Mr. Gabor Fluit (Group CEO Royal De Heus) မြန်မာနိုင်ငံသို့လာရောက်ခြင်း။

11 ဇူလိုင် 2025
-
12 minutes

ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် မွေးမြူရေးအစာထုတ်လုပ်ခြင်းလုပ်ငန်းများတိုးချဲ့လုပ်ကိုင်လျက်ရှိနေသော Royal De Heus Group ၏ CEO Mr. Gabor Fluit သည် ဇူလိုင်လ (၁ဝ) ရက်နေ့တွင်မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး De Heus Myanmar ၏ ရုံးချုပ်နှင့်အစာထုတ်လုပ်ရေးစက်ရုံများသို့ ကိုယ်တိုင်သွားရောက်လည်ပတ်ခဲ့ပါသည်။

a group photo of men and ladies inside of the hotel grand ballroom.
Mr. Gabor သည် De Heus Myanmar ရုံးချုပ်သို့ ရောက်ရှိလာခဲ့ပြီး၊ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ၎င်းအခမ်းအနားတွင် မြန်မာနိုင်ငံ၌လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းများအား သတ္တိ၊ စည်းလုံးညီညွတ်မှု၊ မျှော်လင့်ချက်နှင့် ရည်ရွယ်ချက်ရှိစွာ ဖြတ်သန်းနိုင်ရေးအတွက် အဓိကထားပြောကြားခဲ့သလို ဒီဟတ်(စ်)အနေဖြင့် မြန်မာနိုင်ငံတွင် ထပ်မံတိုးချဲ့လုပ်ကိုင်သွားမည့် လုပ်ငန်းစဉ်များကိုလည်းပြောကြားပေးခဲ့ပါသည်။

ထို့နောက်ဝန်ထမ်းများမှမေးမြန်းခဲ့ကြသည့် မြန်မာနိုင်ငံအတွက် ဒီဟတ်(စ်)၏စီးပွားရေးဆိုင်ရာမျှော်မှန်းချက်များ ဝန်ထမ်းအကျိုးစီးပွားများနှင့် နည်းပညာတိုးတက်မှုများအကြောင်းကိုလည်း ရင်းနှီးပွင့်လင်းစွာဖြင့်ဖြေကြားပေးခဲ့ပါသည်။ ထို့နောက်နေ့လည်ပိုင်းတွင် ဒီဟတ်(စ်)အစာစက်ရုံများသို့ သွားရောက်ခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ အရည်အသွေးကောင်းမွန်သည့် အစာများထုတ်လုပ်ခြင်းမှသည် ဘေးအန္တရာယ်ကင်းရှင်းသည့် အစားအစာများဖြစ်လာစေရန်အတွက် ဒီဟတ်(စ်)အနေဖြင့် အမြဲတမ်းကြိုးစားလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။