ဒီဟက်(စ်)သည် မြန်မာ့ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူဖြစ်စေခဲ့ပါသည်။

26 နိုဝင်ဘာ 2019
-
3 minutes

(၂ဝ၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ဒီဟက်(စ်)မြန်မာလီမိတက်သည် မြန်မာနိုင်ငံတွင် အထူးသီးသန့်ငါးမွေးမြူရေးအစာစက်ရုံဖွင့်ပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုအစာစက်ရုံဖွင့်လှစ်ခြင်းမှစတင်ပြီး ငါးမွေးမြူရေးလုပ်ငန်းများအတွက်သာမက မြန်မာ့ရေထွက်ကုန်လုပ်ငန်းများအတွက် အရည်အသွေးမြင့်မားပြီးငါးမွေးတောင်သူများလက်လှမ်းမီနိုင်စေမည့်အစာများကိုထောက်ပံ့ပေးအပ်သွားနိုင်ရန်ရည်ရွယ်ပါသည်။

ဒီဟက်(စ်)မြန်မာလီမိတက်၏ Managing Director တစ်ဦးဖြစ်သော Mr. Takanobu Hama ကလည်း "ဒီဟက်(စ်)မြန်မာအနေဖြင့် ရန်ကုန်တွင်တိရစ္ဆာန်အစာစက်ရုံတစ်ရုံတည်ဆောက်နိုင်ခဲ့ပြီးနောက် (၃) နှစ်အကြာတွင် နောက်ထပ်တိရစ္ဆာန်အစာစက်ရုံတစ်ခုကို မန္တလေးမြို့ (မြို့သာစက်မှုဝန်း) တွင်တည်ဆောက်နိုင်ခဲ့ပါတယ်။
ယခုတွင်လည်း ငါးစာစက်ရုံအသစ်ကြီးကိုရန်ကုန်မြို့တွင်တည်ဆောင်နိုင်ခဲ့ပြီး ဒါဟာဒီဟက်(စ်)မြန်မာအတွက်သာမက မြန်မာနိုင်ငံအတွက်လည်းဂုဏ်ယူစရာတိုးတက်ဖြစ်ထွန်းမှုတစ်ခုအဖြစ်အသိအမှတ်ပြုရမှာပဲဖြစ်ပါတယ်။" လို့ပြောကြားခဲ့ပါတယ်။

ယခုတည်ဆောက်လိုက်သာငါးစာစက်ရုံအသစ်ကြီးသည် မှော်ဘီမြို့နယ်၊ မြောင်းတကာသံမဏိစက်မှုဇုန်တွင်တည်ရှိပြီး တစ်နှစ်လျှင်ငါးစာတန်ချိန်ပေါင်း (၂ဝဝ,ဝဝဝ) ခန့်ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါသည်။

"မြန်မာနိုင်ငံ၏တိရစ္ဆာန်အစာထုတ်လုပ်ခြင်းလုပ်ငန်းများသည်အရှိန်အဟုန်ဖြင့်တိုးတက်ဖွံ့ဖြိုးလျက်ရှိနေပြီး ကျွန်တော်တို့၏အဓိကရည်ရွယ်ချက်သည်လည်းအရည်အသွေးမြင့်မားသည့်မွေးမြူရေးအစာများကိုမြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များအတွက်အချိန်မီဖြန့်ဖြူးပို့ဆောင်ပေးနိုင်စေရေးပဲဖြစ်ပါတယ်။" ဟု ဒီဟက်(စ်)မြန်မာ၏ Managing Director တစ်ဦးဖြစ်သူ Mr. Takanobu Hama မှပြောကြားပေးခဲ့ပါသည်။

Royal De Hues ၏ CEO တစ်ဦးဖြစ်သော Koen De Heus မှလည်း "ကျွန်တော်တို့အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိစေမည့် အစာများကိုထုတ်လုပ်ပေးနိုင်မှာဖြစ်သည့်အတွက်တစ်ကယ့်ကိုဂုဏ်ယူမိပါတယ်။ ဥပမာအားဖြင့်ရေပေါ်အစာများကိုအသုံးပြုခြင်းသည် ငါးများ၏ကျန်းမာရေးကို အထောက်အကူပြုပြီးကြီးထွားမှုနှုန်းကို အရှိန်မြှင့်ပေးသည့်ရေထုညစ်ညမ်းမှုကို လျော့နည်းစေပြီးဒေသခံများအတွက်ပိုမိုကောင်းမွန်သောဝင်ငွေကိုလည်းရရှိစေနိုင်မှာပဲဖြစ်ပါသည်။

Royal De Heus ၏ အာရှ ဒါရိုက်တာတစ်ဦးဖြစ်သော Gabor Fluit ကလည်း "မိသားစုပိုင်ကုမ္ပဏီတစ်ခုအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ကူညီထောက်ပံ့ပေးနေရခြင်းကိုကျွန်တော်တို့တန်ဖိုးထားပါတယ်။ ကျွန်ုပ်တို့၏ခြံအရောက်ဝန်ဆောင်မှုများသည် မြန်မာ့မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးချင်းစီ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိစေရန် အထူးပြုလုပ်ဆောင်ထားခြင်းလည်းဖြစ်ပါသည်။ ထိုမှတဆင့်မြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များအတွက်ပိုမိုကောင်းမွန်သောမွေးမြူရေးလုပ်ငန်းစဉ်များနှင့်ပိုမိုသောအကျိုးအမြတ်များရရှိစေရန်ဖန်တီးပေးနိုင်မှာလည်းဖြစ်ပါသည်။ ဒါကြောင့်ယခုလိုဒီဟက်(စ်)မြန်မာ၏ တတိယမြောက်အစာစက်ရုံကိုတည်ဆောက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။"