အားပျော့သောနွားငယ်လေးများဘာကြောင့်မွေးဖွားရတာလဲ...?

10 အောက်တိုဘာ 2023
-
5 Mins

a calf is standing in stable

အားပျော့ (ချိနဲ့သော) နွားငယ်ကလေးတွေဘာကြောင့်မွေးဖွားရသလဲဆိုတာကိုအရင်မပြောခင် အားပျော့နွားငယ်ဆိုတာဘာလဲ အရင်ပြောကြည့်ကြရအောင်။ အားပျော့နွားငယ်လေးတွေဆိုတာကတော့ မွေးဖွားပြီးစနွားငယ်လေးမှာ နို့ဦးရည်ကောင်းစွာမစို့နိုင်ခြင်း၊ မတ်တပ်မရပ်နိုင်ခြင်း၊ မွေးစခန္ဓာကိုယ်အလေးချိန်နည်းလွန်းခြင်း စတဲ့အချက်တွေရှိနေပြီဆိုရင်တော့ အဲ့ဒီနွားပေါက်လေးကိုအားပျော့နွားငယ်လို့ခေါ်ဆိုနိုင်ပါတယ်။

အားပျော့နွားငယ်လေးတွေမွေးဖွားရတဲ့အကြောင်းရင်းများစွာရှိတဲ့အထဲကမှ အဖြစ်များတဲ့အချက်လေးတွေကို ဒီဟက်(စ်)မြန်မာမှ နွားမွေးမြူရေးလုပ်ငန်းရှင်တွေအတွက်စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

two men are standing and discussing in the grass field

(၁) ဇီးဆောင်ချိန် (အထူးသဖြင့် မွေးဖွားရန် ၃-လခန့်အလို)တွင် အစာ/အာဟာရ ချို့တဲ့နည်းပါးခဲ့ရခြင်းကြောင့် အဖြစ်အများဆုံးဖြစ်သည်။

(၂) မွေးဖွားချိန်မှာ အပြင်သို့ရောက်ရန် အချိန်ကြာလွန်းခြင်းကြောင့် အောက်စီဂျင်လုံလုံလောက်လောက်မရခြင်း၊ ခက်ခဲစွာမွေးဖွားရခြင်းကြောင့်ဒဏ်ဖြစ်ပေါ်ခြင်း စသည်တို့ကြောင့် မွေးဖွားပြီးစနွားငယ်လေးများအား အားပျော့စေသည်။

(၃) နွားမကြီး ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ရောဂါတစ်စုံတစ်ရာဖြစ်ပွါးခြင်းကြောင့်၎င်း၊ အစာ/ရေ/ပတ်ဝန်းကျင်ကြောင့် အဆိပ်သင့်ခြင်းကြောင့်၎င်း မွေးစနွားငယ်လေး အားပျော့စေသည်။

(၄) ပတ်ဝန်းကျင်ရာသီဥတုဒဏ် အေးလွန်းခြင်း၊ ပူလွန်းခြင်း၊ စိုစွတ်လွန်းခြင်းနှင့်၎င်းတို့ဒဏ်မှ လုံလောက်သောအကာအကွယ် မပေးနိုင်ခြင်းကြောင့်လည်း မွေးစနွားငယ်လေး အားပျော့စေသည်။

(၅) အကြောင်းအမျိုးမျိုးကြောင့် မွေးဖွားရန်သတ်မှတ်ရက်ထက် စောလျှင်စွာမွေးဖွားခြင်းကြောင့် နွားငယ်လေး၏ ခန္ဓာကိုယ်ကြွက်သားဖွံ့ဖြိုးမူ့ မပြည့်စုံသေးတဲ့အတွက် မွေးစနွားငယ်လေး အားပျော့စေသည်။

အခြားသောဗဟုသုတများကိုလည်းဖတ်ရှုနိုင်ပါသည်။