Powering Aquaculture Progress

Powering Aquaculture Progress (PAP Project)

ငါးမွေးမြူရေးကဏ္ဍအားဖွံ့ဖြိုးတိုးတက်စေခြင်း

PAP Project ဆိုတာကတော့ (Powering Aquaculture Progress Project) ဖြစ်ပြီးDe Heus Myanmar Ltd က ဦးဆောင်ကာ Fresh Studio၊ Myanmar Department of fisheries၊ Myanmar Fishery Federation ၊ Pathein University နှင့် Golden Fish World ကုမဏ္ဏီတို့ပူးပေါင်းကာမြန်မာ့ငါးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် အတူလက်တွဲပူးပေါင်းကာအကောင်အထည်ဖော်ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ ငါးသည် မြန်မာနိုင်ငံ၏အဓိက အသားဓာတ်ရရှိသော အစားအစာအရင်းအမြစ်ဖြစ်သောကြောင့် ယခုစီမံကိန်းကို လုပ်ဆောင်ပေးခြင်းဖြင့် မြန်မာနိုင်ငံ၏အာဟာရနှင့် ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ ထောက်ပံ့ပေးနိုင်စေရန်လည်း ရည်ရွယ်ထားတဲ့ စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။
ငါးမွေးတောင်သူများနှင့်ငါးမွေးမြူရေးအလုပ်သမားများအတွက်အကျိုးအမြတ်ပိုမိုရရှိစေရန်ရည်ရွယ်ကာပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ငါးမွေးမြူရေးဏ္ဍရေရှည်တိုးတက်ဖွံ့ဖြိုးစေဖို့လည်းမျှော်မှန်းထားပါတယ်။ ထို့ါအပြင်မြန်မာ့ငါးမွေးတောင်သူများအတွက် အရည်အသွေးမြင့်ထုတ်ကုန်များရရှိစေရန်နှင့် ပိုမိုထိရောက်သောနည်းစနစ်များကိုလည်း နားလည်တတ်ကျွမ်းစေရန်ရည်ရွယ်ကာလုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။
 
 

(၁) စွမ်းအားမြှင့် ငါးမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း။

 

(၂) စီမံကိန်း ရည်ရွယ်ချက်


စွမ်းအားမြှင့်ငါးမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းသည်ရေရှည်တည်တံ့ကောင်းမွန်သောငါးမွေးမြူရေးနည်းပညာသစ်များဖြင့် စမ်းသပ်မွေးမြူခြင်းဖြင့် ငါးမွေးမြူရေးလုပ်ငန်းကိုဖွံ့ဖြိုးတိုးတက်စေရန်အတွက်ရည်ရွယ်ပါသည်။ ယခုစီမံကိန်း၏ရလဒ်အနေဖြင့် ပိုမိုထိရောက်သောထုတ်လုပ်မှုနည်းစနစ်များ၊ အရည်အသွေးမီသောထွက်ကုန်များ၊ ငါးမွေးတောင်သူများနှင့်အလုပ်သမားများအတွက်အကျိုးအမြတ်ရှိသောမွေးမြူရေးငါးထုတ်လုပ်ခြင်းနှင့်စားသုံးသူများလွယ်ကူစွာဝယ်ယူစားသုံးနိုင်မည်ဖြစ်ပါသည်။ ငါးသည်မြန်မာနိုင်ငံတွင် အဓိကအသားဓာတ်ရရှိသောအစားအစာအရင်းအမြစ်ဖြစ်သဖြင့်ယခုစီမံကိန်းသည်နိုင်ငံ၏အာဟာရနှင့်ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုကိုပါထောက်ပံ့ပေးနိုင်မည်ဖြစ်ပါသည်။

(၃) စီမံကိန်းအချိန်ကာလ


ယခုစီမံကိန်းသည် (၅) နှစ်စီမံကိန်းဖြစ်ပါသည်။ ၂ဝ၁၉ ခုနှစ် သြဂုတ်လတွင်စတင်ခဲ့ပြီး ၂ဝ၂၄ ခုနှစ် ဂျူလိုင်လတွင်ပြီးစီးမည်ဖြစ်ပါသည်။

 

(၄) စီမံကိန်းလျာထားအသုံးစရိတ်


စုစုပေါင်းရန်ပုံငွေ = ယူရို (၅ )သန်း
နယ်သာလန် အစိုးရမှ (၅ဝ) ရာခိုင်နှုန်း ပံ့ပိုးထားပြီး ဒီဟက်(စ်) မြန်မာလီမိတက်မှ (၅ဝ) ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံ့ထားပါသည်။

 

(၅) စီမံကိန်း၏တည်နေရာ


ယခုစီမံကိန်းသည် ရန်ကုန်မြို့အနီးတစ်ဝိုက်တွင်စတင်မည်ဖြစ်ပြီး အခြားသောဒေသများသို့ ကနဦးစစ်တမ်းကောက်ယူမှုရလဒ်ပေါ်မူတည်ပြီးနောက်ပိုင်းတွင်တိုးချဲ့သွားပါမည်။

powering_aquaculture_progress