ပင်မစာမျက်နှာ / တရိစ္ဆာန်အစာများ / နွားမွေးမြူရေးအစာများ / နွားငယ်စာ

နွားငယ်စာ

De Heus သုတေသနဠာနမှကျွမ်းကျင်ပညာရှင်များက နွားငယ်များအတွက်အစာအာဟာရပိုင်းဆိုင်ရာများကို စဉ်ဆက်မပြတ်လေ့လာဆန်းစစ်မှုများပြုလုပ်လျက်ရှိနေသည့်အတွက် နွားငယ်များအတွက် အသင့်တော်ဆုံးဖြစ်
စေမည့် ပြုစုပျိုးထောင်ပေးခြင်းလုပ်ငန်းစဉ်များဖြစ်သည့် မွေးစမှသားခွဲကာလ၊ နွားငယ်များအရွယ်ရောက်ကာလနှင့် ကိုယ်ဝန်ဆောင်ချိန်ကာလစသည့်အဆင့်ဆင့်တိုင်းအတွက် အကောင်းဆုံးသောဝန်ဆောင်မှုများကိုပေးစွမ်း
နိုင်မှာဖြစ်ပါသည်။

အထက်ဖော်ပြပါအဆင့်တိုင်းအတွက် တိကျသေချာသောအစီအစဉ်များချမှတ်လုပ်ဆောင်ပေးမှာဖြစ်တဲ့အတွက် အောက်ပါအကျိုးကျေးဇူးများကိုရရှိခံစားနိုင်စေမှာလည်းပဲဖြစ်ပါသည်။
(၁) နို့ပေးရက်ကိုကြာရှည်စေပြီး အရည်အသွေးကောင်းမွန်သည့် နို့များလုံလောက်များပြားစွာထုတ်လုပ်ပေးနိုင်ခြင်း
(၂) နွားငယ်များကို ပြုစုပျိုးထောင်ချိန်တိုတောင်းစေပြီး စံချိန်စံညွန်းမှီစွာဖြင့်လျင်မြန်စွာကြီးထွားစေခြင်း
(၃) ဖွံ့ဖြိုးကောင်းမွန်သောအစာအိမ်ကြီးနဲ့အတူ ကျန်းမာသန်စွမ်းတဲ့နွားကြီးများကိုရရှိစေခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေနိုင်မှာပဲဖြစ်ပါသည်။

နိုင်ငံတကာအဆင့်မှီ De Heus မှကျွမ်းကျင်ပညာရှင်များက သုတေသနပေါင်းများစွာနှင့်လေ့လာဆန်းစစ်မှုပေါင်းများစွာကိုကျယ်ပျံ့စွာလုပ်ဆောင်ပေးလျက်ရှိနေပြီး နွားမွေးမြူရေးလုပ်ငန်းရှင် တစ်ဦးတစ်ယောက်ချင်းစီရဲ့မတူ
ညီသောလိုအပ်ချက်များပေါ်တွင်မူတည်ပြီး အရည်အသွေးမြင့်မားသောနွားစာများကိုပံ့ပိုးပေးသွားမှာလည်းပဲဖြစ်ပါသည်။

ကျွနု်ပ်တို့၏နွားမွေးမြူဆိုင်ရာ ပညာရှင်များ၏အထောက်အပံ့

ကျွနု်ပ်တို့၏ပညာရှင်များအနေဖြင့် နွားမွေးမြူရေးလုပ်ငန်းရှင်များကိုကူညီထောက်ပံ့ပေးနိုင်ရန်အတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေပါသည်။
၎င်းတို့အနေဖြင့် နွားမွေးမြူရေးလုပ်ငန်းရှင်များ၏အကျိုးစီးပွားဖြစ်ထွန်းစေဖို့အတွက် နေ့စဉ်နေ့တိုင်းကြိုးစားလျက်ရှိနေပြီး အစာစားနှုန်းနှင့်အတူအသားတိုးနှုန်း၊ နို့ထွက်နှုန်း စသည်တို့ကိုကောင်းမွန်စေအောင်လည်းကြိုးစားပေးနေမှာပဲဖြစ်ပါသည်။

အကောင်းဆုံးအကျိုးရလဒ်များကို ရရှိစေနိုင်ဖို့အတွက် နွားမွေးမြူရေးဆိုင်ရာအသိပညာများ၊ နွားအမျိုးအစားဆိုင်ရာဗဟုသုတများကို ကျွနု်ပ်တို့၏ Customers များအတွက်စဉ်ဆက်မပြတ်ကြိုးစားပေးထောက်ပံ့အကြံပေးလျက်ရှိနေတာလည်းပဲဖြစ်ပါသည်။

De Heus Myanmar Ltd is one of the leading Livestock and animal feeds company in Myanmar and offering the best animal feeds in Myanmar. We are also providing the appropriate advice, technical supports, and strong suggestions for the ruminants farmers.