အခမဲ့မျက်စိစမ်းသပ်စစ်ဆေးပေးခြင်းနှင့်မျက်မှန်များထောက်ပံ့လှူဒါန်းပေးအပ်ခြင်း။

08 ဖေဖော်ဝါရီ 2024
-
4 minutes

one eye doctor is checking a person by using eye screening machine.

မျက်စိစမ်းသပ်စစ်ဆေးပေးခြင်းနှင့်မျက်မှန်များထောက်ပံ့ပေးအပ်ခြင်း။

ဒီဟက်(စ်)မြန်မာစက်ရုံဝန်ထမ်းများနှင့်ဝန်ထမ်းများ၏မိသားစုဝင်များအား မျက်စိစမ်းသပ်စစ်ဆေးပေးခြင်းနှင့်မျက်မှန်များထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာရှိ ဒီဟက်(စ်)အစာစက်ရုံတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ 

"ဝန်ထမ်းများသည် ကုမ္ပဏီ၏အဓိကအသက်သွေးကြော"

ဝန်ထမ်းများသည် ကုမ္ပဏီ၏အဓိကအသက်သွေးကြောဟုဆိုကြသည့်အတိုင်း ဝန်ထမ်းများကျန်းမာရေးကောင်းမွန်ပြီး အလုပ်များကိုပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်နိုင်မှသာ ကုမ္ပဏီသည်လည်းရေရှည်တိုးတက်မှုများကိုရရှိနိုင်မှာပဲဖြစ်ပါသည်။ ဝန်ထမ်းများမရှိဘဲ ကုမ္ပဏီဆိုသည်မှာလည်းရှိလာနိုင်မည်မဟုတ်ပါ။ မွေးမြူရေးအစာစက်ရုံမှဝန်ထမ်းများဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအတွက်နေ့စဉ်လိုအပ်လျက်ရှိနေသည့် အသားတိုးကြက်စာ၊ အသားတိုးဝက်စာနှင့်မျိုးဝက်မအစာ၊ ငုံးစာနှင့်ငါးစာများ စသည်ဖြင့် အသားနှင့်ငါးမွေးမြူရေးကဏ္ဍများအတွက်နေ့စဉ်ကြိုးစားလုပ်ဆောင်ပေးနေကြသည့် ဝန်ထမ်းများ၏ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများထဲမှတစ်ခုကို ဒီဟက်(စ်)မြန်မာလီမိတက်မှပံ့ပိုးပေးခြင်းလည်းဖြစ်ပါသည်။ 

two factory workers are sitting on the chairs and holding booklets.

"ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းစောင့်ရှောက်မှုများ"

ယခုကဲ့သို့ဝန်ထမ်းများ၏ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများကိုနှစ်စဉ်ပြုလုပ်ပေးသွားမည်ဖြစ်သကဲ့သို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းစောင့်ရှောက်မှုများကိုလည်း ဒီဟက်(စ်)မြန်မာအနေဖြင့်အမြဲမပြတ်ကြိုးစားဆောင်ရွက်ပေးသွားမှာလည်းပဲဖြစ်ပါသည်။