ပင်မစာမျက်နှာ / မှတ်တမ်းသိမ်းဆည်းခြင်းနှင့်ကိုယ်ရေးအချက်အလက်မူဝါဒ

မှတ်တမ်းသိမ်းဆည်းခြင်းနှင့်ကိုယ်ရေးအချက်အလက်မူဝါဒ

ကျွနု်ပ်တို့အနေဖြင့် De Heus Myanmar Website သို့ဝင်ရောက်ကြည့်ရှုသူများ၏ကိုယ်ရေးဆိုင်ရာအချက်အလက်များကိုလေးစားတန်ဖိုးထားပါသည်။
သင်ဖြည့်ဆည်းလိုက်သောအချက်အလက်များကိုသေချာစွာသိမ်းဆည်းထားရှိမှာပဲဖြစ်ပါတယ်။

သင်၏ကိုယ်ရေးအချက်အလက်များကိုအသုံးပြုခြင်း

သင်၏ကိုယ်ရေးဆိုင်ရာအချက်အလက်များကိုရယူပြီး သင်စိတ်ဝင်စားဖွယ်ရှိသောအကြောင်းအရာများကိုရွေးချယ်ပြသခြင်း၊ အင်တာနက်ကြေငြာချက်များပြုလုပ်ခြင်းစသည်တို့တွင်အသုံးပြုနိုင်စေရန်ဖြစ်ပါသည်။
ထိုမျှသာမက ကျွန်တို့၏သတင်းအချက်အလက်များကိုတောင်းဆိုထားသူများ မေးခွန်းများကိုမေးမြန်းထားသူများနှင့်ကျွနု်ပ်တို့၏ဟောပြောပွဲများကိုလာရောက်သူများ၏ကိုယ်ရေးအချက်အလက်များကို De Heus Myanmar Ltd အနေဖြင့်စုဆောင်းထားရှိပါသည်။ အထက်ပေါ်ပြပါအချက်အလက်များကို ကျွန်ုပ်တို့အနေဖြင့်ဝယ်ယူသူဖောက်သည်များအတွက်လျင်မြန်သောဝန်ဆောင်မှုများပေးအပ်နိုင်စေရန်နှင့်အချက်အလက်များသိမ်းဆည်းရန်ထားရှိပါသည်။
အထက်ဖော်ပြပါအချက်အလက်များကိုလက်ခံရရှိခြင်းမပြုလုပ်ပါကကျွနု်ပ်တို့၏အီးမေးလ်လိပ်စာဖြစ်သော aaron.aung@deheus.com ကိုပေးပို့တောင်းဆိုပယ်ဖျက်နိုင်ပါသည်။

သင်၏ကိုယ်ရေးအချက်အလက်များကိုရောင်းခြင်းမရှိပါ။

De Heus Myanmar Ltd အနေဖြင့်သင်၏ကိုယ်ရေးအချက်အလက်များကိုအခြားသောအဖွဲ့အစည်းများထံသို့ရောင်းချခြင်းလုံးဝမရှိပါ။
ကျွနု်ပ်တို့၏ဝန်ဆောင်မှုများကိုမြှင့်တင်ပေးနိုင်စေရန်ရည်ရွက်ချက်ဖြင့်သာအခြားသောအဖွဲ့အစည်းများထံသို့ခေတ္တသုံးစွဲပေးခြင်းမျိုးကိုသာပြုလုပ်ပါမည်။ ထိုကဲ့သို့သောပြုလုပ်ရာတွင်လည်း ၎င်းသက်ဆိုရာအဖွဲ့အစည်းကို
သင်၏ကိုယ်ရေးအချက်လုံခြုံမှုအတွက်သဘောတူညီမှုတစ်စုံပြုလုပ်ပေးမည်လည်းဖြစ်ပါသည်။

ကွတ်ကီးများ

De Heus Myanmar Ltd ဝက်ဆိုဒ်အနေဖြင့်ကွတ်ကီးများကိုချမှတ်ပါသည်။
ကွန်ပျူတာ သို့မဟုတ် မိဘိုင်းလ်ဖုန်း သို့မဟုတ် တက်ဘလက်များဖြင့်သုံးစွဲသူများသည် ကျွနု်ပ်တို့၏ဝက်ဆိုဒ်သို့ဝင်ရောက်ရာတွင် ကွတ်ကီးများချမှတ်ခြင်းကိုလက်ခံတွေ့ကြုံရမည်ဖြစ်ပါသည်။
ထိုကဲ့သို့ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကတော့

  • ဝက်ဆိုဒ်၏စာမျက်နှာအကူးအပြောင်းများကိုလျင်မြန်ချောမွေ့စေရန်
  • ဝက်ဆိုဒ်သို့လာရောက်ကြည့်ရှုသူများကိုသေချာစွာကြည့်ရှုမှတ်သားပြီး ပိုမိုကောင်းမွန်သောဝက်ဆိုဒ်အတွေ့အကြုံများဖန်တီးပေးနိုင်စေရန်
  • အွန်လိုင်းကြေငြာမှုများ၏ထိရောက်မှုကိုလေ့လာရန်တို့ပဲဖြစ်ပါသည်။

ကျွနု်ပ်တို့အနေဖြင့်ဖောက်သည်တစ်ယောက်ချင်းစီ၏ကိုယ်ရေးအချက်အလက်များကိုသုံးစွဲမည်မဟုတ်ဘဲ စုပေါင်းအချက်အလက်များကိုသာသုံးစွဲမည်ဖြစ်ပါသည်။

လုံခြံရေး

ကျွနု်ပ်တို့၏ဝယ်ယူသူဖောက်သည်များ၏ဝယ်ယူသည့်ပုံစံများ စိတ်ဝင်စားမှုပုံစံများကိုသာတိုးတာရန်၎င်းတို့၏အချက်အလက်များကိုသုံးစွဲခြင်းဖြစ်ပါသည်။
ဖောက်သည်များ၏အချက်အလက်များကိုသေချာစွာကိုင်တွယ်ပြီး လုံခြုံစိတ်ချရမှုရှိစေရန်အစွမ်းကုန်ကြိုးစားထိန်းသိမ်းပေးမည်ဖြစ်ပါသည်။

လင့်ခ်များ

ကျွနု်ပ်တို့ De Heus Myanmar Ltd ၏ဝက်ဆိုဒ်တွင်အခြားသောအဖွဲ့အစည်းများ၏ဝက်ဆိုဒ်လင့်ခ်များကိုလည်းဖော်ပြထားရှိပါသည်။
အဆိုပါလင့်ခ်များသို့ဝင်ရောက်ရာတွင်ဖြစ်ပေါ်လာသောအကျိုးဆက်များအတွက် De Heus Myanmar Ltd နှင့်သက်ဆိုင်ခြင်းလုံးဝမရှိပါ။ ဝင်ရောက်သူများအနေဖြင့်ထိုလင့်ခ်များ၏ဝက်ဆိုဒ်များတွင်ဖော်ပြထားသော လုံခြုံရေးဆိုင်ရာအချက်အလက်များဖြင့်သဘောတူညီမှုများကိုသွားရောက်ဖတ်ရှုထားရန်တိုက်တွန်းပါသည်။