အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်(ဘ်)တွင် ဒီဟတ်(စ်) တိရစ္ဆာန်အစာစက်ရုံအသစ်ဖွင့်လှစ်ခြင်း။

29 စက်တင်ဘာ 2025
-
5 minutes

De Heus Animal Nutrition ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော De Heus India သည် Punjab၊ Rajpura တွင် တိရစ္ဆာန်အစာစက်ရုံအသစ်ကို ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ (၃ဝ) ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပါသည်။ ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ 17 သန်းဝန်းကျင်ဖြင့် တည်ဆောက်ထားသော အဆိုပါ စက်ရုံသည် အိန္ဒိယတွင်အကြီးမားဆုံးနှင့်ခောတ်အမီဆုံးစက်ရုံတစ်ခုဖြစ်လာမည်ဖြစ်ပြီး တစ်နှစ်လျှင်အစာတန်ချိန်ပေါင်း (၁၈၀,၀၀၀) မက်ထရစ်တန်မှ (၂၄၀,၀၀၀) မက်ထရစ်တန်အထိ ထုပ်လုပ်သွားနိုင်မည်ဖြစ်ပါသည်။ အဆိုပါ စက်ရုံမှ နွား၊ ကျွဲ၊ ကြက်နှင့်ဝက်များအတွက် သီးသန့်အစာထုတ်လုပ်မှုလိုင်းများရှိနေမှာဖြစ်ပြီး ဥရောပစံချိန် စံညွှန်းများဖြင့် အရည်အသွေးမြင့်တိရစ္ဆာန်အစာများကို စနစ်တကျထုတ်လုပ်ပေးသွားမည်ဖြစ်သည်။

De Heus India modern animal feed mill with silos, production plant, and truck loading area.

တိုးတက်မှုနှင့်အတူ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှု၏ပြယုဂ်။

အုတ်မြစ်ချ ပန္နက်တင် မင်္ဂလာအခမ်းအနားအပြီး နှစ်နှစ်တိတိပြည့်သည့်အချိန် ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ် Mr. Bhagwant Singh Mann သည် အိန္ဒိယနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံသံအမတ်ကြီး မစ္စ Marisa Gerards၊ အိန္ဒိယ၊ နီပေါနှင့် ဘူတန်နိုင်ငံ သံအမတ်ကြီးများ၊ ဝန်ကြီးများ၊ MLA များ၊ အစိုးရ အကြီးတန်း အရာရှိများ၊ De Heus ၏ ထိပ်တန်းစီမံခန့်ခွဲရေးဆိုင်ရာပုဂ္ဂိုလ်များနှင့်အတူ ဒီဟတ်(စ်) အန္ဒိယ တရစ္ဆာန်အစာထုတ်လုပ်ရေးစက်ရုံဖွင့်ပွဲသို့ပြန်လည်ရောက်ရှိလာခဲ့ကြပါသည်။

ဝန်ကြီးချုပ် "Mann" သည် အလုပ်အကိုင်များ ဖန်တီးပေးကာ ဒေသခံ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များကို ပံ့ပိုးပေးပြီး စိုက်ပျိုးရေးကဏ္ဍတွင် ဆန်းသစ်တီထွင်မှုကို တွန်းအားပေးသည့် ရင်းနှီးမြှုပ်နှံများကိုကြိုဆိုကြောင်းလည်းပြောကြားခဲ့ပါသည်။ သံအမတ်ကြီး Gerards ကလည်း နယ်သာလန်နှင့် အိန္ဒိယကြား ကြီးထွားလာသော စီးပွားရေးနှင့်မွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မီးမောင်းထိုးပြပြီး တိုးတက်လာသောမိတ်ဖက်ဆက်ဆံရေးအတွက်လည်း ချီးကျူးဂုဏ်ပြုခဲ့ပါသည်။ Rajpura စက်ရုံသည် အလုပ်အကိုင်ပေါင်း (၃၀၀) ကျော်ကို ဖန်တီးပေးနိုင်မှာဖြစ်ပြီး ရာနှင့်ချီသော ပြည်တွင်းမှကုန်ကြမ်းပေးသွင်းသူများနှင့်ဆက်စပ်လုပ်ကိုင်သူများအတွက် အလုပ်အကိုင်များနှင့်စီးပွားရေ အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်လည်း မျှော်လင့်ထားပါသည်။ ပြည်တွင်း၌ပင် ကုန်ကြမ်းများရရှိနိုင်သောကြောင့် စက်ရုံသည် ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများကိုလည်းပိုမိုတိုးတက်စေကာ စီးပွားဆိုင်ရာအခွင့်အလမ်းများဖြစ်ပေါ်လာစေနိုင်မှာလည်းပဲဖြစ်ပါသည်။

ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr. Co De Heus က ကုမ္ပဏီသည် အရည်အသွေးမြင့် အာဟာရများပေးအပ်ရန်နှင့် De Heus ၏ ကမ္ဘာလုံးဆိုင်ရာကျွမ်းကျင်မှုများကို အိန္ဒိယ မွေးမြူရေးလုပ်ငန်းရှင်များနှင့်မျှဝေရန် ကတိပြုထားကြောင်း၊ ပန်ဂျပ်တွင် ရင်းနှီးမြုပ်နှံခြင်းဖြင့် De Heus သည် ဒေသတွင်း စိုက်ပျိုးရေးကို ပံ့ပိုးရန်နှင့် အိန္ဒိယ၏ မွေးမြူရေးကဏ္ဍ၏ ရေရှည်တည်တံ့သော တိုးတက်မှုအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားကြောင်းလည်းပြောကြားခဲ့ပါသည်။ 

