ရေရှည်တည်တံ့မှုဆိုင်ရာများနှင့်ပတ်သတ်၍ကျွန်ုပ်တို့၏ CEO များနှင့်အင်တာဗျူး။

10 အောက်တိုဘာ 2021
-
5 minutes

ဒီဟက်(စ်) တိရစ္ဆာန်အစာထုတ်လုပ်ရေးကိုလုပ်ကိုင်ခဲ့လာသည်မှာယခုဆိုလျှင်မျိုးဆက် (၄) ဆက်တိုင်ခဲ့ပြီပဲဖြစ်ပါသည်။ ကုမ္ပဏီအားအဓိကဦးဆောင်နေသည့် CEO နှစ်ဦးကတော့ Co နှင့် Koen de Heus တို့ဖြစ်ပါသည်။ ယခုကျွန်တော်တို့အင်တိုက်အားတိုက်လုပ်ဆောင်နေသည့် ရေရှည်တည်တံ့မှုဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သတ်ပြီး Co နှင့် Koen de Heus တို့၏အမြင်နှင့်သဘောထားများကိုမေးမြန်းဖော်ပြပေးလိုက်ပါတယ်။

အရင်တုန်းကလူကြီးမင်းတို့နှစ်ယောက်စလုံးပြောဖူးခဲ့တာရှိပါတယ်။ အဲ့ဒါကရေရှည်တည်တံ့ခိုင်မြဲမှုတွေကိုလုပ်ဆောင်ခြင်းနှင့်ဦးဆောင်ဦးရွက်ပြုခြင်းဆိုတဲ့နှစ်ခုရဲ့ဆက်သွယ်ချက်ပါ။ အဲ့ဒီအကြောင်းလေးကိုပြောပေးပါဦး။

ကျွန်တော်တို့ရဲ့လုပ်ငန်းစတင်ခဲ့တဲ့ ၁၉၁၁ ခုနှစ်ကစတင်ပြီး လုပ်ငန်းရဲ့အမွေအနှစ်နဲ့ဦးဆောင်ဦးရွက်ပြုနိုင်မှု၊ ထိန်းကျောင်းနိုင်မှုစသည့်တန်ဖိုးများသည်ကျွန်တော်တို့အတွက်တော့တစ်ကယ့်ကိုအရေးကြီးတဲ့အပိုင်းတွေပဲဖြစ်ပါသည်။ လက်ရှိလုပ်ငန်းအမွေအနှစ်တွေကိုခောတ်နဲ့လျော်ညီစွာထိန်းသိမ်းပြီးခိုင်မြဲအောင်ကြိုးစားသွားရပါမယ်။ ဒါ့အပြင်ကျွန်တော့်တို့ရဲ့ကုမ္ပဏီကိုမျိုးဆက်တစ်ခုမှနောက်မျိုးဆက်တစ်ခုသို့အဆင့်ဆင့်လွှဲပြောင်းလုပ်ကိုင်သွားကြရမှာဖြစ်တဲ့အတွက်နောင်လာနောင်သားများအတွက်ရေရှည်တည်တံ့သည့်လုပ်ငန်းခွင်များကိုဖန်တီးပေးရန်လည်းအရေးကြီးကြောင်း Koen de Heus မှထပ်လောင်းပြောကြားပါသည်။

ရေရှည်တည်တံ့ခိုင်မြဲမှုတွေကိုလုပ်ဆောင်ခြင်းနှင့်ဦးဆောင်ဦးရွက်ပြုခြင်းအပေါ်တွင်လူကြီးမင်းတို့အနေဖြင့်မည်ကဲ့သို့ရှုမြင်ထားပါသလဲ။

အခုအချိန်ဟာကျွန်တော်တို့၏အောင်မြင်မှုအမွေအနှစ်များပေါ်တွင်ပြန်လည်သုံးသပ်ရန်အတွက်အချိန်အခါကောင်းလည်းပဲဖြစ်ပါသည်။ ထပ်မံဖြစ်ပေါ်လာမည့်မျိုးဆက်များအတွက်ကောင်းမွန်သောအမွေအနှစ်များကိုချန်ရစ်ထားခဲ့ရန်အရေးကြီးသကဲ့သို့ကမ္ဘာမြေကြီးအားပြန်လည်စောင့်ရှောက်ရန်မှာလည်းကျွန်တော်တို့ရဲ့တာဝန်ပင်ဖြစ်ပါသည်။ တိရစ္ဆာန်အစာထုတ်လုပ်သူတစ်ဦးအနေဖြင့် အစားအစာထုတ်လုပ်ရေးကွင်းဆက်များကိုကြည့်မယ်ဆိုရင်တစ်ကယ့်ကိုစိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတယ်ဆိုတာကိုတွေ့မြင်ရမှာပါ။ လာမယ့် သက္ကရာဇ် (၂ဝ၅ဝ) ကိုပဲကြည့်ပါ။

