ကျွန်ုပ်တို့၏ဝန်ထမ်းများ။

သွယ်သွယ်မြင့်အောင် - Manager Sustainability and Business Development

04 အောက်တိုဘာ 2020
-
5 minutes

ဒီဟက်(စ်)မြန်မာ၏အစားအစာထုတ်လုပ်မှုကွင်းဆက်တွင် ရေရှည်တည်တံ့ခိုင်မြဲရေးသည် မည်သည့်အခန်းကဏ္ဍမှပါဝင်နေပါသလဲ။ ဒါ့အပြင်ပြည်တွင်း၌ဘေးကင်းပြီး ကျန်းမာသော အစားအစာများကိုရေရှည်တည်တံ့စွာထုတ်လုပ်မှုကိုမည်သို့တိုးမြှင့်နိုင်မလဲ။ ဒီဟက်(စ်)မြန်မာသည် ကျွန်ုပ်တို့၏မွေးမြူရေးလုပ်ငန်းဆိုင်ရာအသိပညာနှင့်ကျွမ်းကျင်မှုဆိုင်ရာ သမိုင်းကြောင်းများမှတစ်ဆင့်ဒေသခံအသိုင်းအဝိုင်းကိုမည်သို့ကူညီထောက်ပံ့မှုများပေးနိုင်မလဲ။ ယခုမေးခွန်းများအတွက် ဒီဟက်(စ်)မြန်မာမှ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့်စီးပွားရေးဖွံ့ဖြိုးမှုမန်နေဂျာ "မသွယ်သွယ်မြင့်အောင်" မှယခုလိုဖြေကြားပေးထားပါတယ်။

သူမနှင့်တွေ့ဆုံခြင်း။

မသွယ်သွယ်မြင့်အောင်အနေဖြင့် အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်နေသည့် ဒီဟက်(စ်)မြန်မာ၏စီမံကိန်းများဖြစ်သော SAPA, MMPIGS နှင့် PAP အစရှိသောစီမံကိန်းများတွင်အမြဲတမ်းတက်ကြွစွာပါဝင်လုပ်ဆောင်ရန်စိတ်အားထက်သန်နေသူတစ်ယောက်လည်းဖြစ်ပါသည်။ သူမအနေဖြင့် Responsible Feeding Program ၏အဓိကတာဝန်ရှိသူတစ်ဦးဖြစ်ပြီး သူမသည် (၂ဝ၁၈) ခုနှစ် နိုဝင်ဘာလတွင် ဒီဟက်(စ်)မြန်မာသို့ဝင်ရောက်ခဲ့ပြီး ပြည်တွင်းသာတွင်မက၊ ပြည်ပကဏ္ဍများအပြင် အစိုးရအဖွဲ့အစည်းများအကြားမဟာဗျူဟာချမှတ်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် စတင်လုပ်ဆောင်ခြင်းများတွင်အရေးကြီးသောအခန်းကဏ္ဍမှပါဝင်လုပ်ဆောင်ပေးလျက်ရှိနေပါသည်။

ရေရှည်တည်တံ့မှုရှိသောထာက်ပံ့ရေးကွင်းဆက်တစ်ခုတည်ဆောက်ခြင်း။

ဒီဟက်(စ်)မြန်မာ၏ ပင်မတန်ဖိုးများထဲမှတစ်ခုဖြစ်သည့် 'Responsible Feeding Programe' မှတစ်ဆင့်ဒေသတွင်းကုန်ကြမ်းတင်သွးသူများနှင့် မြန်မာနိုင်ငံရှိမွေးမြူရေးသမားများအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမည့်ရေရှည်တည်တံ့သောအစားအစာထုပ်လုပ်ရေး ကွင်းဆက်တစ်ခုတည်ဆောက်နေခြင်းအတွက်တစ်ကယ့်ကိုဂုဏ်ယူရကြောင်းကိုလည်းသူမမှပြောကြားပါတယ်။

