ခေါင်းစဥ် ၆။ လူမှုအကျိုးပြုပြည့်ဝစွာတာဝန်ယူသည့်ကုန်ကြမ်းရရှိမှု။

လူ့အခွင့်အရေးဆိုင်ရာ စနစ်တကျဖြစ်ပေါ်နေသော အခက်အခဲများနှင့် လူ့အခွင့်အရေး စံနှုန်းများ တိုးတက်မြင့်မားလာစေရန်အတွက် ကျွန်ုပ်တို့သည် ကုန်ပစ္စည်းပေးသွင်းသူများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO) များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ ထို့ကြောင့် ကုန်ကြမ်းပစ္စည်းများ တာဝန်ယူဝယ်ယူမှုကို သေချာစေရန် ကျွန်ုပ်တို့သည် လူမှုရေးဆိုင်ရာ စိစစ်ချက်လုပ်ငန်းစဉ် (social due diligence process) တစ်ရပ်ကို ချမှတ်ဆောင်ရွက်ရန် ရည်ရွယ်ထားပါသည်။

Explore our CSR reports

Our sustainability commitment

Learn more

သဘာသပတ်၀န်းကျင်နှင့်ညီညွတ်သောရည်မှန်းချက်။

၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စိစစ်ချက်လုပ်ငန်းစဉ် (due diligence process) တစ်ရပ် အကောင်အထည်ဖော်ရန် စီစဉ်ထားပါသည်။ ကျွန်ုပ်တို့၏ ချဉ်းကပ်မှုသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်အပေါ် အခြေခံထားပြီး၊ ယင်းသည် လူ့အခွင့်အရေးအပေါ် သက်ရောက်မှုများကို စနစ်တကျ ဖော်ထုတ်ရန်နှင့် စီမံခန့်ခွဲရန် ကျွန်ုပ်တို့အား ပံ့ပိုးပေးမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် လူ့အခွင့်အရေးစိစစ်ချက်လုပ်ငန်းစဉ်ကို အဆက်မပြတ် မြှင့်တင်သွားမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့၏လုပ်ငန်းလည်ပတ်မှုများနှင့် ထုတ်လုပ်မှုကွင်းဆက်များအတွင်း လူ့အခွင့်အရေးအပေါ် သက်ရောက်မှုများကို ဖော်ထုတ်ခြင်း၊ ကာကွယ်ခြင်း၊ လျှော့ချခြင်းနှင့် တာဝန်ယူခြင်းတို့အတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။

ကျွန်ုပ်တို့သည် ကုန်သွယ်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ လမ်းညွှန်မူဝါဒများ (
UN Guiding Principles on Business and Human Rights)OECD ၏ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုအတွက် စိစစ်ချက်လမ်းညွှန်ချက်များ (OECD Due Diligence Guidance for Responsible Business Conduct)၊ ကျွန်ုပ်တို့၏ လူ့အခွင့်အရေးမူဝါဒ၊ ပေးသွင်းသူများအတွက် ကျင့်ဝတ်သိက္ခာဆိုင်ရာ စည်းမျဉ်းများ (Supplier Code of Conduct) နှင့် စိစစ်ချက်လုပ်ငန်းစဉ်တို့ကို လမ်းညွှန်အဖြစ် အသုံးပြုကာ၊ ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းလှုပ်ရှားမှုများနှင့် ဆက်ဆံရေးများက လူများအပေါ် အကြီးမားဆုံးသော အန္တရာယ်များ ဖြစ်ပေါ်စေသည့် နေရာများကို နားလည်ရန် ကြိုးပမ်းပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် ယင်းအချက်များကို အခြေခံ၍ ဦးစားပေးလုပ်ဆောင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်သည်။