ပင်မစာမျက်နှာ / ဆက်သွယ်ရန် / စာနယ်ဇင်းနှင့်မီဒီယာ

စာနယ်ဇင်းနှင့်မီဒီယာ

ကျွနု်ပ်တို့ Royal De Heus သည်နိုင်ငံတကာနှင့်ချိတ်ဆက်လုပ်ကိုင်လျက်ရှိသောကုမ္ပဏီတစ်ခုဖြစ်ပြီး အဓိကလုပ်ဆောင်ချက်များအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု၊ ကုန်ထုတ်လုပ်မှုနှင့်အရည်အသွေးမြင့်မားသောတိရစ္ဆာန်အစာများကိုထုတ်လျက်ဖြန့်ချိသွားနိုင်ဖို့ပဲဖြစ်ပါသည်။
၁၉၁၁ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သောကုမ္ပဏီတစ်ခုဖြစ်ပြီး လျင်မြန်စွာတိုးတက်လာကာယခုဆိုလျှင်နယ်သာလန်နိုင်ငံရှိတိရစ္ဆာန်အစာထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော ထိပ်တန်းကုမ္ပဏီများတွင်တစ်ခုအပါအဝင်ဖြစ်ပါသည်။ မိသားစုပိုင်ကုမ္ပဏီတစ်ခုအဖြစ်တိုးတက်လျက်ရှိနေရုံသာမက တစ်ဖက်မှာလည်းရင်းနှီးမြှုပ်နှံမှုများကိုဆက်တိုက်လုပ်ဆောင်ကာ စဉ်ဆက်မပြတ်တိုးတက်လျက်ရှိနေသောနိုင်ငံတကာအဆင့်ကုမ္ပဏီတစ်ခုလည်းပဲဖြစ်ပါသည်။

နယ်သာလန်နိုင်ငံတွင်းအောင်မြင်မှုများဆက်တိုက်ရရှိနေရာမှ ၁၉၉ဝ နှောင်းပိုင်းမှစတင်ကာနိုင်ငံတကာဈေးကွက်သို့ချဲ့ထွင်လာနိုင်ခဲ့ပါသည်။ နိုင်ငံတကာအဆင့်တွင်းလည်းလျင်မြန်စွာတိုးတက်လာခဲ့သည့်အပြင်ဈေးကွက်ဝေစုလျင်မြန်စွာရရှိလာခဲ့ကာ ယခုဆိုလျှင်တစ်ကမ္ဘာလုံးအနေဖြင့် တိရစ္ဆာန်အစာထုတ်လုပ်သည့်ထိပ်တန်းကုမ္ပဏီ (၁၅) ခုတွင်တစ်ခုအပါအဝင်အဖြစ်ရပ်တည်နိုင်နေပြီလည်းပဲဖြစ်ပါသည်။

နယ်သာလန်နိုင်ငံတွင်းသာမက ပိုလန်၊ ရုရှား၊ ချက်သမ္မတနိုင်ငံ၊ အီဂျစ်၊ အီသီယိုးပီးယား၊ တောင်အာဖရိက၊ ဘရာဇီး၊ ဗီယက်နမ်၊ စပိန်၊ ပေါ်တူဂီနှင့်ဆာဘီးယားနိုင်ငံများအပါအဝင်နိုင်ငံပေါင်း (၅ဝ) ကျော်တွင်တိရစ္ဆာန်အစာများထုတ်လုပ်ရောင်းချလျက်ရှိနေပြီပဲဖြစ်ပါသည်။ De Heus အနေဖြင့်တရုတ်နိုင်ငံဈေးကွက်အတွင်းတွင်လည်း Wellhope Agri-Tech ကုမ္ပဏီဖြင့်လည်းပူးပေါင်းဆောင်ရွက်ကာ တရုတ်ပြည်ဈေးကွက်အတွင်းတွင်လည်းအောင်မြင်စွာရပ်တည်လျက်ရှိနေပါသည်။ ကျွနု်ပ်တို့ Royal De Heus အနေဖြင့် ဥရောပတိုက်အရှေ့ပိုင်း၊ အာဖရိကနှင့်အရှေ့အလည်ပိုင်းဒေသများကဲ့သို့သော နိုင်ငံခြားတိုင်းပြည်များသို့ ရောစပ်စာများကိုတင်ပို့ရောင်းချခြင်းကိုလည်းပြုလုပ်ပေးလျက်ရှိနေပါသည်။ De Heus ကုမ္ပဏီအနေဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာတွင် ဝန်ထမ်းပေါင်း (၄၂ဝဝ) ကျော်ကိုအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးထားနိုင်ခဲ့ပြီးဖြစ်ပါသည်။ Royal De Heus ကုမ္ပဏီရုံးချုပ်ကို နယ်သာလန်နိုင်ငံ Ede မြို့တွင်ဖွင့်လှစ်ထားရှိပါသည်။

ဒေါင်းလုပ်ဒ်များ

ကျွနု်ပ်တို့၏ Press Center ကိုသွားရောက်လေ့လာပြီး ဓာတ်ပုံများ ၊ ဗွီဒီယိုများနှင့်အခြားသောစိတ်ဝင်စားဖွယ်ရာအချက်အလက်များကိုတောင်းဆိုလေ့လာနိုင်ပါသည်။