ငလျင်ဒဏ်သင့် ဒီဟတ်(စ်)မြန်မာဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနား။ (ပထမအကြိမ်)
07 မေ 2025
-
10 minutes
ကျွန်တော်တို့ဒီဟတ်(စ်)မြန်မာလီမိတက်အနေဖြင့် စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများကြုံတွေ့ခံစားခဲ့ရသော နေရာဒေသများသို့ထိရောက်သောကူညီလှူဒါန်းမှုများပြုလုပ်ပေးနိုင်စေရန်အတွက် အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Mr. Leo Zaw
Managing Director
Managing Director
"လက်တွဲဖေးကူ ဒီဟတ်(စ်)နှင့်အတူ"
ကျွန်တော်တို့ဒီဟတ်(စ်)မြန်မာလီမိတက်အနေဖြင့် စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများကြုံတွေ့ခံစားခဲ့ရသော နေရာဒေသများသို့ထိရောက်သောကူညီလှူဒါန်းမှုများပြုလုပ်ပေးနိုင်စေရန်အတွက် အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ၂ဝ၂၅ ခုနှစ်၊ မေလ (၇) ရက်နေ့ ယနေ့တွင်လည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများတွေ့ကြုံခဲ့ရသော ဒီဟတ်(စ်)မြန်မာဝန်ထမ်း (၂၅) ယောက်အတွက် ၎င်းတို့လက်တလောကြုံတွေ့နေရသောအခြေအနေများနဲ့အခြေခံလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်စေရန်အတွက် ထောက်ပံ့ငွေများကို "ဒီဟတ်(စ်)မြစ်ငယ်အစာသိုလှောင်ရုံ" တွင် ပထမအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဒီဟတ်(စ်)မြန်မာလီမိတက်အနေဖြင့် သဘာဝဘေး ငလျင်ဒဏ်သင့်ဒေသများတွင်အကူအညီများရရှိနိုင်စေရန်အတွက် ကနဦးမတည်အလှူငွေ သိန်း (၅ဝဝဝ) ကျပ်ကို ဆေးဘက်ဆိုင်ရာလှူဒါန်းမှုအဖွဲ့အစည်းတစ်ခုသို့လှူဒါန်းခဲ့ပြီးဖြစ်သလို မြန်မာ့မွေးမြူရေးလုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရေးနှင့်ပြန်လည်ထူထောင်ရေးတို့အတွက် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်သို့ ငွေကျပ် သိန်း (၂ဝဝ) ကိုလည်းထပ်မံလှူဒါန်းခဲ့ပါသည်။ ငလျင်ဘေးဒဏ်သင့်မြို့များနှင့်ကျေးရွာဒေသများတွင်လည်း အာဟာရပိုင်းဆိုင်ရာလိုအပ်ချက်များကိုဖြည့်ဆည်းနိုင်စေရန်အတွက် ကြက်ဥအလုံးပေါင်း (၄၂ဝဝဝ) ကိုဈေးနှုန်းအထူးချိုသာစွာဖြင့်ရောင်းချပေးခဲ့ပြီး ဒီဟတ်(စ်)မြန်မာဝန်ထမ်းများနှင့်မိသားစုဝင်များအတွက်ရေရှည်ထောက်ပံ့ပေးခြင်းအစီအစဉ်များကိုလည်းဆက်လက်ပြုလုပ်ပေးသွားမှာလည်းဖြစ်ပါသည်။
ဆက်စပ်အကြောင်းအရာများ: