုင်နေရတဲ့အတွက်တစ်ကယ့်ကိုစွန့်စားပြီးလုပ်ရတဲ့အလုပ်တစ်ခုဆိုရင်လည်းမမှားပါဘူး။ ကျွန်တော့်အနေနဲ့ပြီးခဲ့တဲ့နှစ်တွေမှာတုန်းကတော့အသားတိုးဝက်တွေကိုအဓိကမွေးမြူခဲ့ပါတယ်။ အခုအချိန်မှာတော့ဝက်ပေါက်ရရှိဖို့ခက်လာသလို မျိုးကောင်းမျိုးသန့်ဝက်ပေါက်တွေရရှိဖို့ကလည်းပိုမိုအရေးကြီးလာခဲ့ပါတယ်။

အရင်တုန်းကဆိုရင် ဝက်ပေါက်ရရှိဖို့ကတအားခက်ခဲသလို၊ လိုချင်တဲ့အချိန်မှာဝက်ပေါက်မရတာ၊ လိုချင်တဲ့အရေအတွက်အတိုင်းဝက်ပေါက်တွေမရရှိတာကြောင့်ကျွန်တော့်အတွက်တော့တစ်ကယ့်ကိုခက်ခဲတဲ့နှစ်တွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ကျွန်တော့်အနေနဲ့ မျိုးဝက်ခြံတည်ဆောက်ပြီးကျွန်တော့်ရဲ့ဝက်မွေးမြူရေးလုပ်ငန်းကိုချဲ့ထွင်လုပ်ကိုင်လာခဲ့တာပါ။အစာဈေးကြီးမြင့်မှုတွေ၊ P.S လို့ခေါ်တဲ့ (မိဘမျိုးရင်းဝက်) ရှားပါးတာတွေ၊ ဝက်ဈေးကွက်ကမတည်မငြိမ်ဖြစ်နေတာတွေ စတာတွေကတော့ကျွန်တော့်အတွက်အမြဲရင်ဆိုင်ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေပေါ့လေ။

ဝက်မွေးမြူရေးစတင်လုပ်ကိုင်မယ့်သူတွေ၊ ဝက်မွေးမြူရေးကိုစိတ်ဝင်စားတဲ့လူငယ်တွေအတွက်ကိုအကြံပေးချင်တာကတော့ တစ်နိုင်တစ်ပိုင်မွေးမြူတာမျိုးကအကျိုးအမြတ်နည်းပါးနိုင်ပါတယ်။ဒါ့အပြင် Biosecurity လို့ခေါ်တဲ့ (ဇီဝလုံခြုံရေး) ကိုသေသေချာချာထိန်းချုပ်နိုင်မှသာကိုယ့်အတွက်အကျိုးအမြတ်ရရှိနိုင်မှာဖြစ်ပါတယ်။ အဲ့လိုမှမဟုတ်ရင်တော့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရဖို့အခွင့်အလမ်းပိုများပါလိမ့်မယ်။

ဒီဟက်(စ်)နဲ့လက်တွဲလာတာကတော့ (၃) နှစ်ကျော်လာခဲ့ပြီဖြစ်သလို ဒီဟက်(စ်)ကအရောင်းတာဝန်ခံတွေရဲ့ အကြံဉာဏ်တွေကလည်းတစ်ကယ့်ကိုအဖိုးတန်ပါတယ်။ အကူအညီလိုအပ်တဲ့အချိန်အတိုင်းမှာကျွန်တော့်ခြံကိုအမြန်ဆုံးလာရောက်ပြီးကူညီဆောင်ရွက်ပေးတာကလည်းကျွန်တော်ဒီဟက်(စ်)ကိုရွေးချယ်ရတဲ့အချက်တွေထဲကတစ်ချက်ပါပဲ။

ဒီဟက်(စ်) ဝက်စာများအကြောင်းကိုပိုမိုသိရှိလိုပါသလား?

ဆက်စပ်အကြောင်းအရာများ: