ခေါင်းစဥ် (၄) ပဋိဇီဝဆေးများကို တာဝန်ယူ၍အသုံးပြုခြင်း။
De Heus သည် အစားအစာ ထုတ်လုပ်မှုဆိုင်ရာ ကွင်းဆက် (food value chain) တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပြီး လူနှင့် တိရစ္ဆာန်များ၏ ရောဂါများကို ကုသရာတွင် ပဋိဇီဝဆေးများ၏ ရေရှည် အကျိုးသက်ရောက်မှု ရှိစေရန်နှင့် တိရစ္ဆာန်ကျန်းမာရေးနှင့် စောင့်ရှောက်မှုဆိုင်ရာ အခြေခံမူများကို သေချာစေရန် ပဋိဇီဝဆေးများကို တာဝန်ယူမှုရှိစွာ အသုံးပြုရန် အရေးကြီးကြောင်း အသိအမှတ်ပြုထားပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ တိရစ္ဆာန်ကျန်းမာရေးနှင့် စောင့်ရှောက်မှုဆိုင်ရာ အခြေခံမူများကို ထိန်းသိမ်းရန်အတွက် ပဋိဇီဝဆေးများကို ကုသရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက်သာ အသုံးပြုရန် ဖြစ်ပါသည်။ ပဋိဇီဝဆေးများကို (အစာထဲတွင် ဖြစ်စေ၊ မွေးမြူရေးခြံတွင်ဖြစ်စေ) အသုံးပြုပါက တရားဝင် ခွင့်ပြုချက်ရရှိထားသော သားငှက်ဆေးကုဆရာဝန် (veterinarian) မှ ညွှန်ကြားထားသည့်အတိုင်းသာ အသုံးပြုရမည်။ ထို့အပြင်၊ De Heus သည် ကျွန်ုပ်တို့၏ (အစာထုတ်ကုန်) များတွင် အရေးကြီးပဋိဇီဝဆေးများ (WHO အမျိုးအစား ၁ နှင့် ၂ တွင် ဖော်ပြထားသည့်အတိုင်း) ကို ကုသရန်အတွက်ပင် အသုံးမပြုပါ။
ပဋိဇီဝဆေးနည်းနည်း၊ သက်ရောက်မှုများများ
ပဋိဇီဝဆေးယဉ်ပါးမှု (Antimicrobial Resistance) သည် မကြာသောဆယ်စုနှစ်များအတွင်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ လူသားများ၊ တိရစ္ဆာန်များနှင့် အပင်များတွင် ပဋိဇီဝဆေးများကို မှားယွင်းစွာနှင့် အလွန်အကျွံသုံးစွဲမှုများသည် ပဋိဇီဝဆေးယဉ်ပါးမှု မြင့်တက်လာရခြင်း၏ အဓိကအကြောင်းရင်းများဖြစ်သည်။ ထို့ကြောင့် နိုင်ငံများစွာတို့သည် မွေးမြူရေးနှင့် ရေထွက်ပစ္စည်းမွေးမြူရေးလုပ်ငန်းများတွင် ပဋိဇီဝဆေးသုံးစွဲမှုကို ကန့်သတ်သည့် ဥပဒေများကို အတည်ပြုလာကြသည်။
တစ်ချိန်တည်းမှာပင် ထုတ်ကုန်တန်ဖိုးကွင်းဆက်တစ်လျှောက်ရှိ လုပ်ငန်းများသည် ပဋိဇီဝဆေးလျှော့သုံးထားပြီး တိရစ္ဆာန်ကျန်းမာရေးနှင့် စောင့်ရှောက်မှုပိုမိုကောင်းမွန်သော တိရစ္ဆာန်အသားများအတွက် စံချိန်မြင့်မားလာစေရန် ကြိုးပမ်းလျက်ရှိသည်။ ကျွန်ုပ်တို့၏ အစာထုတ်ကုန်များဖြင့် တိရစ္ဆာန်ကျန်းမာရေးကို အထောက်အကူပြုပြီး ပဋိဇီဝဆေးသုံးစွဲမှု လျှော့ချရေးကိုလည်း အားပေးပါသည်။
