အစာမှိုအဆိပ်သင့်ခြင်း

21 ဖေဖော်ဝါရီ 2022
-
3 Mins

အစာမှိုအဆိပ်သင့်ခြင်း

နွားမွေးမြူရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် မိမိတို့မွေးမြူထားသည့်နွားများကိုကျွေးမည့်အစာအမယ်၊ အမျိုးအစားများသည် ရိတ်သိမ်းသည့်ပုံစံ၊ထုတ်ပိုးမှုပုံစံ၊ သယ်ယူမှုပုံစံ၊ ထားသိုမှုပုံစံ မှန်ကန်မှုမရှိခြင်း(သို့မဟုတ်)လိုအပ်ချက်များရှိခဲ့ခြင်းကြောင့် အချိန်ကာလပေါ်မူတည်၍ အစာအတွင်း မှိုအမျိုးမျိုးပေါက်ဖွားစေပြီး ၎င်းအစာကိုစားသုံးလိုက်သည့်နွားများတွင် မှိုအဆိပ်သင့်အန္တရာယ်ဖြစ်ပေါ်လာစေပါတယ်။

နွားတွင် မှိုအဆိပ်သင့်ခြင်းဖြစ်ပေါ်သည့်အခါ အနေအထိုင် ထိုင်းမှိုင်းခြင်း၊ စမြှပ်ခပ်အကြိမ်ရေနှင့် အိပ်ချိန်နည်းပါးလာပြီး မတ်တပ်ရပ်နေသည့်အချိန် ပိုများလာခြင်း၊ အစားစားနှုန်းလျော့ကျလာခြင်း၊ အသက်ရှူခက်ခဲကြပ်တည်းလာခြင်း၊ ပါးစပ်ဖွင့်အသက်ရှူချိန်များလာခြင်း၊ အမြင်အာရုံဝေဝါးလာခြင်း၊ အလင်းကြည့်မြင်ရန် ကြောက်ရွံ့လာခြင်း၊ မျက်ရည်အဆက်မပြတ်ကျခြင်း၊ ပြတ်တောင်းပြတ်တောင်း ဝမ်းအရည်သွားခြင်း နှင့် ဝမ်းချူပ်ခြင်း၊ မစင်အတွင်းအကျိအရွှဲ အူနံရံအမြှေးပါးများ နှင့် သွေးပါခြင်း၊ မေးရိုး ရင်ဘက်နှင့်ဝမ်းဘက်တို့တွင် အရည်အိပ်တည်ခြင်း၊ နို့ပေးနှုန်းလျော့နည်းခြင်း(သို့မဟုတ်)ရပ်တန့်ခြင်း၊ မျိုးအောင်နှုန်းကျခြင်းနှင့်ဇီးလျှောခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်ကြုံတွေ့ရနိုင်သည်။


အစာမှိုအဆိပ်သင့်ခြင်းကို ဘယ်လိုကုသကြမလဲ?


အထက်ပါမှိုအဆိပ်သင့်လက္ခဏာများ ကြုံတွေ့လာရပါက မှိုဆိပ်သင့်အစာအမယ်များကျွေးခြင်းကို ချက်ချင်းဖျက်တောက်ရပ်ဆိုင်းရမည်၊ လတ်ဆတ်သောအစာကြမ်းအစိမ်းများ ကျွေးပေးရမည်၊ ဆားရည်ပျော့ပျော့ တိုက်ပေးရမည်၊ သန့်ရှင်းလတ်ဆတ်သော သောက်ရေ လုံလောက်စွာ စိတ်ကြိုက်သောက်နိုင်အောင် စီစဉ်ထားပေးရမည်၊ 25%-50% glucose ကို 1000 ml တိုက်ပေးနိုင်သည်။ ဗီတာမင်-C ၊ ဝမ်းနှုတ်ဆေးနှင့်ဆီးဆေး တိုက်ကျွေးပေးနိင်သည်၊ 5%ဆိုဒီယမ် ကလိုရိုက်၊ ဆိုဒီယမ် ဆာလ်ဖိတ်၊ မဂ်ငနီဆီယမ် ဆာလ်ဖိတ် တိုက်ကျွေးနိုင်သည်၊

ဒီဟတ်မှ ထုတ်လုပ်ဖြန့်ဖြူးနေသော နွားစာများတွင် မှိုအဆိပ်အန္တရာယ်လုံးဝကင်းရှင်းစေရန်အဆင့်ဆင့်စစ်ဆေးပြီးဖြစ်သည့်အပြင် မှိုအဆိပ်ကင်းစင်၍သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးအကောင်းဆုံးသော အစာအမယ်အမျိုးအစားများကို သန့်စင်၊ ပေါင်းခံ၊ ပိုးသတ်ပြီး စနစ်တကျ ထုတ်ပိုးထားပါသည်။ ထို့ကြောင့်အစာအတွင်းတွင်ရောစပ်ထည့်သွင်းပေးထားသော အာဟာရများကို စားသုံးလိုက်သောနွားမှအပြည့်အဝစုပ်ယူရရှိမှာဖြစ်ပြီး နွားကျန်းမာရေးနှင့်ထုတ်လုပ်မှုများကောင်းမွန်တိုးတက်လာမှာဖြစ်ပါတယ်။

အခြားသောဗဟုသုတများကိုလည်းဖတ်ရှုနိုင်ပါသည်။