နွားအရေပြားရောဂါ

21 ဖေဖော်ဝါရီ 2022
-
3 Mins

a draught beef cattle with lumpy skin disease

Lumpy Skin Disease

နွားအရေပြားကူးစက်ရောဂါ (Lumpy Skin Disease) အကြောင်းသိကောင်းစရာအချက်များ။

အထက်ဖော်ပြပါရောဂါကို ကူးစက်စေနိုင်တဲ့ အကြောင်းအရင်း (၄) ခုရှိပါတယ်။

၁။ နွားအရေပြားကို ကိုက်ဖျက်သွေးစုပ်သော ခြင်/ယင်များနှင့်အခြားအင်းဆက်ပိုးကောင်များကြောင့်လည်းကောင်း

၂၊ ရောဂါပိုးသယ်ဆောင်ထားသော အင်းဆက်ပိုးကောင်များတွယ်ကပ်နေသည့် နွားများအား နေရာအနှံ့သယ်ဆောင်ခြင်းကြောင့်လည်းကောင်း

၃။ ရောဂါဖြစ်နေသာနွား၏ အရေပြားအနာ/တံတွေး/နှာရည်/နို့/သုတ်ရည် တို့နှင့် တိုက်ရိုက်ထိတွေ့ခြင်းကြောင့်လည်းကောင်း

၄။ ရောဂါဖြစ်နေသာနွား၏ အသုံးအဆောင် ပစ္စည်းများမှတဆင့် အခြားနွားများသို့လည်း ရောဂါကူးစက်ပြန့်ပွားနိုင်ပါတယ်။

ရောဂါဖြစ်နွားများအား ခြင်/ယင်များ အကိုက်မခံရအောင် သီးခြားလုံခြုံစွာထားပြီး ရောဂါပျောက်ကင်းသည်အထိ ကုသပေးရမှာဖြစ်ပါတယ်။
ဗိုင်းရပ်စ်ရောဂါပိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်ပြီး ကုသဆေးမရှိသော်လည်း နောက်ဆက်တွဲရောဂါများ ထပ်ဆောင်းဖြစ်ပေါ်ခြင်းမရှိစေရန်နှင့်အမြန်သက်သာပျောက်ကင်းစေရန် ဂရုတစိုက်ကုသပေးရမှာပါ။

LSD (Lumpy Skin Disease) အတွက် ကုသဆေးလည်းမရှိသေးပါ။
နွား၏အရေပြားပေါ်ရှိအနာများကိုပိုးထပ်မဝင်စေရန်အတွက် Germicide Spray နှင့် Iodine Spray ကဲ့သို့သော ပိုးသတ်ဆေးများဖြန်းပေးနိုင်ပါတယ်။  ကိုယ်ခံစွမ်းအားကောင်းမွန်စေရန်အတွက် Vitamin C များကိုလည်းတိုက်ကျွေးသင့်ပါတယ်။  

ကိုယ်အပူချိန်တက်လာပြီးနောက်ဆက်တွဲရောဂါပိုးတွေဝင်မလာအောင် ကျွန်တော်တို့အနေနဲ့ Analgin, Diclofenanc, Gentamicin နဲ့ Amoxicillin တွေကိုပေးသင့်ပါတယ်။ 

ခြေ၊ လက်တွေနဲ့အခြားသောကိုယ်ခန္ဓာအစိတ်အပိုင်းတွေယောင်ရမ်းလာခဲ့မယ်ဆိုရင်တော့ အရောင်ကျဆေးတွေဖြစ်တဲ့ Ketoprofen (Ketovet) နဲ့ Prednisolone (Preso) လိုမျိုးတွေကိုသုံးပေးရပါမယ်။ 

အရေပြားအနာများအား အနာကျက်ပျောက်ကင်းသည်အထိ စနစ်တကျ ကုသပေးရန်လည်း အလွန်အရေးကြီးလှပါတယ်။

အခြားသောဗဟုသုတများကိုလည်းဖတ်ရှုနိုင်ပါသည်။