ကမ္ဘာ့လူဦးရေသည်လာမည့်ဆယ်စုနှစ်များတွင် 9.8 ဘီလီယံအထိတိုးလာမည်ဟု ခန့်မှန်းထားတဲ့အတွက်ကျွန်ုပ်တို့အနေဖြင့်အစားအစာပေါင်းမည်မျှထုတ်လုပ်ပေးရမလဲဆိုတာကိုထင်ရှားစွာသိမြင်နိုင်ပါလိမ့်မယ်။ဘေးအန္တရာယ်ကင်းရှင်းပြီးလူတန်းစားမရွေးလက်လှမ်းမီနိုင်မည့်အစားအစာတွေကိုရရှိနိုင်ဖို့ဟာ ယနေ့ကမ္ဘာမှာရင်ဆိုင်နေရတဲ့အကြီးမားဆုံးအခက်အခဲတွေထဲကတစ်ခုပါပဲ။

တစ်ချိန်တည်းမှာပဲကျွန်တော်တို့ဟာအစာထုတ်လုပ်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်စေနိုင်မယ့်ထုတ်လုပ်ရေးလုငန်းစဉ်များကိုသာရွေးချယ်လုပ်ကိုင်ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယနေ့ခေတ်အခါမှာသဘာဝပတ်ဝန်းကျင်ဟာဆိုးရွားစွာပျက်စီးလျက်ရှိနေတဲ့အတွက်ကြောင့်ပါ။ ဒါ့ကြောင့်တစ်ဖက်မှာလည်းလုပ်ငန်းလုပ်ကိုင်ရင်းသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်ဖို့အထူးပင်အရေးကြီးလှပါတယ်။

ရေရှည်တည်တံ့မှု၏အရေးပါမှုနှင့်ပတ်သက်၍ သင့်ထင်မြင်ချက်သည်ယခင်ကနှင့်ယခုပြောင်းလဲမှုရှိသွားပါသလား။

ဒါပေါ့။ ရှိတာပေါ့။ ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်သစ်များအတွက်အမြဲတမ်းတွေးတောပေးနေရပါတယ်။ အရင်တုန်းကတော့ကုမ္ပဏီနဲ့ပတ်သတ်တဲ့ကိစ္စရပ်တွေပေါ်မှာပဲအာရုံစိုက်ခဲ့ပြီးယခုအချိန်မှာတော့ကျွန်ုပ်တို့၏စဉ်းစားတွေးခေါ်မှုတွေကိုချဲ့ထွင်ဖို့လိုအပ်ပြီး ရာသီဥတုအပါအဝင်ကျွန်ုပ်တို့နှင့်ထိစပ်လျက်ရှိသောလူမှုအသိုင်းအဝန်းများကိုပါထည့်သွင်းစဉ်းစားဖို့လိုအပ်ကြောင်းသတိပြုမိလာကြပါတယ်။ ဒါကြောင့်လွန်ခဲ့သောနှစ်အနည်းငယ်ကကျွန်တော်တို့ရဲ့ ရည်မှန်းချက်နှင့်မျှော်မှန်းချက်များကိုခေတ်နှင့်လျော်ညီစွာပြုပြင်ပြောင်းလဲခဲ့ခြင်းလည်းပဲဖြစ်ပါတယ်။

ပြောင်းလဲလိုက်တဲ့လုပ်ငန်းမျှော်မှန်းချက်များနှင့်ရည်မှန်းချက်များအကြောင်းပိုမိုပြောပြပေးနိုင်မလား။

ပထမဦးဆုံးကျွန်ုပ်တို့၏အဓိကအပြောင်းအလဲ(၃)ခုကိုပြုလုပ်ခဲ့ပါတယ်။
ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်နှင့်တိရစ္ဆာန်များရေရှည်ရှင်သန်ရပ်တည်နိုင်ရေးတို့အတွက်အတတ်နိုင်ဆုံးဂရုတစိုက်ဖြင့်ပြုလုပ်သွားမှာဖြစ်ပြီး ဘေးအန္တရာယ်ကင်းရှင်းကာလူတန်းစားမရွေးလက်လှမ်းမီနိုင်စေမည့်အစားအစာများဖန်တီးနိုင်စေရေးအတွက်ပံ့ပိုးသွားမည်ဖြစ်ကြောင်းကျွန်ုပ်တို့ရှင်းလင်းစွာဖော်ပြထားပါသည်။ ကျွန်တော်တို့၏လုပ်ဆောင်ချက်တွေရဲ့အကျိုးသက်ရောက်မှုက ကျွန်တော်တို့အတွက်အရေးကြီးတယ်ဆိုတာကိုလည်းသက်သေပြလျက်ရှိနေပါတယ်။

