ဝက်စာများ

ပါဝါ ဝက်ငယ်ကလေးနို့ခွဲစာ။

(၅)ရက်သားမှ(၉)ပိဿာ-(၁၅) ကီလိုအထိကျွေးပေးရန်။

- ပါဝါနို့စို့ဝက်ငယ်သားခွဲအစာတွင် ဝက်ကလေးများအတွက်လိုအပ်သော အာဟာရပြည့်ဝစွာပါဝင်သည့်အတွက် ဝက်ငယ်ကလေးများကို အာဟာရပြည့်ဝစေပြီး ကြီးထွားမှုကိုမြန်စေပါသည်။

- အစာထဲတွင် ပါဝင်သော ကုန်ကြမ်းများကိုလည်း ကြေညက်လွယ်စေရန်ပေါင်းထားသောကြောင့် အစာချေနှုန်းကောင်းမွန်ကာ အစာစားနှုန်းကိုလည်း မြင့်စေပြီး ဝက်ငယ်ကလေးများကို ဝမ်းလျှောခြင်းမှလည်းကာကွယ်ပေးသည်။

- အစာစားနှုန်းကောင်းမွန်ပြီး ကြီးထွားမှုကောင်းစေရုံသာမက ဝက်ငယ်ကလေးများကိုလည်း အရွယ်ညီစေသည်။

- သားမခွဲမှီကာလအတွင်း ပါဝါနို့စို့ ဝက်ငယ်သားခွဲအစာကို တစ်ရက်လျှင် (၅)ကြိမ် (၆)ကြိမ်ခန့် အစာပမာဏ နည်းနည်းစီကျွေးပေးခြင်းဖြင့် အစာလတ်ဆတ်သန့်ရှင်းကာ ဝက်ငယ်ကလေးများအတွက် အရသာရှိသော အစာကိုရရှိစေပါသည်။

- ပါဝါနို့စို့ဝက်ငယ်သားခွဲအစာကို ဝက်ငယ်ကလေးများ (၅)ရက်သားမှ ကိုယ်အလေးချိန် (၉)ပိဿာ-(၁၅) ကီလိုအထိကျွေးပေးရမည်ဖြစ်သည်။

Messenger မှလည်းမေးမြန်းနိုင်ပါတယ်။ ဆက်သွယ်ဝယ်ယူရန်။
  • အရည်အသွေးကောင်းမွန်သောကုန်ကြမ်းများကိုသာရွေးချယ်အသုံးပြုထားခြင်း။
  • ဝမ်းလျှောခြင်းကိုလည်းကာကွယ်ပေးခြင်း။
  • အသားဓာတ်မြင့်မားစွာပါဝင်ပြီးအာဟာရကြွယ်ဝသည့်အထူးထုတ်လုပ်ထားသည့်ဝက်ငယ်စာ။

ပိုမိုသောဝက်မွေးမြူရေးအစာများ။

ဆက်စပ်မှုရှိသောဝက်မွေးမြူရေးအစာများ။

မျိုးဝက်မနို့ပေးစာ။

ကိုယ်ဝန်ဆောင်ဝက်မကြီး မမွေးမဖွားမှီ (၅) ရက်အလိုမှ သားခွဲသည်အထိကျွေးပေးရန်။

- သားပေါက်ဝက်မများအတွက် လိုအပ်သောအာဟာရတန်ဖိုးများပြည့်ဝစွာပါဝင်သောကြောင့် နို့ဦးရေထွက်နှုန်းကိုမြင့်မားစေပြီး နို့အရည်အသွေးကိုလည်းကောင်းမွန်စေပါသည်။ - ဝက်မကြီးမှနို့ရည်လုံလောက်စွာထွက်စေရုံသာမက ဝက်ငယ်ကလေးများစောလျင်စွာ သားမြန်မြန်ခွဲနိုင်ပြီး အလေးချိန်ပြည့်ဝသော စံချိန်မှီသားခွဲဝက်ငယ်များကိုရရှိစေပါသည်။ - နို့စို့ဝက်ငယ်လေးများအတွက် အာဟာရတန်ဖိုးပြည့်ဝစွာရရှိစေပြီး ကျန်းမာရေးကိုလည်း အထူးကောင်းမွန်စေပါသည်။ - 3065 နို့ထွက်အစာတောင့်ကို ကိုယ်ဝန်ဆောင်ဝက်မကြီး မမွေးမဖွားမှီ (၅) ရက်အလိုမှ သားခွဲသည်အထိကျွေးပေးရပါမည်။

