ပင်မစာမျက်နှာ / အလုပ်အကိုင်အခွင့်အလမ်းများ / ဘာ့ကြောင့် De Heus ကိုရွေးချယ်သင့်တာလဲ...

ဘာ့ကြောင့် De Heus ကိုရွေးချယ်သင့်တာလဲ...

ရည်မှန်းချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်နှင့်စိတ်အားထက်သန်မှုတို့က ကျွန်ုပ်တို့ De Heus ဝန်ထမ်းတွေအတွက်အဓိကလည်းဖြစ်ပါသည်။ စွန့်ဦးတီထွင်လုပ်ကိုင်လိုစိတ်၊ ကတိကဝတ်နှင့်ခေါင်းဆောင်မှုများသည် ကုမ္ပဏီဖွံ့ဖြိုးတိုးတက်စေရန်အတွက်မရှိမဖြစ်လိုအပ်သောအချက်များဖြစ်သငည့်အပြင် ကုမ္ပဏီ၏အနာဂတ်အောင်မြင်မှုများအတွက်အဓိကသော့ချက်များလည်းဖြစ်ပါသည်။

ကျွနု်ပ်တို့အနေဖြင့် De Heus အတွက်မှန်ကန်သင့်တော်သော ဝန်ထမ်းများကို မည်ကဲ့သို့ရွေးချယ်ပါသနည်း?

ရှေးဦးစွာကျွနု်ပ်တို့အနေဖြင့် ဝန်ထမ်းရွေးချယ်ရာတွင် ကုမ္ပဏီ၏ယဉ်ကျေးမှုနှင့်ကိုက်ညီသောဝန်ထမ်းများကိုဦးစာပေးရွေးချယ်ပါသည်။ နောက်ပိုင်းတွင် အရည်အချင်းရှိသောဝန်ထမ်းများကို အကျိုးခံစားခွင့်ရရှိနိုင်ရေးအတွက်ဦးစားပေးဆောင်ရွက်ခြင်းများပြုလုပ်ပါသည်။ စိတ်အားတက်ကြွမှု ၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းရှိမှုနှင့်လုပ်ငန်းတိုးတက်ရေးအတွက် ကိုယ်ပိုင်အမြင်များကိုဖော်ပြနိုင်သူများအတွက် ဝမ်းမြောက်ဝမ်းသာစွာကြိုဆိုနေမှာလည်းဖြစ်ပါသည်။ ဒါ့အပြင်ကျွနု်ပ်တို့၏အဝယ်တော်များအတွက်စိတ်ကျေနပ်မှုရရှိစေရန်နေ့စဉ်နေ့တိုင်းကြိုးပမ်းလျက်ရှိသောဝန်ထမ်းများကိုလည်းအလိုရှိနေပါသည်။ အထက်ဖော်ပြပါအချက်များအတိုင်း အောင်မြင်စေရန်ကြိုးစားဆောင်ရွက်နေပြီး အလုပ်လုပ်ကိုင်ချင်စိတ်ဖြစ်ပေါ်စေသောလုပ်ငန်းခွင်မှတစ်ဆင့် ကျွနု်ပ်တို့၏ဝယ်ယူသူများအတွက်အကောင်းဆုံးသောဝန်ဆောင်မှုများကိုဖန်တီးပေးနိုင်စေရန်ပြုလုပ်ထားရှိပါသည်။

De Heus ၏နိုင်ငံတကာဆိုင်ရာစီးပွားရေးတိုးတက်မှုရည်မှန်းချက်များ

ကျွန်ုပ်တို့အနေဖြင့်လုပ်ငန်းများကိုချဲ့ထွင်နိုင်စေရန်အမြဲတစေကြိုးစားဆောင်ရွက်လျက်ရှိနေပါသည်။
မကြာသေးမီဆယ်စုနှစ်များအတွင်း ကျွနု်ပ်တို့ De Heus အနေဖြင့်နိုင်ငံတကာဈေးကွက်အတွင်းထိပ်တန်းအဆင့်နေရာသို့ရောက်ရှိလာနေခဲ့ပါသည်။
ဤအတောအတွင်းနိုင်ငံပေါင်း (၁၄) နိုင်ငံတွင် အစာစက်ရုံပေါင်း (၅ဝ)ကျော်တည်ဆောက်နိုင်ခဲ့ပြီး နိုင်ငံပေါင်း (၆ဝ) ကျော်သို့ကျွနု်ပ်တို့၏အရည်အသွေးမြင့်တိရစ္ဆာန်အစာများကိုတင်ပို့ရောင်းချနိုင်ခဲ့ပါသည်။ ဒါ့အပြင်နောက်ထပ်မြောက်များစွာသောအခွင့်လမ်းရရှိနိုင်သည့်အစာဈေးကွက်များကိုလည်းချဲ့ထွင်နိုင်ရန်ကြိုးစားဆောင်ရွက်လျက်ရှိနေပါသည်။ ကျွနု်ပ်တို့၏ရည်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်စေရန်အတွက် အသိပညာရှင်များ ၊ အတတ်ပညာရှင်များကိုလည်းလိုအပ်လျက်ရှိနေပါသည်။