ဒုတိယအချက်အနေနဲ့ကတော့ကျွန်ုပ်တို့အနေဖြင့်ကျွန်ုပ်တို့အလုပ်လုပ်ကိုင်ရာနေရာဒေသ (နိုင်ငံများ) ရှိစိုက်ပျိုရေးဆိုင်ရာလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ တောင်သူလယ်သမားများအနေဖြင့်၎င်းတို့၏စိုက်ပျိုးရေးလုပ်ငန်းများအရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လာစေရန်ပဲဖြစ်ပါတယ်။

တတိယအချက်ကတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကိုအကောင်အထည်ဖော်ရာမှာကျွန်တော်တို့ရဲ့ဝန်ထမ်းများနှင့်လက်တွဲပြီးအတူတကွဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါဟာကျွန်တော်တို့အနေနဲ့ပိုမိုကောင်းမွန်ပြီးရေရှည်တည်တံ့မှုရှိစေမည့်အနာဂတ်ကိုအတူတကွဖော်ဆောင်နေခြင်းရဲ့ပြယုဂ်တစ်ခုလည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့မျှော်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေကိုပြန်လည်ပြင်ဆင်ပြီးတဲ့နောက်မှာပဲ ကျွန်တော်တို့ဟာ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝရှိသောအစားအစာထောက်ပံ့ခြင်းအစီအစဉ် (Responsible Feeding Program) ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။

 

"မိသားစုပိုင်တိရစ္ဆာန်အစာထုတ်လုပ်သည့်လုပ်ငန်းတစ်ခုအနေနဲ့ကျွန်တော်တို့သည်သန့်ရှင်းလတ်ဆတ်ပြီးဘေးအန္တရာယ်ကင်းရှင်းသည့်အစားအစာများကိုရေရှည်တည်တံ့မှုရှိစွာထောက်ပံ့ပေးနိုင်စေရန်အတွက်အမြဲတမ်းကြိုးစားဆောင်ရွက်ပေးလျက်ရှိပါသည်။ အဆိုပါရည်မှန်းချက်ကိုပြည့်ဝစေရန်အတွက် ကျွန်တော်တို့သည်မွေးမြူရေးလုပ်ငန်းရှင်များနှင့်အစားအစာထုတ်လုပ်ရေးကွင်းဆက်တစ်လျှောက်လုံးတွင်ပွင့်လင်းမြင်သာမှုရှိစွာဖြင့်အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။"

ကျွန်ုပ်တို့၏ရည်မှန်းချက်

Co နှင့် Koen de Heus တို့၏ပြောကြားချက်

တာဝန်ယူမှုရှိသောအစားအစာထောက်ပံ့ခြင်းအစီအစဉ်ကိုဖွံ့ဖြိုးတိုးတကစေရန်မည်သို့တွန်းအားဖြစ်စေခဲ့ပါသနည်း။

ကျွန်တော်တို့သည်အတိရစ္ဆာန်အစားအစာထုတ်လုပ်ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်တာနှင့်အညီလူသားများအတွက်ဘေးအန္တရာယ်ကင်းရှင်းသည့်အစားအစာများထောက်ပံ့ပေးရန်တာဝန်အပြည့်အဝရှိလာပါတယ်။ ဒါကြောင့်ယခုကဲ့သို့အစီအစဉ်ကိုစတင်သည့်အခါမှာမည်သည့်အပိုင်းသည်ထိရောက်မှုအရှိဆုံးနှင့်အကျိုးကျေးဇူးအဖြစ်ထွန်းနိုင်ဆုံးဖြစ်စေမည်ကိုရှာဖွေခဲ့ပါတယ်။ ၎င်းအချက်တွေကတော့ ကုန်ကြမ်းများမှအရည်အသွေးမြင့်တိရစ္ဆာန်အစာများကိုပြောင်းလဲခြင်း၊ တိရစ္ဆာန်များ၏ကျန်းမာရးနှင့်ရှင်သန်ရပ်တည်နိုင်မှုတို့ကိုအားပေးခြင်း၊ မွေးမြူရေးလုပ်ငန်းရှင်များရင်ဆိုင်နေရသောအခက်အခဲများကိုအတူတကွရင်ဆိုင်ဖြေရှင်းကာ၎င်းတို့အားအကျိုးအမြတ်ဖြစ်ထွန်းစေခြင်း စသည်တို့ကိုတွေ့ရှိခဲ့ပါတယ်။