မျိုးဝက်မကိုယ်ဝန်ဆောင်အစာ။

သားတင်ပြီးရက်မှ မွေးကာနီး(၅)ရက်အလိုအထိ ကျွေးပေးရန်။

- ကိုယ်ဝန်ဆောင်မျိုးဝက်မများအတွက် လိုအပ်သောအာဟာရများကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံးတွင် ရှိသင့်သောအကောင်းဆုံးခန္ဓာကိုယ်စံနှုန်းကိုထိန်းသိမ်းပေးနိုင်သည်။ - ဥရောပနည်းပညာများဖြင့်အဆင့်အတန်းမြင့်မားစွာဖော်စပ်ထုတ်လုပ်ထားခြင်းကြောင့် ကိုယ်ဝန်ဆောင်မျိုးဝက်မများကိုယ်ဝန်ဆောင်ကာလအတွင်းအဖြစ်များတတ်သော ဝမ်းပျက်ဝမ်းချုပ်ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ - အမိုင်နိုအက်ဆစ်များမြင့်မားစွာပါဝင်ခြင်းကြောင့် သန္ဓေသားများဖွံ့ဖြိုးမှုကိုလည်း ကောင်းစွာထောက်ပံ့ပေးနိုင်ပါသည်။ - အရည်အသွေးမြင့်မျိုးဝက်မကိုယ်ဝန်ဆောင်အစာ (3035) တွင်အာဟာရမြင့်မားစွာပါဝင်ခြင်းကြောင့်ဝက်မကြီးမွေးဖွားချိန်တွင် ကျန်းမာသန်စွမ်းပြီး ကိုယ်အလေးချိန်မြင့်မားသောဝက်သားပေါက်များရရှိစေခြင်းနှင့်အရွယ်အစားညီညွတ်မျှတစေခြင်းစသည့် အကျိုးကေးျဇူးများကိုလည်း ရရှိစေနိုင်ပါသည်။

အသားတိုးဝက်အကြီးစာ။

ဝက်လတ်အလေးချိန် (၃၆) ပိဿာ မှ (၆ဝ) ပိဿာ (သို့) ရောင်းတန်းဝင်ချိန်အထိကျွေးပေးရမည်။

- အထူးပြုလုပ်ထားသောအာဟာရများပါဝင်သည့်အတွက် လျင်မြန်စွာကြီးထွားစေပြီး အဆီးနည်းပါး၍ အသားတက်နှုန်းပိုမိုကောင်းမွန်စေသည်။ - အစာမှန်အသားသို့ပြောင်းလဲနှုန်း ပိုမိုကောင်းမွန်သည့်အလျောက် ဝက်၏ခန္ဓာကိုယ်သည် ကျစ်လစ်သန်မာ၍ရောင်းတန်းဝင်ချိန်တွင်အလေးချိန်ပိုမိုရရှိစေသည်။ - အသားအရည်အသွေးကိုလည်း ပိုမိုကောင်းမွန်စေပါသည်။ - ကြီးထွားနှုန်းကောင်းမွန်စေသည့်အလျောက် ရောင်းတန်းဝင်ချိန်စေစေပြီး အကျိုးအမြတ်ပိုမိုရရှိစေပါသည်။

မွေးမြူရေးလုပ်ငန်းရှင်များ၏ထောက်ခံချက်များ။