ထုတ်လုပ်မှုနှင့် ရေရှည်တည်တံ့မှုကို အများအားဖြင့် သဟဇာတမဖြစ်နိုင်ဟု မှတ်ယူကြသော်လည်း အရေးကြီးသော ဆက်စပ်မှုတစ်ခုရှိသည် - ၎င်းမှာ တိရစ္ဆာန်ကျန်းမာရေးပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မွေးမြူရေးလုပ်ငန်းရှင်များအား မွေးမြူရေးခြံ၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုများ တိုးတက်စေရန် ကူညီပေးခြင်းဖြင့် နောက်ဆုံးတွင် စီးပွားရေးအကျိုးအမြတ်များ ရရှိစေပြီး ပဋိဇီဝဆေးများကို ထိရောက်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်သည်။ ဤသည်မှာလည်း ကျွန်ုပ်တို့အနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ပဋိဇီဝဆေးများကို ကာကွယ်ရေးအတွက် အသုံးပြုမှုကို ရပ်တန့်ရန် ရည်မှန်းထားရခြင်း၏ အကြောင်းရင်းဖြစ်သည်။
- တိရစ္ဆာန်ကျန်းမာရေးကိုမြှင့်တင်ကာ ပဋိဇီဝဆေးသုံးစွဲမှုလျှော့ချခြင်း။
- ရေရှည်တည်တံ့သော အစာကျွေးနည်းများဖြင့် မွေးမြူရေးခြံစွမ်းဆောင်ရည်ကိုမြှင့်တင်ခြင်း။
သဘာသပတ်၀န်းကျင်နှင့် ညီညွတ်သောရည်မှန်းချက်။
ကျွန်ုပ်တို့ကုမ္ပဏီ၏ ရည်မှန်းချက်များသည် ပဋိဇီဝဆေးများ တာဝန်ယူမှုရှိစွာ အသုံးပြုရန် ဥရောပဥပဒေများနှင့်အညီ ချမှတ်ထားပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် တိရစ္ဆာန်ကျန်းမာရေးနှင့် စောင့်ရှောက်မှုဆိုင်ရာ အခြေခံမူများကို ထိန်းသိမ်းရန်အတွက် ပဋိဇီဝဆေးများကို ကုသရန်ရည်ရွယ်ချက်ဖြင့်သာ အသုံးပြုပြီး ယင်းဆေးများကို တရားဝင်ခွင့်ပြုချက်ရရှိထားသော တိရစ္ဆာန်ဆေးကုဆရာဝန်မှ ညွှန်ကြားသည့်အတိုင်းသာ အသုံးပြုရမည်။
ဥရောပဥပဒေနှင့်မကိုက်ညီသော သို့မဟုတ် သက်ဆိုင်ရာဥပဒေများ သို့မဟုတ် လုပ်ငန်းစံချိန်စံညွှန်းများ မရှိသေးသော နိုင်ငံများတွင် ကျွန်ုပ်တို့သည် ၂၀၃၀ ပြည့်နှစ် (သို့မဟုတ် ဥပဒေအရ ပိုမိုစောစီးစွာ) တွင် အောက်ပါတို့ကို ရောက်ရှိရန် ဖောက်သည်များ၊ ကွင်းဆက်လုပ်ငန်းဖော်များ၊ လုပ်ငန်းဆိုင်ရာပါဝင်ပတ်သက်သူများနှင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်-
-
(WHO မှ သတ်မှတ်ထားသည့်အတိုင်း) အရေးကြီးပဋိဇီဝဆေးများ အသုံးပြုမှုကို တားမြစ်ရန်
-
ကျွန်ုပ်တို့၏ဖောက်သည်များထံသို့ ပဋိဇီဝဆေးမပါသော (အဆုံးသတ်ထုတ်ကုန်) ပစ္စည်းများကို မြှင့်တင်ရန်
ထို့အပြင်၊ ထိုနိုင်ငံများတွင် ကျွန်ုပ်တို့၏ (အစာ) ထုတ်ကုန်များတွင် အခြားပဋိဇီဝဆေးများကို တိရစ္ဆာန်ကျန်းမာရေးနှင့် စောင့်ရှောက်မှုဆိုင်ရာ အခြေခံမူများကို ထိန်းသိမ်းရန်အတွက် တရားဝင်ခွင့်ပြုချက်ရရှိထားသော တိရစ္ဆာန်ဆေးကုဆရာဝန်မှ ညွှန်ကြားသည့်အခါမှသာ အသုံးပြုပါသည်။


ပဋိဇီဝဆေးများကိုချင့်ချိန်အသုံးပြုခြင်း။