အလုပ်အကိုင်အခွင့်အလမ်းများအတွက်ကျွန်ုပ်တို့နှင့်ယခုပဲပေါင်းစည်းလိုက်ပါ။

ရလဒ်များကိုအဓိကအားဖြင့်ဖော်ဆောင်ခြင်း၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့်အလုပ်လုပ်ကိုင်ခြင်း၊ လေ့လာသင်ယူခြင်းနှင့်လုပ်ဖော်ကိုင်ဖက်အချင်းချင်းဆက်သွယ်ဆောင်ရွက်လုပ်ကိုင်ခြင်း။

အလုပ်အကိုင်အခွင့်အလမ်းများနှင့်ပတ်သတ်ပြီးအသေးစိတ်သိရှိလိုပါသလား?

မ "အဲမွန်ဖြိုး" နှင့်ဆက်သွယ်နိုင်ပါသည်။

DE HEUS MYANMAR မှကြိုဆိုပါသည်။

ကမ္ဘာ့လူဦးရေသည်အရှိန်အဟုန်ဖြင့်တိုးပွားလာလျက်ရှိနေတာကြောင့်စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများသည် ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှုကိုအတတ်နိုင်ဆုံးလျှော့ချရင်း ရေရှည်တည်တံ့ခိုင်မြဲသောနည်းလမ်းများဖြင့် ဘေးကင်းပြီးကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများထုတ်လုပ်မှုကိုမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဤစိန်ခေါ်မှုများကိုကိုင်တွယ်ဖြေရှင်းရာတွင်ကူညီပေးနိုင်မည့်သူများကိုအမြဲတမ်းရှာဖွေလျက်ရှိနေပါသည်။ ကျွန်ုပ်တို့၏ဖောက်သည်များဖြစ်သော အသား၊ ငါး၊ နို့နှင့် ဥများကိုထုတ်လုပ်သူများသည် ၎င်းတို့မွေးမြူထားသောတိရစ္ဆာန်များ၏ကျန်းမာရေးနှင့် အကောင်းဆုံးစွမ်းဆောင်ရည်ကိုသေချာစေမည့် အာဟာရဆိုင်ရာအယူအဆများနှင့်အကြံဉာဏ်များကိုကျွန်ုပ်တို့ထံမှရယူရန်စိတ်အားထက်သန်လျက်ရှိကြပါသည်။

အကယ်လို့များသင်သာကျွန်ုပ်တို့ကဲ့သို့ပင် စွန့်ဦးတီထွင်လုပ်ကိုင်ရန်စိတ်ဝင်စားသူတစ်ဦးဖြစ်ပြီးစိန်ခေါ်မှုအသစ်များကိုစိတ်ဝင်စားသူတစ်ဦးဖြစ်ပါက ကျွန်ုပ်တို့နှင့်အတူတူအလုပ်လုပ်ကိုင်ဖို့အတွက် လစ်လပ်လျက်ရှိသောရာထူးနေရာများကို အခုပဲဝင်ရောက်လေ့လာလိုက်ပါ။


ပြီးပြည့်စုံမည့်အလုပ်ကိုရှာဖွေပါ။

ဒီဟက်(စ်) သည် နိုင်ငံပေါင်း (၂ဝ) ကျော်တွင် ထုတ်လုပ်မှုတည်နေရာ (၈ဝ) ကျော်ရှိသော မိသားစုပိုင်ကုမ္ပဏီတစ်ခုအဖြစ်ရပ်တည်လုပ်ကိုင်လျက်ရှိနေပါသည်။

ကျွန်ုပ်တို့ကျွမ်းကျင်ပညာရှင်ပေါင်း (၈ဝဝဝ) ကျော်သည် ကျွန်ုပ်တို့၏ရည်မှန်းချက်နှင့်ရည်ရွယ်ချက်များကိုအကောင်အထည်ဖော်ဆောင်ရန်အတွက်နေ့စဉ်နှင့်အမျှကြိုးစားလုပ်ဆောင်ပေးလျက်ရှိနေပါသည်။

ကျွန်ုပ်တို့သည် တိရစ္ဆာန်အစာအာဟာရပိုင်းဆိုင်ရာများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်ပံ့ပိုးပေးလျက်ရှိနေသကဲ့သို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်ဝယ်ယူမှုဋ္ဌာန၊ ဘဏ္ဍာရေးနှင့် စာရင်းကိုင်လုပ်ငန်းဋ္ဌာနမှလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဋ္ဌာန၊ သတင်းအချက်အလက်နှင့်နည်းပညာဋ္ဌာန နှင့် ဈေးကွက်ရှာဖွေရေးအထိဋ္ဌာန ကွဲပြားသောကဏ္ဍများတစ်လျှောက် ကျယ်ပြန့်သောအလုပ်အကိုင်အခွင့်အလမ်းများကိုဖန်တီးပေးလျက်ရှိနေပါသည်။

Nutrition and R&D

Project management

Management

Production and Supply chain

Quality

Support

Purchasing

Commerce


သင်ယူလေ့လာခြင်းနှင့်ဖွံ့ဖြိုးတိုးတက်မှု

ကျွန်တော်တို့၏ဝန်ထမ်းများသည် ကျွန်တော်တို့၏တိုးတက်မှုအတွက်အဓိကမောင်းနှင်အားဖြစ်တယ်လို့ယုံကြည်ထားပါသည်။ ဒါကြောင့်သင့်ရဲ့တိုးတက်မှုအတွက်လည်းကျွန်တော်တို့ကတွန်းအားသဖွယ်ထောက်ပံ့ပေးနေဦးမှာပါ။

လျင်မြန်စွာကြီးထွားလာသောအဖွဲ့အစည်းတစ်ခုတွင် ကျွန်ုပ်တို့၏ဝန်ထမ်းများသည် ကျွန်ုပ်တို့၏ဗျူဟာများကိုအောင်မြင်စေရန်အတွက်တစ်ယောက်နှင့်တစ်ယောက်မတူညီသောကဏ္ဍမျိုးစုံဖြင့်ကူညီပေးလျက်ရှိနေကြပါတယ်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သင်၏အရည်အချင်းများကိုဖွံ့ဖြိုးတိုးတက်စေရန်၊ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာယဉ်ကျေးမှုတစ်ရပ်ကိုလည်းဖန်တီးပေးနိုင်စေရန်အတွက် ရင်းနှင်းမြှုပ်နှံမှုများပြုလုပ်ပေးလျက်ရှိပါသည်။