နွေရာသီမှာဝက်တွေကိုဘယ်လိုပြုစုစောင့်ရှောက်မလဲ...?

29 ဖေဖော်ဝါရီ 2024
-
15 Mins

a large swine fattener in stable at the swine farm.

ဝက်မွေးမြူရေးလုပ်ငန်းရှင်များအနေနဲ့ ပူပြင်းတဲ့နွေရာသီမှာ အောက်ပါနည်းလမ်းများအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ပေးခြင်းဖြင့် အပူဓာတ်လွန်ကဲခြင်းဆိုသည့် အန္တရာယ်မှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Farm Management (ပြုစုစောင့်ရှောက်မှု)။

🔵 မိမိခြံရဲ့ လေဝင်လေထွက် ကောင်းမကောင်း စစ်ဆေးပေးရမည်။ ထို့ကြောင့် ခြံစတင်ဆောက်လုပ်ချိန်ကတည်းက လေဝင်လေထွက်ကောင်းသော ခြံ ဖြစ်အောင် ဂရုစိုက်ပေးရပါမယ်။ ထို့အတူ အမိုးကိုမနိမ့်အောင်လည်း ဂရုစိုက်ပေးရပါမယ်။

🔵 မျိုးဝက်မများဖြစ်ပါကလည်း ဝက်မရဲ့ ခန္ဓာကိုယ်အနေအထားကို စစ်ပေးရပါမည်။ မျိုးဝက်မများအနေနှင့် အရမ်းဝလွန်းနေပါက အပူဒဏ်ကို ပို၍ ခံစားရနိုင်တာကြောင့်ဖြစ်ပါသည်။

🔵 အရမ်းပူသောရာသီတွင် ဝက်များသည် အစာစားနှုန်းကျတက်ပါသည်။ ကျရသည့်အကြောင်းမှာ အစာစားပြီးပါက စားလိုက်သည့်အစာကို ချေဖြတ်၍ ထွက်လာသော အပူကို ဝက်များသည် ရာသီဥတုပူသော အချိန်တွင် ပို၍ခံစားရသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အရမ်းပူသော နွေရာသီမျိုးတွင် အစာကျွေးသည့်အချိန်ကို မနက်အစောပိုင်း အေးသောအချိန်နှင့် ညပိုင်းအပူချိန် ကျသောအချိန်များသို့ ပြောင်းလဲ ကျွေးပေးသင့်ပါသည်။

🔵 အရမ်းပူသောရာသီတွင် ဝက်များကို stress နည်းနိုင်သမျှနည်းအောင်နှင့် ခြံပတ်ဝန်းကျင်ကိုလည်း တိတ်ဆိတ်နေအောင် ဂရုစိုက်ပေးသင့်ပါသည်။

🔵 ခြံပတ်ဝန်းကျင်တွင် ယင်ကောင်အလာနဲအောင်လဲ ဂရုစိုက်ပေးသင့်ပါသည်။ ယင်ကောင်အလာနဲစေရန် ခြံ၏ကြမ်းခင်းများတွင် အစာကျန်များမရှိအောင် ဂရုစိုက်ခြင်း၊ မစင်များကို စနစ်တကျ အကြိမ်ရေများများ သန့်ရှင်းပေးခြင်း၊ လေဝင်လေထွက်ကောင်းအောင် ဂရုစိုက်ပေးခြင်းများအပြင် ယင်ကောင်ပေါက်ဖွားရာ နေရာများကို စနစ်တကျ ဆေးဖြန်းခြင်း များလုပ်ဆောင်ပေးသင့်ပါသည်။

one sow is breast feeding to some piglets.

_____________________________


Water (ရေ)။ 

မိမိခြံ၏ ရေသောက်ခေါင်းများမှ ရေထွက်နှုန်းလုံလောက်မှုရှိမရှိကရုစိုက် စစ်ဆေးပေးသင့်ပါသည်။ မိမိခြံရှိ ရေသောက်ခေါင်းမှ ရေထွက်နှုန်းလုံလောက်မှုရှိမရှိကို အောက်ပါအတိုင်း စစ်ဆေးနိုင်ပါသည်။

🔵 နို့စို့ ဝက်ကလေးများအတွက် တစ်မိနစ်လျှင် 0.6 လီတာ

🔵 သားခွဲဝက်ကလေးများအတွက် တစ်မိနစ်လျှင် 0.8 လီတာ

🔵 အသားတိုးဝက်များအတွက် တစ်မိနစ်လျှင် 1 လီတာ

🔵 ကိုယ်ဝန်ဆောင်ဝက်မများအတွက် တစ်မိနစ်လျှင် 1 လီတာ

🔵 နို့ပေးဝက်မ များအတွက် တစ်မိနစ်လျှင် 2.5 လီတာ ထွက် ရှိရပါမည်။

ပူပြင်းလှသော နွေရာသီနေ့လယ်ခင်းတွင် မိမိခြံထဲရှိ ရေသောက်ခေါင်းတိုင်၏ ရေများ ပူနွေးနေမှုရှိမရှိ စစ်ဆေးပေးသင့်ပြီး ပူနွေးနေပါက ရေများအေးလာသည်အထိ ဖောက်ထုတ်ပေးသင့်ပါသည်။ ထို့အပြင် နေ့ခင်းပိုင်းတွင် ဝက်များကိုနှိုးပေးပြီး ရေတိုက်ပေးသင့်ပါသည်။ ပူသောရာသီတွင် မွေးဝက်မ များကို အခြားဝက်များထက် ရေ အပိုထားပေးသင့်ပါသည်။ ဥပမာ - အစာခွက်ထဲသို့ ရေထည့်ပေးထားခြင်းမျိုး လုပ်ဆောင်သင့်ပါသည်။