De Heus India ၏ မန်နေးဂျင်းဒါရိုက်တာ Mr. Rutger Oudejans က ဒီဟတ်(စ်) အန္ဒိယ အစာစက်ရုံကိုဖွင့်လှစ်လိုက်ခြင်းဖြင့် မွေးမြူရေးဆိုင်ရာ ဗဟုသုတများကိုဖြန့်ဝေခြင်း၊ အရည်အသွေးကောင်းမွန်တည်ငြိမ်သော တိရစ္ဆာန်အစာများကိုထုတ်လုပ်ပေးနိုင်ခြင်း၊ ခြံအရောက်ဝန်ဆောင်မှုများနှင့်မွေးမြူရေးဆိုင်ရာဝန်ဆောင်မှုများအတွက် ဆောင်ရွက်ထားကြောင်းလည်းပြောကြားပါသည်။

ယခုရင်းနှီးမြှုပ်နှံမှုမှတဆင့် ဒီဟတ်(စ်)သည်  အာဟာရပြည့်ဝသောအစားအစာများဖြစ်ပေါ်လာစေရန် ပံ့ပိုးပေးရုံသာမကဘဲ ကမ္ဘာလုံးဆိုင်ရာ ကျွမ်းကျင်မှု၊ လက်တွေ့ကျသောမွေးမြူရေးဆိုင်ရာ အကြံဉာဏ်များနှင့်ဆန်းသစ်သောဝန်ဆောင်မှုများကိုပေးအပ်ခြင်းဖြင့် အမှီအခိုကင်းသောမွေးမြူရေးလုပ်ငန်းရှင်များဖြစ်ပေါ်လာစေရန်ပံ့ပိုးပေးလျက်ရှိနေပါသည်။ 

ထိုသို့လုပ်ဆောင်ခြင်းဖြင့် အန္ဒိယနိုင်ငံရှိမွေးမြူရေးလုပ်ငန်းရှင်များသည် လုပ်ငန်းပိုင်းဆိုင်ရာပိုမိုကျွမ်းကျင်လာပြီး အစားအသောက်ထုတ်လုပ်ရေးကွင်းဆက်တလျှောက်လုံးတွင် ၎င်းတို့၏ရပ်တည်ချက်ကို အားကောင်းလာစေရန်နှင့် ဘေးကင်းပြီး အာဟာရပြည့်ဝသော တိရစ္ဆာန်ပရိုတင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်မှန်းထားပါသည်။ ဒါ့အပြင် သာဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိဘဲ ရေရှည်တည်တံ့သောနည်းလမ်းများကိုတတ်နိုင်သမျှအသုံးပြုကာဆောင်ရွက်ခြင်းး (ဥပမာအားဖြင့် ဇီဝလောင်စာဘွိုင်လာကို အသုံးပြုပြီး အဆင့်မြင့် ရေနွေးငွေ့နှင့်ရေကို ပြန်လည်အသုံးပြုခြင်းဖြင့် ဖြစ်နိုင်သမျှရေရှည်တည်တံ့သောနည်းလမ်းဖြင့် ထုတ်လုပ်သွားရန် De Heus အနေဖြင့် ကတိကဝတ်ပြုထားပြီးလည်းဖြစ်ပါသည်။

 


အန္ဒိယ (သို့မဟုတ်) ဒီဟတ်(စ်)အာရှ၏ အဓိကအစိတ်အပိုင်းတစ်ခု။

ဒီဟတ်(စ်) အန္ဒိယအနေဖြင့် တိရစ္ဆာန်အစာထုတ်လုပ်ရေးလုပ်ငန်းများတွင် အသေးစားလည်ပတ်မှုများဖြင့် ကနဦးစတင်ခဲ့ပေမယ့်အခုအချိန်မှာတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ကုန်ထုတ်စွမ်းအားမြင့်စက်ရုံတစ်ခုအနေဖြင့်စတင်လည်ပတ်နေပြီပဲဖြစ်ပါသည်။

အိန္ဒိယနိုင်ငံသည် ကုမ္ပဏီ၏ကမ္ဘာလုံးဆိုင်ရာနှင့် အာရှရည်မှန်းချက်များအတွက် အဓိကပါဝင်နေသလို ၎င်း၏ ဖွံ့ဖြိုးတိုးတက်လာလျက်ရှိသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကို အစားအစာများထောက်ပံ့ပေးရာတွင် မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်လို့ Co De Heus ကလည်း အလေးပေးပြောကြားခဲ့ပါသည်။ 

Royal De Heus အနေဖြင့် သုတေသန၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ဆက်လက်ရင်းနှီးမြှုပ်နှံပြီး အိန္ဒိယ၏ မွေးမြူရေးကဏ္ဍတိုးတက်မှုနှင့်သာယာဝပြောရေးကို အားဖြည့်ပေးသွားမှာလည်းဖြစ်ပါသည်။ 

De Heus India modern animal feed mill with silos, production plant, and truck loading area.