ခေါင်းစဥ် (၁) အစားအသောက်များ၏လုံခြုံစိတ်ချရမှုနှင့်အရည်အသွေး။
အစားအစာ ဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးမြင့်မားမှုသည် ယုံကြည်စိတ်ချရပြီး ကြံ့ကြံ့ခံနိုင်သော အစားအစာစနစ်၏ အခြေခံအုတ်မြစ် များဖြစ်ပါသည်။ De Heus တွင် ကျွန်ုပ်တို့နားလည်ထားသည်မှာ တိရစ္ဆာန်များ စားသုံးသည့်အစာသည် လူသားများ စားသုံးသော နို့၊ အသား၊ ဥနှင့် ငါးတို့၏ ဘေးကင်းမှုနှင့် အရည်အသွေးကို တိုက်ရိုက်သက်ရောက်မှုရှိသည်ဆိုသည့် အချက်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အရည်အသွေးထိန်းချုပ်မှု၊ တင်းကျပ်သော စမ်းသပ်စစ်ဆေးမှုများနှင့် ထောက်ပံ့ရေးကွင်းဆက် ပွင့်လင်း မြင်သာမှုတို့ဖြင့် ကျွန်ုပ်တို့၏လုပ်ငန်းဆောင်တာများတွင် အမြင့်မားဆုံး ဘေးကင်း လုံခြုံမှုစံနှုန်းများကို ထိန်းသိမ်းထားပါသည်။ အစားအစာ ဘေးကင်းလုံခြုံမှုကို အလွယ်တကူ ယူဆ၍မရနိုင်သော ဒေသများတွင် ကျွန်ုပ်တို့၏တာဝန်သည် ပို၍ပင် အရေးကြီးလှပါသည်။ ဘေးကင်းပြီး အရည်အသွေးမြင့်မားသော တိရစ္ဆာန်အစာ သည် တိရစ္ဆာန်နှင့် လူသားများ၏ ကျန်းမာရေးကို ကာကွယ်ပေးခြင်း၊ စားသုံးသူ များ၏ ယုံကြည်မှုကို တည်ဆောက်ပေးခြင်းနှင့် လယ်သမား၊ အစားအစာထုတ်လုပ် သူများနှင့် အရောင်းအ၀ယ်လုပ်ငန်းရှင်များအတွက် ရေရှည်အောင်မြင်မှုကို ပံ့ပိုး ပေးပါသည်။ GMP+, FAMI-QS နှင့် ISO ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ အသိအမှတ် ပြုလက်မှတ်များနှင့်အညီ သုတေသန၊ ဆန်းသစ်တီထွင်မှုများနှင့် လိုက်နာမှုတို့ဖြင့် ကျွန်ုပ်တို့၏တိရစ္ဆာန်အစာကို အဆက်မပြတ် မြှင့်တင်ခြင်းဖြင့် လယ်ယာကနေ စားပွဲအထိ အစားအစာကွင်းဆက် တစ်ခုလုံး၏ စစ်မှန်မှုကို အာမခံချက်ပေးနိုင် ပါသည်။
သဘာသပတ်၀န်းကျင်နှင့် ညီညွတ်သောရည်မှန်းချက်
၂၀၃၀ ပြည့်နှစ်တွင် De Heus ၏ အစားအစာ ဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးဆိုင်ရာ စံနှုန်းများနှင့် အခြေခံမူများကို ကျွန်ုပ်တို့၏ ထုတ်လုပ်မှုစက်ရုံအားလုံးတွင် အပြည့်အဝ လိုက်နာရန် ရည်မှန်းပါသည်။ အစားအစာ ဘေးကင်းရေးနယ်ပယ်တွင် ကမ္ဘာ့အဆင့်မီ တိုးတက်မှုများနှင့်အတူ ကျွန်ုပ်တို့၏ စံနှုန်းများ အဆက်မပြတ် မြှင့်တင်နိုင်ရန် အရည်အသွေး မြင့်မားရေး ဖွံ့ဖြိုးမှုကို အားပေးမြှင့်တင်သွားမည် ဖြစ်ပါသည်။