ဒါကြောင့်ကျွနု်ပ်တို့အနေဖြင့် မိမိ၏အသက်မွေးဝမ်းကြောင်းကိုတိုးတက်အောင်မြင်စေရန်ရှာဖွေနေသည့် ကျွမ်းကျင်ပညာရှင်များကိုရှာဖွေလျက်ရှိနေတာလည်းပဲဖြစ်ပါသည်။

Working at De Heus

Learning and development

ကျွနု်ပ်တို့၏ဆောင်ပုဒ် (Powering Progress) ကကျွနု်ပ်တို့၏ဝယ်ယူသူဖောက်သည်များ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်စေရန်အတွက်တစ်ဖက်တစ်လမ်းမှကူညီပေးလျက်လည်းရှိနေပါသည်။

ဝယ်ယူသူဖောက်သည်များကိုအမြဲကူညီဖြည့်ဆည်းပေးနိုင်စေရန်အတွက် အရည်အချင်းပြည့်ဝသည့်ဝန်ထမ်းများကိုနေရာပေးခန့်အပ်ရန်အတွက်လည်းလိုအပ်ပါသည်။
ကျွနု်ပ်တို့ Company အတွင်း၌ဝန်ထမ်းများ၏လုပ်ကိုင်နိုင်စွမ်းများတိုးတက်လာစေရန်အတွက်အထူးဂရုပြုပေးလျက်လည်းရှိနေပါသည်။ အရည်အချင်းရှိသောဝန်ထမ်းများထံမှအမြင့်ဆုံးသောစွမ်းဆောင်ရည်များကိုရရှိနိုင်စေရန်အတွက် အကောင်းမွန်ဆုံးသောလုပ်ငန်းခွင်များကိုဖန်တီးပေးလျက်လည်းရှိနေပါသည်။ ဝန်ထမ်းတစ်ဦးချင်းစီအတွက်လက်ရှိလုပ်ကိုင်လျက်ရှိသောတာဝန်များကိုအကောင်းဆုံးထမ်းရွက်နိုင်စေရန်အတွက် လေ့ကျင့်ရေးနှင့်တိုးတက်ရေးသင်တန်းများကိုလည်းစဉ်ဆက်မပြတ်ထောက်ပံ့ပေးလျက်ရှိနေပါသည်။ De Heus Myanmar Ltd သည် Cooperation Organisation for Vocational Education နှင့် Training and the Labour Market (SBB) မှအသိအမှတ်ပြုထားသော ကုမ္ပဏီတစ်ခုလည်းပဲဖြစ်ပါသည်။

Recruitment

De Heus Myanmar Ltd အနေဖြင့်ဝန်ထမ်းများ၏တိုးတက်မှုများအတွက်လည်းအလေးပေးဆောင်ရွက်လျက်ရှိပါသည်။
ဝန်ထမ်းများကိုရွေးချယ်ခန့်ထားသည့်နေရာတွင်လည်းကုမ္ပဏီ၏အနာဂတ်စီမံကိန်းများ ရည်မှန်းချက်များနှင့်ကိုက်ညီမည့်သူများကိုရွေးချယ်ပြီးခန့်အပ်ပါသည်။ ကျွနု်ပ်တို့နှင့်လက်တွဲလုပ်ကိုင်မည့် ဝန်ထမ်းများသည်ဘာကြောင့် De Heus Myanmar တွင်အလုပ်လုပ်ကိုင်ရန်စိတ်အားထက်သန်ရပါလဲဆိုသည်ကိုကောင်းစွာသိရှိနားလည်အောင်ကျွနု်ပ်တို့ကိုယ်တိုင်သိရှိအောင်ပြုလုပ်ပြီး ၎င်းတို့နှင့်သင့်တော်မည့်လုပ်ငန်းခွင်များကိုဖန်တီးပေးလျက်ရှိနေပါသည်။ ထို့အပြင် ၎င်းတို့ကိုယ်တိုင်လည်းလုပ်ငန်းခွင်မှလေ့လာသင်ယူရရှိခဲ့သောအတွေ့အကြုံများကိုအခြေခံပြီးမိမိလုပ်ကိုင်လျက်ရှိသောလုပ်ငန်းပိုင်းဆိုင်ရာများကိုတိုးတက်အောင်လည်းသင်ကြားလေ့ကျင့်ပေးလျက်ရှိနေပါသည်။

မိမိ၏ကိုယ်ပိုင်အရည်အချင်းများကိုရှင်းလင်းစွာသိမြင်ခြင်းမှတစ်ဆင့်မှန်ကန်သောနေရာချထားပေးမှုများကိုလုပ်ဆောင်နိုင်ကြစေပြီး ပိုမိုတိုးတက်သောလုပ်ငန်းပိုင်းဆိုင်ရာများရရှိစေရန်လည်းအစဉ်အမြဲပြလုပ်ထားရှိပါသည်။