ကျွန်တော်တို့၏အစီအစဉ်များကိုစိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာဖွံ့ဖြိုးမှုအားနည်းသည့်နိုင်ငံများတွင်စတင်လုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါလုပ်ငန်းများသည် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသခံပြည်သူများ၏လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးသည့်အထောက်အကူတစ်ခုအဖြစ်လုပ်ဆောင်လျက်လည်းရှိနေပါတယ်။

တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ကူညီဆောင်ရွက်ခြင်းဖြင့်ပိုမိုကောင်းမွန်သောအကျိုးကျေးဇူးများဖြစ်ထွန်းစေရန်ယုံကြည်ထားတဲ့အတွက်ကြောင့် မိမိတို့အနေဖြင့်ဒေသတွင်းစိုက်ပျိုးရေးထွက်ကုန်များကိုနိုင်ငံတကာအဆင့်မီဖြစ်စေရန်အသိပညာများကိုလည်းဖြန့်ဝေပေးလျက်ရှိနေပါသည်

ရေရှည်တည်တံ့ရေးနဲ့ပတ်သက်ပြီး အရေးကြီးဆုံးဦးစားပေးတွေကဘာတွေများဖြစ်မလဲ။

ကျွန်တော်တို့ရဲ့အစီအစဉ်ကိုကြည့်လိုက်မယ်ဆိုရင်များစွာသောခေါင်းစဉ်တွေကိုတွေ့ရမှာဖြစ်ပြီး ဒါတွေဟာ ဒီဟက်(စ်)ရဲ့အဓိကလှုပ်ရှားမှုတွေလည်းပဲဖြစ်ပါတယ်။ အားလုံးသိပြီးဖြစ်ကြတဲ့အတိုင်းအခက်အခဲဆုံးအပိုင်းကတော့ တိရစ္ဆာန်အစာထုတ်လုပ်သည့်အပိုင်းကတော့အခက်အခဲဆုံးပဲဖြစ်ပါတယ်။ အထူးသဖြင့်တိရစ္ဆာန်အစာထုတ်လုပ်ရာတွင်အသုံးပြုသည့်ပဲပိစပ်ထုတ်လုပ်ရာတွင်ထွက်ရှိလာသည့်ကာဗွန်ဒိုင်အောက်ဆိုဒ်များပင်ဖြစ်သည်။

နောက်တစ်ချက်ကတော့ကျွန်ုပ်တို့အပါအဝင်ကမ္ဘာနှင့်အဝှမ်းရင်ဆိုင်နေကြရတဲ့ ပဋိဇီဝဆေးယဉ်ပါးမှုပါ။ နောက်တစ်ချက်ကတော့မွေးမြူရေးလုပ်ငန်းရှင်များအကျိုးအမြတ်ပိုမိုရရှိစေနိုင်မည့် အပိတ်စနစ်သုံးခြံများတည်ဆောက်လုပ်ကိုင်ခြင်းမှတစ်ဆင့်ကုန်ကျစရိတ်များလျှော့ချနိုင်စေပြီး ထုတ်ကုန်တိုးတက်ကာအကျိုးအမြတ်ပိုမိုရရှိစေနိုင်ခြင်းပဲဖြစ်ပါတယ်။ ၎င်းမှတဆင့်သန့်ရှင်းပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်အစားအစာများကိုရရှိနိုင်ပါလိမ့်မယ်။

ကျွန်တော်တို့သည်ရေရှည်ဖွံ့ဖြိုးတိုးတက်စေမည့်စီမံကိန်းများချမှတ်ကာစိုက်ပျိုးရေးလုပ်ငန်းများကိုအဆင့်မြင့်လာစေရန်လုပ်ဆောင်ပေးလျက်ရှိနေပါတယ်။ ထိုမှတဆင့်နောင်လာမည့်မျိုးဆက်သစ်များအတွက်မျိုးစေ့ချပေးပြီးသားလည်းဖြစ်စေမှာဖြစ်ပါတယ်။

FEED. Magazine

ဤမဂ္ဂဇင်းတွင်၊ ကျွန်ုပ်တို့သည်ကမ္ဘာတစ်ဝှမ်းရှိ De Heus လုပ်ငန်းယူနစ်များမှတိုးတက်မှုနှင့် ရေရှည်တည်တံ့မှုဆိုင်ရာဇာတ်လမ်းတိုများကိုမျှဝေပေးထားပါသည်။