ကျွန်ုပ်တို့၏ဝန်ထမ်းများ။

ဝင့်သီရိမျိုးနိုင် - Country HR Manager

11 အောက်တိုဘာ 2020
-
5 minutes

"သီရိ" သည် (၂ဝ၂ဝ) ခုနှစ်၊ နိုဝင်ဘာလတွင် ဒီဟက်(စ်)မြန်မာသို့ဝင်ရောက်ပြီးအလုပ်လုပ်ကိုင်ခဲ့ပါသည်။

ပထမခြေလှမ်း။

"သီရိ" သည် (၂ဝ၂ဝ) ခုနှစ်၊ နိုဝင်ဘာလတွင် ဒီဟက်(စ်)မြန်မာသို့ဝင်ရောက်ပြီးအလုပ်လုပ်ကိုင်ခဲ့ပါသည်။
ထိုမတိုင်မီတွင် "သီရိ" သည် INGO၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ဘဏ္ဍာရေးအတိုင်ပင်ခံကုမ္ပဏီ၊ MNC ကုမ္ပဏီများနှင့် HR နယ်ပယ်တွင် (၉) နှစ်ခန့်အလုပ်လုပ်ကိုင်နေခဲ့ပါသည်။
ဒီဟက်(စ်ဥ)မြန်မာသည် ကြီးမားသောစိန်ခေါ်မှုများ၊ အတွေ့အကြုံသစ်များနှင့်အတူ လျင်မြန်စွာကြီးထွားလာသောကုမ္ပဏီတစ်ခုဖြစ်တာကြောင့် ဒီဟက်(စ်)မြန်မာနှင့်အတူပူးပေါင်းလုပ်ကိုင်ရန်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ "သီရိ" အနေဖြင့် Country HR Manager ရာထူးဖြင့်လုပ်ကိုင်လျက်ရှိနေပါတယ်။

လေးစားလိုက်နာမှုနှင့်ပူးပေါင်းဆောင်ရွက်ခြင်း။

လုပ်ငန်းသဘောသဘာဝအရ ဌာနတစ်ခုနှင့်တစ်ခုပွင့်လင်းမြင်သာမှုရှိစွာပူးပေါင်းဆောင်ရွက်ရန်အထူးပင်အရေးကြီးလှပါတယ်။ လောလောဆယ်မှာတော့ ကျွန်မအနေနဲ့တိရစ္ဆာန်အစာထုတ်လုပ်ရေးနဲ့ အစားအစာထုတ်လုပ်ရေးကဏ္ဍနှစ်ခုလုံးအတွက် HR နဲ့ Admin Department တစ်ခုလုံးကို တာဝန်ယူထားပေးလျက်ရှိပါတယ်။ လုပ်ငန်းဆောင်တာများတွင် အလုပ်အကိုင်ဆိုင်ရာမူဝါဒများနှင့်လုပ်ထုံးလုပ်နည်းများ၊ အလုပ်လျှောက်ထားသူအသစ်ခေါ်ယူခြင်း၊ ဝန်ထမ်းများအားလုံးအတွက်လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၊ ဝန်ထမ်းစွမ်းဆောင်ရည်အကဲဖြတ်ခြင်း၊ လျော်ကြေးငွေနှင့် အကျိုးခံစားခွင့်များ၊ ဝန်ထမ်းများ၏ထိတွေ့ဆက်ဆံမှု၊ ကုမ္ပဏီ၏အမှတ်တံဆိပ်ကို မြှင့်တင်ပေးခြင်းနှင့်၊ အုပ်ချုပ်ရေးတာဝန်များအားလုံးကိုတာဝန်ယူဆောင်ရွက်ပေးလျက်ရှိနေပါတယ်။

ပိုမိုအဆင့်မြင့်သောလုပ်ငန်းခွင်တစ်ခုကိုဖန်တီးခြင်း။

ဝန်ထမ်းတွေဟာကုမ္ပဏီရဲ့ အရေးကြီးဆုံးနဲ့တန်ဖိုးအကြီးဆုံးပိုင်ဆိုင်မှုပါပဲ။
HR ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့အဖွဲ့အစည်းရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရုံသာမကသူတို့ရဲ့လုပ်ငန်းခွင်ခရီးတစ်လျှောက် ဝန်ထမ်းတွေရဲ့အတွေ့အကြုံကို မြှင့်တင်ပေးဖို့အတွက်လည်းပါဝင်ခွင့်ရတဲ့အတွက် ဒီဟက်(စ်)မြန်မာကိုလည်းကျေးဇူးတင်မိပါတယ်။ ကုမ္ပဏီ၏အစိတ်အပိုင်းတစ်ခုအဖြစ်ဝန်ထမ်းများ၏ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အမြဲတစေကာကွယ်စောင့်ရှောက်ပေးနေသည့် ဒီဟက်(စ်)မြန်မာနှင့်အတူလက်တွဲလုပ်ကိုင်ခွင့်ရနေတဲ့အတွက်လည်းများစွာဂုဏ်ယူမိပါသည်။