Finisher
Harvest at the right time
အဓိကရည်မှန်းချက်
အရည်အသွေးကောင်းသောငါးများသည် ပိုမိုပြီးအကျိုးကျေးဇူးဖြစ်ထွန်းစေပါသည်။
ဤအဆင့်၏ အဓိကရည်မှန်းချက်မှာ ငါးများကို စျေးကွက်ဝင်အရွယ်တွင် အရည်အသွေးကောင်းမွန်ပြီး အသွင်အပြင်လှပစွာ ဖမ်းဆီးရောင်းချနိုင်ရန် ပြင်ဆင်ခြင်း ဖြစ်သည်။ ငါးမဖမ်းမီ အစာဖြတ်ထားခြင်းဖြင့် ငါးသားအရည်အသွေးကို ပိုကောင်းစေပါသည်။ သင့်တော်သောအချိန်တွင် ဖမ်းဆီးခြင်းဖြင့် စျေးကောင်းရရှိစေနိုင်ပါသည်။
ဤအဆင့်တွင် အစာအသုံးအများဆုံး ဖြစ်သည်
ငါးများသည် ဤအဆင့်တွင် အလေးချိန်အများဆုံးဖြစ်သဖြင့် အစာကိုလည်း အများဆုံးစားသုံးကြသည်။ ထို့ကြောင့် ဤကာလသည် ကုန်ကျစရိတ် အများဆုံးအချိန်ဖြစ်သည်။ ငါးဖမ်းချိန်အထိ အစာလုံလောက်စွာရှိပါစေ။ ကုန်ကျစရိတ်လျှော့ချရန် ငါးများကို ဤအဆင့်တွင် လိုအပ်သည်ထက် ပို၍ မထားပါနှင့်။ ငါးကို စျေးကွက်ဝင်အရွယ်ရောက်သည်နှင့် အမြန်ဆုံးနှင့် အထိရောက်ဆုံး ဖမ်းဆီးရောင်းချခြင်းက အကောင်းဆုံးဖြစ်သည်။
ငါးကြီးစာရွေးချယ်ခြင်း
ဤအဆင့်တွင် အစာကျွေးခြင်းသည် ထိရောက်မှုနှင့် စီးပွားရေးတွက်ခြေကိုက်မှုအပေါ် မူတည်သည်။ အာဟာရပြည့်ဝသော အစာများသည် ငါးကို အမြန်ကြီးစေပြီး စောစောဖမ်းနိုင်သော်လည်း အစာဈေးနှုန်း ပိုမြင့်နိုင်သည်။ ဈေးသက်သာသော အစာများသည် ငါးကြီးထွားမှု နှေးစေနိုင်ပါသည်။ သင့်ခြံ၏ ရည်မှန်းချက်နှင့် ကိုက်ညီမည့် နည်းလမ်းကို ရွေးချယ်ပါ။
ငါးသေဆုံးမှုကို အနည်းဆုံးဖြစ်အောင်မည်သို့လုပ်မလဲ။
ဤအချိန်တွင် ငါးတိုင်းသည် တန်ဖိုးရှိနေပြီဖြစ်၍ အသေအပျောက်မရှိရန် အထူးအရေးကြီးသည်။ အစာကျွေးသည့်အခါ လူတစ်ယောက်တည်းကသာ ကျွေးခြင်းဖြင့် ငါးများ၏ အမူအရာ ပြောင်းလဲမှုကို ချက်ချင်း သတိပြုမိနိုင်ပါသည်။ ထို့အပြင် ရေအရည်အသွေးကို ပုံမှန်စစ်ဆေးခြင်းဖြင့် ငါးများကို ကျန်းမာစေပါသည်။
အမေးများသောမေးခွန်းများ
ငါးကြီးအဆင့်အတွက်အဓိကမေးခွန်းများ
ငါးစျေးကျနေချိန် သို့မဟုတ် ဝယ်သူမရှိချိန်တွင် ဤသို့လုပ်နိုင်ပါသည်။ သို့သော် ငါးများ အလေးချိန်မကျသွားစေရန် "အလေးချိန်ထိန်းရုံ (Maintenance Level)" အစာပမာဏကို ဆက်ကျွေးပေးရပါမည်။ ဝယ်သူ (ပွဲစား) များ ပုံမှန်လာဝယ်စေရန် အပတ်စဉ် ငါးကို ပုံမှန်ပမာဏအတိုင်း ထုတ်ရောင်းပေးနိုင်ခြင်းက ပိုကောင်းပါသည်။
ကျွန်ုပ်တို့၏ကျွမ်းကျင်ပညာရှင်များနှင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ငါးမွေးမြူရေးအစာများ
သင့်ကန်ထဲကငါးတွေအတွက် အသင့်တော်ဆုံးသောဒီဟတ်(စ်)ငါးစာများ
ကျွန်ုပ်တို့၏ငါးမွေးမြူရေးပညာရှင်များနှင့်ဆွေးနွေးတိုင်ပင်လိုက်ပါ။
ငါးများ၏အရည်အသွေးနှင့်ကြီးထွားမှုကို အကောင်းဆုံးဖြစ်စေရန် အကူအညီများလိုအပ်ပါသလား ငါးမွေးမြူရေးအဆင့်တိုင်းမှာ သင့်ကိုကူညီဖို့ကျွန်တော်တို့ရဲ့ပညာရှင်များက ကူညီဖို့အဆင်သင့်ရှိနေပါတယ်။
Myo Tun
Sr. Aqua Technician