ဂေဟစနစ်နှင့်လျော်ညီသော ထုတ်လုပ်ဖြန့်ဖြူးရေးကွင်းဆက်

ကျွန်ုပ်တို့သည် ကုန်ကြမ်းမှ အစားအစာဖြစ်လာသည်အထိ ဖောက်သည်များ၊ မိတ်ဖက်များနှင့်အတူ တည်တံ့ခိုင်မြဲသော အစာကွင်းဆက်ကို ဖန်တီးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် တိရစ္ဆာန်အစာအတွက် ထုတ်လုပ်မှုနှင့် ပို့ဆောင် ဖြန့်ဖြူးမှုနယ်ပယ်များတွင် သဘာဝအရင်းအမြစ်များကို ထိရောက်စွာအသုံးပြုရန်နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှုကို လျှော့ချရန် ကြိုးပမ်းဆောင်ရွက်နေပါသည်။ ကျွန်ုပ်တို့သည် လယ်သမားများ နှင့်အတူ အချက်အလက်နှင့် အသိပညာများကို မျှဝေပြီး တိရစ္ဆာန်ပရိုတင်းတန်ဖိုးကွင်းဆက်ရှိ အဓိကမိတ်ဖက်များနှင့် ပူးပေါင်းကာ စိုက်ပျိုးရေးနည်းလမ်းအသစ်များနှင့် စီးပွားရေးအယူ အဆများကို ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် ကျွန်ုပ်တို့၏ကွင်းဆက်ကို ပိုမိုတည်တံ့ခိုင်မြဲစေရန် ဆောင်ရွက်လျက်ရှိပါသည်။

ဂေဟစနစ်နှင့်လျော်ညီသောထုတ်လုပ်ဖြန့်ဖြူးရေးကွင်းဆက်။

ခေါင်းစဉ်များ

  • 1 အရင်းအမြစ်များကို ပြန်လည် အသုံးပြုခြင်း။

    တိရစ္ဆာန်အစာထုတ်လုပ်ရာတွင် အသစ်နှင့် ရှားပါးအရင်းအမြစ်များ လျှော့သုံးနိုင်ရန် အစားအစာလုပ်ငန်းမှ ကျန်အရင်းအမြစ်များနှင့် အစားအစာစွန့်ပစ်များကို အသုံးချခြင်း။
    ပိုမိုသိရှိလိုပါသလား
  • 3 သဘာ၀ပတ်၀န်းကျင်အတွက် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် တာ၀န်ယူ၍ ကုန်းကြမ်း၀ယ်ယူခြင်း။

    ပတ်ဝန်းကျင်ဆိုင်ရာ စိစစ်ချက်လုပ်ငန်းစဉ် (သစ်တောပြုန်းတီးမှု၊ ဇီဝမျိုးစုံမျိုးကွဲများ စသည့်အချက်များ) ချမှတ်ဆောင်ရွက်ခြင်းဖြင့် ကုန်ကြမ်းပစ္စည်းများ တာဝန်ယူဝယ်ယူမှုကို သေချာစေပါသည်။
    Learn more
  • 5 စွန့်ပစ်ပစ္စည်းနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှု

    ထုတ်လုပ်မှုဆိုင်ရာကွင်းဆက်တစ်လျှောက်တွင် ပစ္စည်းများကို ပြန်သုံးခြင်း၊ သဘာဝနှင့်သဟဇာတဖြစ်သော ထုပ်ပိုးနည်းများဖြင့် အမှိုက်နှင့်ရေအရင်းအမြစ်များကို တာဝန်သိစွာထိန်းသိမ်းစီမံပါသည်။
1
3
5
2
4
6
  • 2 လူမှုအကျိုးပြု ပြည့်ဝစွာတာဝန်ယူသည့် ကုန်ကြမ်းရရှိမှု။

    ကုန်ကြမ်းပစ္စည်းများ တာဝန်ယူဝယ်ယူမှုကို သေချာစေရန် လူမှုရေးဆိုင်ရာ စိစစ်ချက် လုပ်ငန်းစဉ် (ဥပမာ - လူ့အခွင့်အရေး၊ အတင်းအကျပ်အလုပ်ခိုင်းစေမှု စသည်) ချမှတ်ဆောင်ရွက်ပါ။
    Learn more
  • 4 ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများ။

    ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်များနှင့် ကုန်ထုတ်ကွင်းဆက်တစ်လျှောက် GHG ထုတ်လွှတ်မှု လျှော့ချရန်ဖြစ်ပါသည်။
    Learn more
  • 6 တိရိစ္ဆာန်များ၏ ကျန်းမာရေး။

    လယ်သမားများအားအစားအစာအတွက် မွေးမြူထားသော တိရစ္ဆာန်များကို မည်သို့ဂရုစိုက်ကိုင်တွယ်ရမည်ကို လမ်းညွှန်အကြံပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းစဉ်တစ်လျှောက် တိရစ္ဆာန်များ၏ ကောင်းမွန်သော ဘဝအခြေအနေကို အာမခံပါသည်။

ရေရှည်တည်တံ့သော ထုတ်လုပ်မှုကွင်းဆက်နှင့်သက်ဆိုင်သောရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက်များ။

အောက်ဖော်ပြပါ ရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက်များသည် ရေရှည်တည်တံ့သော ထုတ်လုပ်မှုကွင်းဆက် မဏ္ဍိုင်နှင့် သက်ဆိုင်ပါသည်။

  • SDG 8: သင့်တင့်သော အလုပ်အကိုင်နှင့်စီးပွားရေးတိုးတက်မှု
  • SDG 9: စက်မှုလုပ်ငန်း၊ ဆန်းသစ်တီထွင်မှုနှင့်အခြေခံအဆောက်အအုံ
  • SDG 12: တာဝန်ယူမှုရှိသော စားသုံးမှုနှင့်ထုတ်လုပ်မှု
  • SDG 13: ရာသီဥတုလုပ်ဆောင်ချက်
  • SDG 14: ရေအောက်သက်ရှိဘဝ
  • SDG 15: ကုန်းမြေသက်ရှိဘဝ
တာဝန်ခံမှုအပြည့်ရှိသောအစာထောက်ပံ့ခြင်း။

ကျွန်ုပ်တို့၏ချဥ်းကပ်မှု

တာဝန်ခံမှုအပြည့်ရှိသောအစာထောက်ပံ့ခြင်းတွင်ပါဝင်သည့်အခြားသောအစီအစဉ်များကို ပိုမိုသိရှိလိုပါသလား။

ပိုမိုသိရှိလိုပါသလား