ငလျင်ဒဏ်သင့် ဒီဟတ်(စ်)မြန်မာဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနား။ (ဒုတိယအကြိမ်)

13 မေ 2025
-
10 minutes

၂ဝ၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် စစ်ကိုင်းတိုင်းအားဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့်ထိခိုက်ဆုံးရှုံးမှုများစွာနဲ့အတူ မိသားစုဝင်များ၊ အသက်အိုးအိမ်များလည်းအကြီးအကျယ်ပျက်စီးပြိုကွဲခဲ့ရပါသည်။

a man is standing in front of a backdrop at the event about myanmar earthquake support program.

"လက်တွဲဖေးကူ ဒီဟတ်(စ်)နှင့်အတူ"

 
၂ဝ၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် စစ်ကိုင်းတိုင်းအားဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့်ထိခိုက်ဆုံးရှုံးမှုများစွာနဲ့အတူ မိသားစုဝင်များ၊ အသက်အိုးအိမ်များလည်းအကြီးအကျယ်ပျက်စီးပြိုကွဲခဲ့ရပါသည်။ ထို့ကြောင့်ဒီဟတ်(စ်)မြန်မာလီမိတက်အနေဖြင့် ငလျင်ဒဏ်ခံစားခဲ့ရသော နေရာဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြုလုပ်နိုင်စေရန်အတွက်လည်း အင်တိုက်အားတိုက်ပါဝင်ကူညီပေးလျက်ရှိနေပါသည်။ သဘာဝဘေး ငလျင်ဒဏ်ခံစားခဲ့ရသော ဒီဟတ်(စ်)မြန်မာဝန်ထမ်းများနှင့်မိသားစုဝင်များအတွက် "ဒီဟတ်(စ်)မြစ်ငယ်အစာသိုလှောင်ရုံ" ၌ ၂ဝ၂၅ ခုနှစ်၊ မေလ (၇) ရက်နေ့တွင် ပထမအကြိမ်အဖြစ် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ၂ဝ၂၅ ခုနှစ်၊ မေလ (၁၃) ရက်နေ့ ယနေ့တွင်လည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများတွေ့ကြုံခဲ့ရသော ဒီဟတ်(စ်)မြန်မာဝန်ထမ်း(၂၄) ယောက်အတွက် ၎င်းတို့လက်တလောကြုံတွေ့နေရသောအခြေအနေများနဲ့အခြေခံလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်စေရန် ထောက်ပံ့ငွေများကို "ဒီဟတ်(စ်)မြောင်းတကာစက်ရုံ"တွင် ဒုတိယအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
 
a factory employee is accepting a gift box from a man
 
ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရသော နေရာဒေသများတွင် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်နိုင်စေရန်အတွက် ငွေကျပ်သိန်း (၅ဝဝဝ) ကိုလည်း ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုသို့လှူဒါန်းပေးခဲ့ပြီးဖြစ်သလို စစ်ကိုင်းတိုင်းနှင့်မန္တလေးအနီးတဝိုက်ရှိနေရာဒေသများတွင်မွေးမြူရေးလုပ်ငန်းများဆက်လက်ရပ်တည်လုပ်ကိုင်နိုင်ရန်အတွက်မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်သို့ငွေကျပ်သိန်း (၂ဝဝ) ကိုလည်းပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ ဝန်ထမ်းများ၏ ပြန်လည်ထူထောင်ရေးအတွက် ဒီဟတ်(စ်)မြန်မာအနေဖြင့် လိုအပ်သည့်အချိန်တိုင်းတွင် ရင်ဆိုင်ကူညီဖြည့်ဆည်းပေးလျက်ရှိပြီး၊ လူမှုအကျိုးပြုလုပ်ငန်းများကို တာဝန်သိစိတ်ဖြင့် အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်းကတိပြုအပ်ပါသည်။ ငလျင်ဘေးဒဏ်ခံစားနေရသော ဝန်ထမ်းမိသားစုများ စိတ်ဓာတ်မကျဘဲ ဘဝကိုပြန်လည်တည်ဆောက်နိုင်ရန်၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည်ရှင်သန်လာစေရန်နှင့် ငလျင်ဘေးသင့်ပြည်သူများအတွက် ဒီဟတ်(စ်)မြန်မာသည် တာဝန်သိမှုအပြည့်ဖြင့် ပူးပေါင်းပါဝင်ကူညီပေးသွားမှာလည်းဖြစ်ပါသည်။