CJ Feed and Care ကို ဝယ်ယူလိုက်ခြင်းဖြင့် အာရှဈေးကွက်ကိုထပ်မံချဲ့ထွင်လိုက်တဲ့ Royal De Heus
ယခုဝယ်ယူမှုသည် De Heus Asia ၏ ဒေသတွင်းရပ်တည်ချက်များကို ပိုမိုအားကောင်းစေမှာဖြစ်ပြီး တောင်ကိုရီးယားနှင့်ဖိလစ်ပိုင်ရှိ အမှီအခိုကင်းသော မွေးမြူရေးလုပ်ငန်းရှင်များအတွက်လည်း ရပ်တည်မှုပိုမိုခိုင်မာစေရန်ရည်ရွယ်သည်။

Indonesia
De Heus Asia ၏ ဒေသတွင်းရပ်တည်မှုကို ပိုမိုခိုင်မာအားကောင်းစေခြင်း။
၂ဝ၂၅ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် Royal De Heus သည် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ကမ္ဘောဒီးယားနှင့်ဖိလစ်ပိုင်နိုင်ငံတို့တွင် CJ Feed & Care ၏ (၁ဝဝ) ရာခိုင်နှုန်း လုပ်ငန်းလည်ပတ်မှုကိုရယူရန် ဝယ်ယူမှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ယခုဝယ်ယူမှုသည် Royal De Heus ၏ ရေရှည်တိုးတက်မှုဗျူဟာအတွက် အရေးပါသောခြေလှမ်းတစ်ခုဖြစ်ပါသည်။ နေ့စဉ်နှင့်အမျှကြီးထွားလာနေသည့် မွေးမြူရေးဆိုင်ရာဈေးကွက်အတွင်း အမှီအခိုကင်းသောမွေးမြူရေးနှင့်ရေလုပ်ငန်းလုပ်ကိုင်သူများအား ဘေးကင်းပြီးအာဟာရပြည့်ဝသော တိရစ္ဆာန်အစာများကို ပိုမိုထောက်ပံ့ပေးနိုင်မှာဖြစ်သလို ယခုဝယ်ယူမှုတွင် အစာစက်ရုံ (၁၇) ရုံအထိပါဝင်မည်ဖြစ်ပါသည်။
လက်ရှိဈေးကွက်အတွင်းအောင်မြင်စွာဖြင့်လက်ပတ်လျက်ရှိနေသလို အခြားသောတိုးတက်မှုများကိုလည်း Royal De Heus အနေဖြင့်အရှိအဟုန်မြှင့်လုပ်ဆောင်လျက်လည်းရှိနေပါသည်။ ၂၀၀၉ ခုနှစ်တွင် ဗီယက်နမ်သို့ ဝင်ရောက်လာကတည်းက Royal De Heus သည် အာရှတစ်လွှားတွင် ခိုင်မာသော တည်ရှိမှုကို ဆက်တိုက်ဆိုသလို တည်ဆောက်ခဲ့သည်။ CJ Feed & Care ကိုဝယ်ယူလိုက်ခြင်းဖြင့် ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားတို့တွင် De Heus ရပ်တည်ချက်ကို ပိုမိုခိုင်မာစေကာ တိရိစ္ဆာန်ပရိုတင်းထုတ်လုပ်မှုတွင် သိသာထင်ရှားသောတိုးတက်မှုအလားအလာရှိသည့် မဟာဗျူဟာအရ အရေးပါသောနိုင်ငံနှစ်ခုဖြစ်သော တောင်ကိုရီးယားနှင့် ဖိလစ်ပိုင်တို့ထံ တိုက်ရိုက်ဈေးကွက်ဝင်ရောက်ခွင့်ရရှိစေပါသည်။
ယခုဝယ်ယူမှုသည် အစာကွင်းဆက်တလျှောက်တွင်ပိုမိုအားကောင်းလာစေပြီး တိရစ္ဆာန်အာဟာရပိုင်းဆိုင်ရာများကိုအဓိကထောက်ပံ့ပေးနေသည့် ကုမ္ပဏီတစ်ခုအနေဖြင့် အမှီအခိုကင်းသော မွေးမြူရေးလုပ်ငန်းရှင်များအတွက် ကတိကဝတ်တစ်ခုလည်းဖြစ်စေပါသည်။ ဤဝယ်ယူမှုသည် မွေးမြူရေးလုပ်ငန်းရှင်များအတွက် အရည်အသွေးမြင့် တိရစ္ဆာန်အာဟာရ၊ မျိုးရိုးဗီဇနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုတို့ကို ပိုမိုကျယ်ပြန့်စွာ ဝင်ရောက်နိုင်စေရန် ကူညီဆောင်ရွက်ပေးပြီး အပြိုင်အဆိုင်နှင့်တိုးတက်မှုရှိသော မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် တက်ကြွစွာပံ့ပိုးကူညီပေးရန်လည်းရည်ရွယ်ပါသည်။
Royal De Heus ၏ CEO ဖြစ်သူ Gabor Fluit က “ဒီ Share Purchase Agreement ကို လက်မှတ်ရေးထိုးရခြင်းအတွက် တကယ့်ကိုစိတ်လှုပ်ရှားမိပါတယ်။ ဒီဝယ်ယူမှုဟာ အာရှတစ်ဝှမ်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ရပ်တည်မှုကို ခိုင်မာစေဖို့အတွက် အရေးပါတဲ့ခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။ တိရစ္ဆာန်အာဟာရ၊ မွေးမြူရေးစီမံခန့်ခွဲမှုနှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ကျွန်ုပ်တို့၏ကျွမ်းကျင်မှုများနှင့် CJ Feed & Care ၏ခိုင်မာသောဒေသတွင်းတည်ရှိမှုများကို ပေါင်းစပ်ခြင်းဖြင့် ကျွန်ုပ်တို့၏ဖောက်သည်များ၊ မိတ်ဖက်စီးပွားလုပ်ကိုင်သူများနှင့် အခြားသော မွေးမြူရေးဆိုင်ရာကဏ္ဍများအတွက် တန်ဖိုးများကိုပိုမိုဖန်တီးနိုင်စေပါလိမ့်မယ်။ အမှီအခိုကင်းသော မွေးမြူလုပ်ကိုင်သူများနှင့်လက်တွဲကာ မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သော စားနပ်ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းများကိုဖော်ဆောင်ပေးသွားမှာလည်းဖြစ်ပါတယ်။"
လုပ်ထုံးလုပ်နည်းများနှင့် အတည်ပြုချက်များ ရရှိရန်လိုအပ်သည့်အခြေအနေအရ ယခုဝယ်ယူမှုသည် ၂ဝ၂၆ ခုနှစ် နှစ်လယ်ပိုင်းတွင် အပြီးသတ်နိုင်မည်ဟုမျှော်လင့်ထားသည်။
Together, we will continue empowering independent farmers and contributing to a more resilient and sustainable food system for generations to come.
PRESS RELEASE
Read Official Press Release Here