
ရေရှည်တည်တံ့စေခြင်း
လူတိုင်းအတွက် အာဟာရကြွယ်ဝပြီး ဘေးကင်းသည့်အစားအစာများကိုဖန်တီးပေးခြင်း

Kyi Thar Win
Sustainability Specialist
ဒီဟတ်(စ်)၏ Sustainability လုပ်ငန်းစဉ်များအကြောင်းကိုပိုမိုသိရှိလိုပါသလား
အသေးစိတ်ဆက်သွယ်ရန်
ရေရှည်တည်တံ့ရေးအတွက် ကျွန်ုပ်တို့၏ခံယူချက်များ။
ဒီဟတ်(စ်)မြန်မာလီမိတက်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာဖူလုံရေးအတွက် လုပ်ဆောင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းသောအစားအသောက်များဖြစ်စေရန်အတွက်လွန်စွာအရေးကြီးကြောင်း သိရှိနားလည်ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဖောက်သည်များဖြစ်သောမွေးမြူရေးလုပ်ငန်းရှင်များ၊ အစားကိုယ်စားလှယ်တော်ကြီးများနှင့်လက်တွဲဆောင်ရွက်ကာ ရည်ရှည်တည်တံ့သော အစာကွင်းဆက်ဖြစ်ပေါ်အောင်လက်တွဲဆောင်ရွက်ခြင်းဖြင့် လူသားများနှင့်ကမ္ဘာမြေကြီးအတွက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အာဟာရပြည့်ဝသောအစားအစာများဖန်တီးချင်းထက်ပိုမိုကာ ဘေးအန္တရာယ်ကင်းရှင်းသော၊ လူတိုင်းလက်လှမ်းမီနိုင်သော၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းပါးပြီး အဟာရပြည့်ဝသောအစားအစာများကိုဖန်တီးလုပ်ဆောင်ပေးသွားပါမည်။
ရည်ရွယ်ချက်: အနာဂတ်မျိုးဆက်များအား ပြုစုပျိုးထောင်ပေးခြင်း။
ကမ္ဘာ့လူဦးရေတိုးပွားလာမှုနှင့်အတူ ဘေးကင်းသည့်အစားအစာများရှားပါးလာသလို ငတ်မွတ်ခေါင်းပါးမှုနှင့် ရာသီဥတုပြောင်းလဲမှုအတွက်ဖြေရှင်းချက်များကိုအလျင်အမြန်လုပ်ဆောင်ရန်လိုအပ်လျက်ရှိလာပါတယ်။ လူတိုင်းလက်လှမ်းမီနိုင်ပြီး ဘေးကင်းအာဟာရပြည့်ဝသည့် အစားအသောက်ရရှိဖို့ကလိုအပ်ချက်တစ်ခုတင်မဟုတ်ပါဘူး။ ဒါဟာ အခြေခံလူ့အခွင့်အရေးတစ်ခုလည်းပဲဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ ဘေးကင်းလုံခြုံတဲ့အစာကွင်းဆက်တစ်ခုကို တာဝန်ယူမှုရှိစွာတည်ဆောက်ခြင်းဖြင့် အနာဂတ်မျိုးဆက်များအပါအဝင်လူသားအားလုံးအတွက် လိုအပ်သောဘေးကင်းတဲ့အစားအစာများကို ရရှိစေနိုင်ပါမယ်။
ကျွန်တော်တို့ရဲ့ Nourishing Future Generations ဆိုတဲ့အစီအစဉ်ကတော့ ရည်မှန်းချက်တစ်ခုဆိုတာထက်ကိုပိုပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိနေတဲ့ မွေးမြူရေးလုပ်ငန်းရှင်များကို ကုန်ကျစရိတ်အနည်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းများကိုမျှဝေပြီး ပိုမိုသန့်ရှင်းပြီး ရေရှည်နေထိုင်ဖို့အဆင်ပြေတဲ့ ကမ္ဘာကြီးဖြစ်စေနိုင်ဖို့အတူတကွဖန်တီးနိုင်စေရန်ရည်ရွယ်ပါတယ်။ အရည်အသွေးမြင့်တိရစ္ဆာန်အစာများနဲ့အကောင်းမွန်ဆုံးသောဝန်ဆောင်မှုများမှတဆင့် ကျန်းမာသော မွေးမြူရေးတိရစ္ဆာန်များ၊ ထုတ်လုပ်မှုကောင်းမွန်သောခြံများနှင့် ဘေးကင်းပြီးရေရှည်တည်တံ့နိုင်သော အစားအစာကွင်းဆက်များကိုတည်ဆောက်နိုင်စေမှာပဲဖြစ်ပါတယ်။

အာဟာရပြည့်ဝသောအစားအစာများကို လူတိုင်းလက်လှမ်းမီနိုင်ရမည်။
တာဝန်ယူမှုအပြည့်ရှိသော အစားအစာထောက်ပံ့မှုအစီအစဉ်။
ကျွန်တော်တို့၏ ရေရှည်တည်တံ့မှုဆိုင်ရာ ရည်မှန်းချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်အတွက် အထက်ဖော်ပြပါအစီအစဉ်အားဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းအစီအစဉ်ထဲမှာတော့ ရေရှည်တည်တံ့နိုင်မယ့် အစာကွင်းဆက်တည်ဆောက်ခြင်း၊ ကုန်ထုတ်လုပ်မှုမြင့်မားစေခြင်း၊ သဘာဝပတ်ဝန်းကျင်အားထိခိုက်မှုလျော့နည်းစေခြင်းနှင့်မွေးမြူရေးလုပ်ငန်းရှင်များအပါအဝင် ဒေသခံပြည်သူလူထုများကိုပံ့ပိုးပေးခြင်း စသည်တို့ပါဝင်ပါတယ်။
ဒီအစီအစဉ်ကနေပြီး ကျွန်တော်တို့ကိုယ်တိုင်ဆောင်ရွက်နေတဲ့ အစာကွင်းဆက်တစ်လျှောက်မှာရှိနေတဲ့လိုအပ်ချက်တွေကိုလည်း ပိုမိုသိမြင်လာနိုင်စေမှာဖြစ်ပါတယ်။ ရေရှည်တည်တံ့မှုဆိုတာက တာဝန်ယူမှုတစ်ခုသာလျှင်မဟုတ်ဘဲ အခွင့်အလမ်းတစ်ခုလို့လည်းကျွန်တော်တို့ယုံကြည်ထားပါတယ်။ အဲ့ဒီအခွင့်အရေးကနေတဆင့် မွေးမြူရေးလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူလူထုများနှင့်မိတ်ဖက်စီးပွားလုပ်ကိုင်သူများကို ပိုမိုကောင်းမွန်စေနိုင်မှာလည်းဖြစ်ပါတယ်။
Learn More

ကုလသမဂ္ဂဆိုင်ရာ ရေရှည်တည်တံ့မှုပန်းတိုင်များအတွက် ကျွန်ုပ်တို့၏ကတိကဝတ်များ။
ကုလသမဂ္ဂမှ ၂ဝ၁၅ ခုနှစ်တွင် ချမှတ်ခဲ့သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို တစ်ကမ္ဘာလုံးရှိလူများအတွက် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးဖြစ်စေရန်အတွက် အသေးစိတ်ကျနစွာဖြင့်အသိအမှတ်ပြုဆောင်ရွက်လျက်လည်းရှိနေပါတယ်။ ကျွန်ုပ်တို့ဒီဟတ်(စ်)အနေဖြင့်လည်း အဆိုပါရည်မှန်းချက်များကို ဂုဏ်ယူစွာဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေပါတယ်။
Learn more about our sustainability journey