_____________________________


Feed (အစာ)။

နွေရာသီရောက်လာပါက ဆောင်းရာသီတွင်သုံးခဲ့သော အစာကျွေးနှုန်းအတိုင်း ဆက်မကျွေးပဲ ​အစာကျွေးနှုန်း guideline နှင့်အစာကျွေးချိန် ကို ပြန်လည် ရေးဆွဲသင့်ပါသည်။

🔵 အစာကို အေးသောမနက်စောစောနှင့် အပူချိန်နည်းသော ညပိုင်းတွင် အဓိကထား ကျွေးသင့်ပါသည်။

🔵 ပူသောရာသီတွင် အစာ၏ ပျက်စီးနှုန်းမြန်သောကြောင့် အစာခွက်အတွင် အစာကျန်များ၊ အစာအလေအလွင့်များ နည်းနေအောင် ဂရုစိုက်သင့်ပါသည်။

🔵 အရမ်းပူသောနေ့များတွင် ဗိုက်တာမင် စီ (Vit C), ဂလူးကို့စ် (glucose) များကို ရေနှင့် ဖျော်စပ်တိုက်နိုင်ပါသည်။


သတိပြုရန်........

ဖျော်စပ်ရာတွင်ပါသော ဂလူးကို့စ်သည် အချိန်ကြာကြာထားပါက အချဥ်ပေါက်ပြီး ဝမ်းနှင့်ပက်သတ်သော ပြဿနာများ ကြုံရတတ်ပါသည်။

_____________________________


Housing (အဆောက်အဦး)။

ပူသောရာသီတွင် ပူသောဒဏ်ကို အလုံပိတ်အဲယားကွန်း ခြံများထက် အဖွင့်ခြံများက ပို၍ ခံရတတ်ပါသည်။ ထို့ကြောင့် အဖွင့်ခြံဆောက်မည်ဆိုပါက ခြံမဆောက်ခင်ကတည်းက နားလည်တတ်ကျွမ်းသော ခြံဆောက်ပညာရှင်များနှင့် တိုင်ပင်ဆွေနွေး၍ စနစ်တကျ ဆောက်လုပ်သင့်ပါသည်။ ခြံအကျယ်အဝန်းကိုလဲ မိမိထည့်မည့် ဝက်ကောင်ရေနှင့် တွက်ပြီးမှ စနစ်တစ်ကျ သတ်မှတ်သင့်ပါသည်။

ခြံဆောက်ရာတွင် အမိုးအရမ်းနိမ့်ပါက အပူဒဏ်ကိုပိုခံစားရတက်ပါသည်။ ထို့ကြောင့်အမိုးအရမ်းမနိမ့်အောင် ဂရုစိုက်ရပါမည်။ ထိုမှသာ အပူဒဏ်ကိုသက်သာစေသည့်အပြင် လေဝင်လေထွက်လဲ ပိုမိုကောင်းမွန်စေပါသည်။ ထို့အပြင် တံစပ်မြိတ်ကိုလဲ ခပ်ရှည်ရှည် ထုတ်သင့်ပါသည်။

ခြံဆောက်ရာတွင်လဲ တောင်နဲ့မြောက်ဘက်မှာ ဆောက်ခြင်းထက် လေဝင်လေထွက်ကောင်းစေရန် အရှေ့ နှင့်အနောက်ကို ဦးတည်ဆောက်သင့်ပါသည်။ ရေပိုက်လိုင်းများသွယ်တန်းရာတွင်လဲ နေမထိုးနိုင်သောနေရာမှ သွယ်တန်းပေး စသည်တို့ကို စနစ်တကျလုပ်ဆောင်ပေးရပါမည်။

အပူချိန်များခြင်းနေသည့်အခါ တက်များတွင် အောက်ပါ ဆိုးကျိုးများစွာကို ခံစားရနိုင်ပါသည်။

🔵 နို့ပေးဝက်မကြီးများတွင် တစ်နေ့ အစာစားနှုန်း 2.8 kg အထိ ကျသွားနိုင်ခြင်း။

🔵 နို့ပေးဝက်များကြီးများ အစာစားနှုန်းကျသောကြောင့် နို့ထွက်နှုန်းကျကာ နို့စို့ဝက်ကလေးများပိန်ခြင်း၊ အချိန်မှီသားမခွဲနိုင်ခြင်း၊ သားခွဲ အလေးချိန်လျော့နည်းခြင်း။

🔵 သာစပ်သည့်ဝက်မများတွင် သားအောင်နှုန်း လျော့ကျခြင်း၊ အသေ အခြောက်များ မွေးနိုင်ခြင်း။

🔵 အသားတိုးဝက်များတွင်လဲ အစာစားနှုန်းကျ၍ အသားတိုးနှုန်း ကျဆင်းခြင်း၊ မွေးရက်များ ရှည်သွားခြင်း။ စသော ဆိုးကျိုးများ ကို ဖြစ်ပေါ်စေပါသည်။

a grower pig is looking with the clear eyes.

 

ကျွန်ုပ်တို့သင့်ကိုကူညီနိုင်ပါတယ်။

မွေးမြူထားသောတိရစ္ဆာန်အမျိုးအစား

မျိုးဝက်မများအတွက် အရည်အသွေးမြင့်စပ်စာ။