မြန်မာ့ပထမဆုံး ခေတ်မီသားသတ်ရုံအားဖွင့်လှစ်ခြင်း။

20 မေ 2020
-
2 minutes

ကျွန်ုပ်တို့ DHF အနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးတွင်ဘေးကင်းပြီးကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများအားရေရှည်ရရှိနိုင်စေရန်နှင့်လက်လှမ်းမီနိုင်စေရန်အတွက်ကူညီပံ့ပိုးပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့သည်ကုန်ကြမ်းထုတ်လုပ်ခြင်းမှစတင်ပြီးအစားအသောက်ထုတ်လုပ်ခြင်းအထိလုပ်ငန်းစဉ်တိုင်းတွင်ရေရှည်တည်တံ့သောထောက်ပံ့ရေးကွင်းဆက်များဖန်တီးပြီး စီးပွားဖက်များ၊ စားသုံးသူများနှင့်လက်တွဲလုပ်ဆောင်လျက်ရှိနေပါသည်။ ကျွန်ုပ်တို့သည် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှပံ့ပိုးကူညီသည့်လုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ဈေးကွက်အတွင်းပိုမိုကောင်းမွန်စွာယှဉ်ပြိုင်နိုင်စေပြီးသဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိစေမည့်ကြက်မွေးမြူရေးကဏ္ဍသို့ ဦးတည်လုပ်ဆောင်နေသောလုပ်ငန်းစုတစ်ခုဖြစ်ပါသည်။

ဒီဟက်(စ်)မြန်မာလီမိတက်၏ Managing Director တစ်ဦးဖြစ်သူ Takanobu Hama က တိရစ္ဆာန်အစာထုတ်လုပ်ခြင်းသည်မြန်မာနိုင်ငံတွင်အရှိန်အဟုန်ဖြင့်တိုးတက်လျက်ရှိနေပါတယ်။ ကျွန်တော်တို့၏အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့ရဲ့ဝယ်ယူသူဖောက်သည်တွေကိုအရည်အသွေးအမြင့်မားဆုံးထုတ်ကုန်တွေကိုရရှိစေခြင်းအပြင်၎င်းတို့အားတိကျသေချာတဲ့မွေးမြူရေးဆိုင်ရာအကြံဉာဏ်များပေးစွမ်းနိုင်စေကာအကျိုးအမြတ်များများရရှိစေပြီးဈေးကွက်အသစ်များကိုပိုမိုရှာဖွေနိုင်စေမှာပဲဖြစ်ပါတယ်။ ဈေးကွက်အသစ်များရရှိစေနိုင်ရန်အတွက်ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးတွင်အထူးကျွမ်းကျင်မှုများနှင့်နည်းပညာများလိုအပ်ပါတယ်။ ယခုလှိုင်သာယာမြို့နယ်တွင်ဖွင့်လှစ်လိုက်သောကြက်သားထုတ်လုပ်ရေးစက်ရုံကလည်းအထက်ဖော်ပြပါလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်စေရန်အတွက်အရေးပါသောခြေလှမ်းတစ်ရပ်လည်းဖြစ်ပါသည်။

တစ်နာရီလျှင်ကြက်အကောင်ရေ (၁ဝဝဝ) ဆံ့သည့်ကြက်သတ်ရုံကို ရန်ကုန်မြို့ရှိကျွန်ုပ်တို့၏စီးပွားဖက်တစ်ဦးဖြစ်သော မြန်မာဝေယံအောင်ကုမ္ပဏီ ၏နေရာတွင် တည်ဆောက်ထားပြီး ဧပြီလ ၂၅ ရက်၊ ၂ဝ၂ဝ ခုနှစ်တွင်စတင်လည်ပတ်စေခဲ့ပါသည်။

အဆိုပါ ကြက်သားထုတ်လုပ်ရေးစက်ရုံအားသန့်ရှင်းမှု၊ အစားအစာဘေးကင်းလုံခြုံစိတ်ချရမှု လုပ်ငန်းခွင်အခြေအနေနှင့်တိရစ္ဆာန်များရှင်သန်ရပ်တည်နိုင်ရေးဆိုင်ရာ အမြင့်ဆုံးနိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီစေရန်အထူးဒီဇိုင်းထုတ်ပြီးတည်ဆောက်ထားပါသည်။ ယခုကဲ့သို့ခောတ်မှီသားသတ်ရုံကိုတည်ဆောက်လိုက်ခြင်းဖြင့်ခောတ်မီသောကြက်သားလက်လီရောင်းချရမှု၊ လျင်မြန်စွာဝန်ဆောင်မှုပေးရန်လိုအပ်သောဟိုတယ်များနှင့်စားသောက်ဆိုင်များကဲ့သို့ပရီမီယံဈေးကွက်အတွင်းဝင်ရောက်နိုင်လာစေပြီး အကျိုးအမြတ်တိုးပွားစေနိုင်ပါတယ်။
ထိုမှတဆင့်ဘေးအန္တရာယ်ကင်းရှင်းသောကြက်သားများကိုရွေးချယ်စားသုံးမှုပိုမိုတိုးပွားလာပြီးယုံကြည်မှုမြင့်မားလာစေမှာပဲဖြစ်ပါသည်။ ထို့အပြင်မြန်မာနိုင်ငံရှိ အမှီအခိုကင်းသောအသားတိုးကြက်မွေးမြူရေးသမားများအတွက် ပိုမိုတည်ငြိမ်သောဈေးနှုန်းများရရှိစေမည်ဖြစ်သည်။

“တည်ငြိမ်သောဈေးနှုန်းနှင့်အဆင့်မြင့်ဈေးကွက်များသို့လက်လှမ်းမီမှုသည် မြန်မာနိုင်ငံရှိ ထောက်ပံ့ရေးကွင်းဆက်ကိုကျွမ်းကျင်ပိုင်နိုင်စေရန်အတွက်အရေးကြီးသောအချက်လည်းဖြစ်ပါသည်။ အမှီအခိုကင်းသောမွေးမြူရေးသမားများအား၎င်းတို့၏ ကြက်များကို ပိုမိုရေရှည်တည်တံ့သောနည်းလမ်းများဖြင့်ထုတ်လုပ်ရန် ပညာပေးခြင်း၊ တိုက်တွင်းခြင်းနှင့်ခံစားခွင့်များထည့်သွင်းပေးခြင်း။ ၎င်းသည်ထုတ်လုပ်မှုတစ်ခုတည်းကိုသာမဟုတ်ဘဲ တိရစ္ဆာန်များ၏ကျန်းမာရေးနှင့်ရေရှည်ရှင်သတန်ရပ်တည်နိုင်ရေးတို့အတွက်အာရုံစိုက်မှုကို တိုးမြင့်လာစေပြီး

စားသုံးသူများဖက်မာလည်းဘးကင်းသော၊ ကျန်းမာပြီးလက်လှမ်းမီသောကြက်သားများကိုရရှိစေနိုင်ပါသည်။
De Heus သည် ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက်တွင်တာဝန်ရှိပြီး ၎င်းသည် ကျွန်ုပ်တို့၏ဖောက်သည်များအတွက်ကောင်းမွန်ပြီးမြန်မာနိုင်ငံရှိ စိုက်ပျိုးရေးထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်လုပ်ဆောင်ပေးနေသည့်အတွက်လည်းဂုဏ်ယူမိပါသည်။