ကျွန်တော်တို့အတွက်တော့ နေ့တိုင်းဟာ "ကမ္ဘာ့စားနပ်ရိက္ခာနေ့" ပါပဲ။

16 အောက်တိုဘာ 2020
-
4 minutes

အောက်တိုဘာလ (၁၆) ရက်နေ့သည် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအေဂျင်စီ (FAO) ၏ (၇၅) နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ ကံမကောင်းစွာနဲ့ပဲ (၇၅) နှစ်ကျော်တိုင်အောင်ကမ္ဘာ့နိုင်ငံအနှံ့အပြားရှိများစွာသောလူများသည် ဆာလောင်မွတ်သိပ်မှုဒဏ်ကိုခံနေရဆဲဖြစ်ပါသည်။ (၂ဝ၁၇) ခုနှစ်တွင် လူသန်း (၈ဝဝ) ကျော် အာဟာရချို့တဲ့နေဆဲဖြစ်သည်။ ဒါ့အပြင်ပြီးခဲ့သည့်နှစ်များအတွင်း Covid-19 ကပ်ရောဂါသည် ကမ္ဘာတစ်ဝှမ်းရှိ စားနပ်ရိက္ခာထောက်ပံ့ရေးကွင်းဆက်များအပေါ်ဖိအားများပိုမိုတိုးပွားလာစေခဲ့ပြန်ပါသည်။

ကျွန်ုပ်တို့အနေဖြင့်ကမ္ဘာတစ်ဝှမ်းလုံးတွင်ဘေးကင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုရေရှည်ရရှိနိုင်စေရန်နှင့်လက်လှမ်းမီနိုင်စေရန်အတွက်ပံ့ပိုးကူညီလိုပါသည်။ ကျွန်ုပ်တို့သည် ဥရောပ၊ တောင်အမေရိက၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှရှိ နိုင်ငံပေါင်း (၇၅) နိုင်ငံကျော်တွင်မွေးမြူရေးလုပ်ငန်းရှင်များအတွက် အသင့်ကျွေးအစာများ၊ ရောစပ်စာများ၊ ပရီမစ်(စ်)များနှင့် အထူးထုတ်အစာများကိုထုတ်လုပ်ပေးလျက်ရှိနေပါတယ်။ ကျွန်ုပ်တို့၏ဖောက်သည်များဖြစ်သော အသား၊ ငါး၊ နို့နှင့် ဥထုတ်လုပ်သူများ- ၎င်းတို့၏တိရစ္ဆာန်များကို ပြုစုစောင့်ရှောက်ရန်လိုအပ်သောထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့်အတူ တိုးပွားလာသောကမ္ဘာ့လူဦးရေအတွက် ဘေးကင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကိုလက်လှမ်းမီနိုင်စေရန်ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှအကောင်းဆုံးလုပ်ဆောင်နေပါသည်။

သက္ကရာဇ် ၂ဝ၅ဝ နှင့် လူဦးရေ (၉.၈) ဘီလီယံ။

ကမ္ဘာ့လူဦးရေသည် ၂ဝ၅ဝ ခုနှစ်တွင် ခန့်မှန်းခြေ (၉.၈) ဘီလီယံအထိတိုးလာမည်ဖြစ်ပြီး ၎င်းသည် စားနပ်ရိက္ခာလိုအပ်ချက် ၅၆ ရာခိုင်နှုန်းတိုးလာစေပြီး အသားနှင့်ဥအမျိုးမျိုးလိုအပ်ချက် (၇ဝ) ရာခိုင်နှုန်းတိုးလာမည်ဖြစ်သည်။ ထို့ကြောင့်လာမည့် ၂ဝ၅ဝ ခုနှစ်တွင် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများလုံလောက်စွာထုတ်လုပ်နိုင်ရန်ကြိုးပမ်းသွားရမည်ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိစိုက်ပျိုးရေးလုပ်ကိုင်နိုင်သောမြေဆီလွှာများ၏တစ်ဝက်ခန့်ကိုလက်ရှိစိုက်ပျိုးရေးလုပ်ငန်းများတွင်အသုံးချခဲ့ပြီးဖြစ်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု၏လေးပုံတစ်ပုံသည်လည်းယင်းစိုက်ပျိုးရေးလုပ်ငန်းများမှထုတ်လွှတ်နေလျက်ရှိပါတယ်။ ကျွန်ုပ်တို့၏အဓိကဆိုလိုချက်ကတော့ မြေဆီလွှာအဆမတန်သုံးစွဲမှုနှင့်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတို့ကိုလျှော့ချရမှာဖြစ်ပြီး တစ်ဖက်မှာလည်းတိရစ္ဆာန်အခြေခံအစားအစာများဖြစ်သော အသားနှင့်ဥအမျိုးမျိုးတို့ကိုလုံလောက်စွာထုတ်လုပ်နိုင်ရန်အတွက်ကြိုုးစားသွားရမှာပဲဖြစ်ပါတယ်။