မြန်မာ့မွေးမြူရေးသမားများအတွက်တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပြီးရေရှည်အကျိုးကျေးဇူးဖြစ်ထွန်းစေမည့်လုပ်ငန်းအစီအစဉ်များတွင်ပါဝင်ခွင့်ရတာဟာကျွန်မအတွက်တော့တစ်ကယ့်ကိုအခွင့်အရေးကောင်းတစ်ခုပါပဲ။ ဒါ့အပြင် ပရောဂျက်များကိုလုပ်ဆောင်ခြင်းဖြင့်၊ ကျွန်ုပ်နှင့်ကျွန်ုပ်တို့၏အဖွဲ့သည် ဟောပြောပွဲများ၊ လက်ဆင့်ကမ်းလေ့ကျင့်မှု၊ ဆွေးနွေးမှုများနှင့်လှုပ်ရှားမှုများမှတစ်ဆင့်သင်တန်းသားများအား ကျွန်ုပ်တို့၏စိတ်အားထက်သန်မှုနှင့်ဗဟုသုတများကိုမျှဝေနိုင်မည်ဖြစ်သည်။ ကျွန်မတို့ရဲ့အရေးကြီးသောသက်ဆိုင်သူများထံ ကျွန်ုပ်တို့ချဉ်းကပ်ပုံသည်ဈေးကွက်တွင် ဒီဟက်(စ်)မြန်မာအားထူးခြားစေသည်ဟုလည်းထင်မြင်ယူဆမိပါသည်။

ဘေးကင်းပြီးကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုလူတိုင်းလက်လှမ်းမှီနိုင်စေရန်ကြိုးပမ်းရပါမယ်။

ရေရှည်တည်တံ့သောအစားအစာထောက်ပံ့ရေးကွင်းဆက်တစ်ခုတည်ဆောက်ခြင်းသည် မြန်မာနိုင်ငံရှိ မွေးမြူရေးလုပ်ငန်းအတွက်ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့်အရေးကြီးသော အကြောင်းအရာတစ်ခုဖြစ်ကြောင်းသူမကဆက်လက်ပြောကြားပါတယ်။

"အစားအစာလိုအပ်မှုတွေမြင့်မားလာတာကကမ္ဘာ့နိုင်ငံအသီးသီးအတွက်ကြီးမားတဲ့စိန်ခေါ်မှုကြီးပါပဲ။ သဘာဝပတ်ဝန်းကျင်ကိုလည်းမထိခိုက်စေဘဲ နောင်လာနောင်သားတွေအတွက်အခက်အခဲအတားအဆီးတွေမရှိစေဘဲရေရှည်တည်တံ့စေနိုင်မယ့်အစားအစာထောက်ပံ့ရေးကွင်းဆက်တွေနဲ့အစားအစာထုတ်လုပ်ဖို့ဆိုတာပိုလို့တောင်ခက်ခဲပါသေးတယ်။ ဒါကြောင့်လည်းကျွန်မတို့မြန်မာနိုင်ငံမှာဒီလိုအစီအစဉ်တွေ၊ လှုပ်ရှားမှုတွေကိုယခုအချိန်ကတည်းကစတင်လုပ်ဆောင်နေရတာပါ။ ယခုလိုလုပ်ဆောင်လိုက်ခြင်းဖြင့်တစ်ဖက်မှာဘေးကင်းတဲ့အစားအစာတွေကိုရရှိသလို တစ်ဖက်မှာလည်းကုန်ကြမ်းတင်သွင်းသူများအတွက်အရည်အသွေးမြင့်တဲ့ကုန်တွေကိုရရှိစေမှာလည်းဖြစ်ပါတယ်။"

အနာဂတ်ရည်မှန်းချက်။

"ဒေသတွင်းထောက်ပံ့ရေးကွင်းဆက်၏အစိတ်အပိုင်းအားလုံးမှ အဓိကကျသောပုဂ္ဂိုလ်များနှင့် နီးနီးကပ်ကပ်လက်တွဲလုပ်ဆောင်ပြီးလုပ်ဖော်ကိုင်ဖက်များစီမှလည်းအရေးကြီးသည့်ပံ့ပိုးကူညီမှုနှင့်အားထုတ်မှုတို့ကိုဆောင်ကျဉ်းပေးခြင်းဖြင့်ဒီဟက်(စ်)မြန်မာ၏ရည်မှန်းချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ်လို့လည်းယုံကြည်ပါတယ်။" ဟု မသွယ်သွယ်မြင့်အောင်မှ ထပ်လောင်းပြောကြားခဲ့ပါတယ်။