ပင်မစာမျက်နှာ / တရိစ္ဆာန်အစာများ / ကြက်စာ ၊ ဘဲစာ နှင့် ငုံးစာများ / အသားတိုးကြက်စာများ

အသားတိုးကြက်စာများ

အကောင်းဆုံးသောအသားတိုးနှုန်းကိုရရှိစေနိုင်ဖို့က အသားတိုးကြက်မွေးမြူသူတွေရဲ့အဓိကလိုအပ်ချက်တစ်ခုလည်းဖြစ်ပါသည်။ အဲ့ဒီအတွက် အာဟာရပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိနိုင်သလို မွေးမြူထားတဲ့ခြံအနေအထားနဲ့လည်းများစွာသက်ဆိုင်နိုင်ပါတယ်။ အပူချိန် ၊ စိုထိုင်းဆ နဲ့အလင်းရောင်တွေဟာတစ်ကယ့်ကိုအရေးကြီးတဲ့အစိတ်အပိုင်းဖြစ်သလိုပဲ မွေးမြူထားတဲ့ကြက်ရဲ့မျိုးရိုးဗီဇ ၊ အသက် ၊ ကျန်းမာရေးအခြေအနေ စသည့်အချက်များအပြင် ကြက်ခြံကိုစီမံခန့်ခွဲထားရှိတဲ့ပုံစံကလည်း လွန်စွာအရေးကြီးလှပါတယ်။ ကြက်ခြံရဲ့အနေအထား ၊ အစာကျွေးစနစ် ၊ ကာကွယ်ဆေးပေးရေးလုပ်ငန်းစဉ်စတာတွေကလည်း ကြက်များ၏အာဟာရလိုအပ်ချက်နည်းတူ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ရှိနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့အနေနဲ့သေချာစွာသိရှိထားရမှာပဲဖြစ်ပါတယ်။

အသားတိုးကြက်စာ

ကျွန်တော်တို့ရဲ့အသားတိုးကြက်စာတွေကို ကြိတ်ခွဲစာပုံစံနဲ့အစာတောင့်ပုံစံဆိုပြီးနှစ်မျိုးထုတ်လုပ်ထားရှိပါသည်။ ကြက်ငယ်လေးများအတွက်အဆင်ပြေစေမယ့် ကြိတ်ခွဲစာပုံစံအပြင် ကြက်လတ်နှင့်ကြက်ကြီးများအတွက်အထူးသင့်တော်တဲ့ အစာတောင့်ပုံစံကိုပါရရှိအောင်ပြုလုပ်ပေးထားတာကြောင့် ကြက်များ၏နေ့စဉ်နှင့်အမျှပြောင်းလဲနေတဲ့ အစာချေစနစ်နဲ့လွန်စွာမှလိုက်ဖက်ညီစေမှာဖြစ်တဲ့အပြင် အကောင်းမွန်ဆုံးအစာစာနှုန်းကိုလည်းရရှိစေနိုင်ပါပဲဖြစ်ပါတယ်။
စံချိန်မှီအသားတိုးနှနု်းကိုရရှိစေနိုင်ရန်အတွက် နည်းပညာများဖြင့်အထူးစီမံဖော်စပ်ထားတဲ့ အစာလည်းပဲဖြစ်ပါတယ်။

ကျွနုပ်တို့၏မျှော်မှန်းချက်

ကျွန်တော်တို့ဟာ ကြက်မွေးမြူသူခြံပိုင်ရှင်များအတွက်အကောင်းမွန်ဆုံးသော အကျိုးရလဒ်များကိုရရှိစေနိုင်ဖို့အတွက်အောက်ပါအချက်များကို အဓိကလုပ်ဆောင်ပေးလျက်ရှိနေပါသည်။

  •  ကြက်များ၏ကြီးထွားနှုန်း
  •  အစာမှအသားပြောင်းလဲ နှုန်း တို့ပဲဖြစ်ပါသည်။

ကျွန်တော်တို့သည် ကြက်မျိုးများကိုအဓိကထောက်ပံ့ပေးလျက်ရှိနေသော ကုမ္ပဏီကြီးများနှင့်အမြဲထိစပ်လျက်ရှိပြီး ကျွန်ုပ်တို့၏အစာသတ်မှတ်ချက်များအတွက်အစဉ်အမြဲလေ့လာဆန်းစစ်မှုများပြုလုပ်ပေးလျက်ရှိနေတာလည်ဖြစ်ပါတယ်။ သုတေသနပေါင်းများစွာကိုလည်းနေ့စဉ်ပြလုပ်လျက်ရှိပြီး အစာကုန်ကြမ်းများ၏အဓိကလိုအပ်ချက်များကိုလေ့လာလျက်ရှိနေပါသည်။

အဆင့်ငါးနှင့်အဆင့်သုံး အစီအစဉ်များ

De Heus အနေနဲ့အဆင့်ငါးဆင့်ပါဝင်တဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ ကနဦးကြက်ပေါက်အဆင့် ၊ ကြက်ပေါက်အဆင့် ၊ ကြက်လတ်အဆင့် ၊ ကြက်ကြီးနှင့်ဈေးကွက်ဝင်ကြက်သားအဆင့်ဆိုပြီး အဆင့်ငါးဆင့်အတွက်အစဉ်ပြေအောင်ဆောင်ရွက်ပေးထားလျက်ရှိပြီး ၊ ကြက်သေး ၊ ကြက်လတ် ၊ ကြက်ကြီး အစရှိတဲ့အဆင့်သုံးဆင့်အတွက် အသားတိုးကြက်စာများကိုထုတ်လုပ်ပေးလျက်ရှိနေတာပဲဖြစ်ပါတယ်။